ဒီတစ်ပတ်မှာ တော့  v-ing တိုက်ရိုက် လိုက်ရမည့် adjective နဲ့ phrase (စကားစု) တွေကို ဆက်လက် ရေးသားလိုက်ပါတယ်။

Busy + -ing
-       He was busy to revise the exam. ×
-       He was busy revising the exam.
သူက စာမေးပွဲအတွက် စာပြန်နွှေးတာနဲ့ အလုပ်ရှုပ်နေတယ်။

Worth + -ing
-       Is today’s film worth to see? ×
-       Is today’s film worth seeing?
ဒီနေ့ ရုပ်ရှင်က ကြည့်ဖို့ ထိုက်ရဲ့လား

Have difficulty in + -ing
-       She has no difficulty to do it. ×
-       She has no difficulty in doing it.√  (or)
သူ(မ) ဒါကို လုပ်ရတာ ဘာမှ အခက်အခဲမရှိဘူး။

Have the pleasure of + -ing
-       I had the pleasure to meet him. ×
-       I had the pleasure of meeting him.
သူ့ကို  တွေ့ရတာ ဝမ်းသာတယ်။ ဒါ့အပြင် “take the pleasure in” ဆိုတဲ့ ပုံစံနဲ့လည်း သုံးနိုင်ပါတယ်။ ဥပမာ -
He takes great pleasure in helping others.
သူက အခြားသူတွေကို ကူညီပေးရတာကို ပျော်ရွှင် ကျေနပ်တယ်။

It is no use + -ing
-       It is no use to cry like a bay. ×
-       It is no use crying like a bay.
ကလေးတစ်ယောက်လို အော်ဟစ် ငိုကြွေးနေလို့ကတော့ ဘာမှ အကျိုးမရှိဘူး

It is no good + - ing
-       It is no good to get angry. ×
-       It is no good getting angry.
စိတ်ဆိုးဒေါသထွက်နေလို့လည်း ဘာမှ အကျိုးမရှိဘူး။
Look forward to + -ing
-       I look forward to see him soon. ×
-       I look forward to seeing him soon.
မကြာခင် သူ့ကို တွေ့ရမယ်လို့ မျှော်လင့်တယ်။

There is no harm in + -ing
-       There is no harm to visit her now. ×
-       There is no harm in visiting her now.
သူ(မ)ဆီကို ခုသွားလယ် လို့ ဒုက္ခပေးသလို မဖြစ်ပါဘူး။

V-ng (or) Gerund ကို ဖော်ပြပါ အခြေအနေတွေမှာ အသုံးပြုနိုင်ပါတယ်။
-       ယခင် ရေးခဲ့တဲ့ စာစုတွေမှာ ဖော်ပြပြီးဖြစ်တဲ့ preposition တွေရဲ့ နောက်မှာ infinitive မသုံးဘဲ gerund ကိုသာ သုံးပါတယ်။
-       Avoid, enjoy, finish, stop, risk, excuse စတဲ့ ဖော်ပြပြီး ကြိယာ (verb) တွေရဲ့ နောက်မှာလည်း gerund ကိုသာ အသုံးပြုပါတယ်။
-       Adjective တွေဖြစ်တဲ့ busy နဲ့ worth ရဲ့ အနောက်မှာလည်း infinitive မသုံးရဘဲ gerund ကို သုံးပါတယ်။
-       it’s no use,  it’s no good, I can’t help, would you mind, look forward to စတဲ့ စကားစုတွေရဲ့ နောက်မှာလည်း gerund ကို အသုံးပြုပါတယ်။
-       begin, like, dislike, hate, love, prefer စတဲ့ အချို့သော ကြိယာ (verb) တွေရဲ့ နောက်မှာတော့ infinitive နဲ့ gerund (၂) မျိုးလုံး အသုံးပြုနိုင်ပါတယ်။

Gerund နဲ့ infinitive အကြောင်းကို တော့ ဒီတစ်ပတ်မှာ ရပ်နားလိုက်ပါတယ်၊ နောက်တစ်ပတ်မှာ Tense (ကာလ) နဲ့ ပတ်သက်လို့ မှားယွင်းသုံးမိ တတ်တဲ့ အကြောင်းတွေကို ဆက်လက် ရေးသားပါဦးမယ်။


အင်္ဂလိပ်ဘာသာစကား လေ့လာသူတွေ မှန်မှန်ကန်ကန် အသုံးပြုနိုင်ကြပါစေ ……

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top