AELC ဆိုတာ ဘာလဲ … ?
*******************
၂၀၁၃ ခုနှစ်မှာ စတင်ခဲ့တဲ့ သင်တန်းသား/သူပေါင်း ၈၀၀၀ ကျော် စာရင်းပေးသွင်း တက်ရောက်ခဲ့တဲ့ မြန်မာပြည်ရဲ့ ပထမဦးဆုံးသော အင်္ဂလိပ်ဘာသာစကား အွန်လိုင်း အခမဲ့ သင်တန်းက အခြေပြုပြီး စတင်တည်ထောင်ခဲ့တဲ့ Acuity English Language Center အင်္ဂလိပ်ဘာသာစကား သင်တန်း ဖြစ်ပါတယ်…။

ဘယ်သူသင်တာလဲ …. ?
*******************
အင်္ဂလိပ်ဘာသာ စကား ဆရာ လူငယ် စာရေးသူ ဆရာအောင်ကိုဦး ကိုယ်တိုင် နဲ့ အခြားသော သင်ကြားရေး အတွေ့အကြုံ ရှိ ပြီး AELC က စနစ်တကျ လေ့ကျင့်ထားတဲ့ ဆရာ/ ဆရာမများ သင်ကြားပါတယ် … ။
ဆရာအောင်ကိုဦး ဟာ အင်္ဂလိပ်ဘာသာစကား ဆရာ တစ်ယောက်ဖြစ်သလို အင်္ဂလိပ်ဘာသာစကားဆိုင်ရာ ဆောင်းပါးများ၊ လူငယ်တိုးတက်ရေး စာပေများ၊ စာအုပ်များ ရေးသားထုတ်ဝေ နေပြီး လူငယ်တိုးတက်ရေး ဟောပြောပွဲများ လည်း မြန်မာနိုင်ငံ အနှံ့အပြား ဟောပြော ပို့ချပေးနေသူလည်း ဖြစ်ပါတယ် … ။
ဆရာအောင်ကိုဦး ရဲ့စာပေများလက်ရာများကို https://www.facebook.com/aungkouumk/ မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ် …

ဘာတွေသင်လဲ … ဘယ်လို သင်လဲ … ?
******************************
AELC ဟာ ဘာသာစကားသင်တန်းကျောင်း ဖြစ်တဲ့အတွက် 4 Skills ကို ချိတ်ဆက် သင်ကြားပို့ချပါတယ်။
Skill တစ်ခုခြင်းကို ဖြုတ်ထုတ်သင်ကြားတာမျိုး မဟုတ်ဘဲ … 4 skills ကို အချိတ်အဆက်မိမိ သင်ကြားပါတယ် … ဒါပေမယ့် သင်တန်းသား/သူများ အတွက် လတ်တလော လိုအပ်ချက်ဖြစ်တဲ့ အပြောစွမ်းရည်အတွက် … ဦးစားပေးလေ့ကျင့်ပေးပါတယ် …
ဘာသာစကားရဲ့ အစဟာ နားဖြစ်တဲ့ အတွက် Listening Skill နဲ့ Spoken Skill ကို မျှတစေဖို့ English to English သင်ကြားပါတယ် …
_____________________________________________________
ဒါဆိုရင် အခြေခံမကောင်းတဲ့သူတွေ ဘယ်လိုနားလည်မလဲ … ?
ဟုတ်ပါတယ် ကျွန်တော်တို့ မြန်မာတွေ ကိုရီးယား … ဂျပန်စတဲ့ နိုင်ငံတွေ အလုပ်သွားလုပ်ကြလို့ အချိန်တော်တော်ကြာပြီး ပြန်လာကြတဲ့ အခါ … သက်ဆိုင်ရာ ဘာသာစကားတွေကို တတ်မြောက်လာကြပါတယ် … ဘယ်သင်တန်းတက်လို့ပါလဲ … မတက်ပါဘူး …
နားအကျင့်နဲ့ တတ်လာတာပါ … နည်းနည်းလေးတော့ သည်းခံဖို့ လိုပါတယ် …
နားရည်ဝဖို့အတွက် စာသင်ချိန်ရဲ့ ပထမ မိနစ် (၂၀) ကို English to English သင်ပါတယ် …
Level 1 မှာတော့ 100 % English to English မဟုတ်သေးဘဲ ၅၀ % လောက် E to E သင်ပါတယ် … ။
🔊 🔉 🔈
Listening Skill အတွက် ဆရာ/ဆရာမ များက English to English သင်ကြားတဲ့အပြင် Conversation Listening, Passage Listening, Speech နဲ့ Multiple Choice (TOFEL Style) ဆိုပြီးတော့ ပုံစံမျိုးစုံ လေ့ကျင့်ပေးပါတယ် … Level 3 မှာတော့ Classroom အတွက် ဖန်တီထားတဲ့ Listening မျိုးတွေ မဟုတ်တော့ဘဲ … Movie, MTV, Speech, စတဲ့ Real Life Listening တွေ နဲ့ လေ့ကျင့် သင်ကြားပေးပါတယ် … ။
Speaking Skill အတွက် - အတန်းဖော်သူငယ်ချင်းတွေ အပြန်အလှန် ပြောဆိုရတဲ့ Pair Work Activity, Role Play ... တွေနဲ့ တစ်ယောက်ခြင်း ပြောရတဲ့ Presentation တွေ ပါဝင်ပါတယ် … Level 2/3, မှာ တော့ Group Discussion, Presentation တွေ နေ့တိုင်းလုပ်ရပါတယ် … Power point Presentation တွေလည်း ပါဝင်ပါတယ် … Presentation မှာ တစ်ယောက်ခြင်း ပြောရတာတွေ ရှိသလို အသင်းအဖွဲ့အလိုက် အချိတ်အဆက် မိမိ ပြောရတဲ့ Group Presentation တွေလည်း ပါဝင်ပါတယ် …
Reading တန်းမှာ စနေ၊ တနင်္ဂနွေတန်းတွေမှာ ဘဝအောင်မြင်ရေး၊ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှု ဆိုင်ရာ စာအုပ်တွေကို အဓိက သင်ကြားပြီး၊ တနင်္လာ မှ ကြာသပတေးတန်းတွေမှာတော့ လူငယ်တွေ အားကျ အတုယူသင့်တယ့် နယ်ပယ်အသီးသီးက အောင်မြင်နေတဲ့သူတွေရဲ့ Biography တွေကို အဓိက သင်ကြားပါတယ်။
စကားပြောသီးသန့် လေ့ကျင့်ဖို့အတွက် Level အားလုံးက သင်တန်းသား/သူများ သင်တန်းကြေး ထပ်သွင်းစရာ မလိုဘဲ Conversation Club ကို လည်း စီစဉ်ပေးထားပါတယ်။
Conversation Club မှာ Gaming ... Presentation ... Discussion အစီအစဉ်တွေနဲ့ အင်္ဂလိပ်စကားပြော လေ့ကျင့်ရတာ အင်မတန် ပျော်စရာ ကောင်းပါတယ် ...

**** အတန်းတစ်တန်း အပ်ပြီးသွားရင် Level တူ အခြားအတန်းတွေမှာ သင်တန်းကြေး ထပ်သွင်းစရာမလိုဘဲ … ထပ်တက်လို့ရပါတယ် … ****

အခြားဘာအတန်းတွေ ရှိသေးလဲ ... ?
+++++++++++++++++++++++++++++


English for Special Purpose
=================
1. English for Engineering
2. English for Accounting
3. English for Human Resources
4. English for Marketing & Advertising
5. English for Sale & Purchasing
6. English for Logistics
7. Summer English Program for Young Learners

 English for Special Purpose အတန်း တွေကတော့ ကုမ္ပဏီ၊ အသင်းအဖွဲ့ နဲ့ တက်ရောက်ချင်တဲ့ သင်တန်းသား/သူ (၁၅) ယောက် ပြည့်ရင် အချိန်ညှိနှိုင်းပြီးသင်ကြားပေးပါတယ် … သင်တန်းကာလ - ၁လခွဲ ဖြစ်ပြီးတော့ သင်တန်းကြေး - ၅၀၀၀၀ ကျပ် ဖြစ်ပါတယ်။ (သင်တန်းကြေး ၅၀၀၀၀ မှာ စာအုပ်စာတမ်း၊ ဘောပင်၊ ဗလာစာအုပ်၊ အိတ် အားလုံး အပြီးအစီးပါဝင်ပါတယ်)

 Level ဘယ်နှစ်ခုရှိလဲ ..... ?
*********************************
Level 1, 2 & 3 ဆိုပြီးတော့ (၃) ခုခွဲခြားထားပါတယ် ... ။ Level တစ်ခုကို သင်တန်းကာလ (၃) လ စီ ကြာမြင့်ပါတယ်။ သင်တန်းသား/သူများ အဆင်ပြေစေရန် သင်ခန်းစာများကို ပတ်လည် စနစ်ဖြင့် စီစဉ်ထားပြီး လစဉ် တန်းခွဲသစ်များ ရှိပါတယ် ... ။
Level 1, 2, & 3 (၃) ခုလုံးကို အစမ်းတက်ကြည့်ပြီးမှ မိမိအဆင်ပြေသည့် Level ကို စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ် ... ။

သင်ကြားတဲ့ ပုံစံက
Level 1 မှာ ဆရာက ၇၀% နှင့် သင်တန်းသား/သူများက ၃၀%
(50% English Medium Class room)
Level 2 မှာ ဆရာက ၅၀% နှင့် သင်တန်းသား/သူများက ၅၀%
(80% English Medium Class room)
Level 3 မှာ ဆရာက ၃၀% နှင့် သင်တန်းသား/သူများက ၇၀%
(100% English Medium Class room) ပုံစံဖြစ်ပါတယ် ...

ဆိုလိုသည်မှာ ...
Level 1 မှာ ... သင်တန်းသား/သူများက မိမိကိုယ်တိုင် တီထွင်ဖန်တီးပြောဆိုရန်မလိုဘဲ ဆရာက နမူနာပြောပြသည်များကို သာ အတုယူပြောဆို လေ့ကျင့်ရပါတယ် ...
Level 1 ဟာ ဆရာက Leader ဖြစ်ပြီးတော့ သင်တန်းသား/သူတွေက Follower ပုံစံဖြစ်ပါတယ် …။

Level 2 မှာ ဆရာပြောပြသည်များကို နမူနာယူပြီး လေ့ကျင့်ပြောဆိုရသည်များ ရှိသလို သင်တန်းသား/သူများ ကိုယ်တိုင်လည်း တီထွင်ဖန်တီး ပြောဆို လေ့ကျင့်ရပါတယ် ...
Level 2 ဟာ ဆရာက Helper ဖြစ်ပြီးတော့ သင်တန်းသား/သူတွေက Creator ပုံစံဖြစ်ပါတယ် …။

Level 3 မှာ ဆရာက outline လောက်သာ ပေးပြီး သင်တန်းသား/သူများ က ကိုယ်ပိုင်အတွေးဖြင့် ဖန်တီးကာ ပြောဆိုရေးသားရပါတယ် .... ။
Level 3 ဟာ ဆရာက Judge ဖြစ်ပြီးတော့ သင်တန်းသား/သူတွေက Contestant ပုံစံဖြစ်ပါတယ် …။

တက်တဲ့သူတွေ အားလုံးပြောရမှာလား … ?
********************************
Level 1 မှာ - Topic တစ်ခုကို ဆရာ/ဆရာ မ က အနည်းဆုံး ၅ ကြိမ် က ၁၀ ကြိမ်အထိ Sample ပြောပါတယ် … ပြီးတော့ ဝါကျတစ်ကြောင်းခြင်း တိုင်ပေးပါတယ် … သင်တန်းသား/သူများကို ကလေးများလို့ ထင်လို့ မဟုတ်ပါ … အသံထွက်၊ လေယူ လေသိမ်းတွေ မှန်ကန်စေဖို့အတွက်ပါ …၊ ပြီးတော့မှ ဆရာ/ဆရာမ နဲ့ သင်တန်းသား/သူ များ အတူတူ (၃) ကြိမ်လောက် ထပ်ကျင့်ပါတယ် … ဒါ့အပြင် အခြင်းခြင်း အပြန်အလှန် လေ့ကျင့်ဖို့ အချိန် ထပ်ပေးပါတယ် … အခြင်းခြင်း လေ့ကျင့်တဲ့အခါ စာကြောင်းတွေ မေ့သွားရင်လည်း စိတ်မပူပါနဲ့ အကူအညီပေးမယ့် လက်ထောက် ဆရာ/ဆရာမ တွေ ရှိပါသေးတယ် … ။

ဒုတိယလ လောက် ရောက်ရင်တော့ Lucky Draw အစီအစဉ်နဲ့ မဲပေါက်တဲ့သူတွေက တစ်ယောက်ခြင်း ပြောရပါတယ် … 🎤 🎤 🎤 🎤 🎤 🎤 🎤 🎤 🎤
(တကယ်ပြောချင်ပါတယ်ဆိုတဲ့သူတွေ အတွက် Lucky Draw မှာ မဲမပေါက်ရင်လည်း Volunteer အဖြစ် မိုက်တောင်းပြီး ပြောနိုင်ပါတယ် … Lucky Draw ပေါက်ရင်တော့ ကျောင်းမပြေးကြနက် … အဆင်မပြေသေးရင် ဆရာ/ ဆရာမတွေကို ပွင့်ပွင့်လင်းလင်း ပြောပြပါ)
တတိယလမှာ သင်တန်းသား/သူ အားလုံး ပြောရပါတယ် … Lucky Draw ပုံစံက နံပါတ်စဉ်ကိုပဲ မဲနှိုက်ပါတယ် … ၊ တတိယလရဲ့ နောက်ဆုံး (၂) ပတ်မှာ Lucky Draw မရှိတော့ဘဲ First Speaker ကို Volunteer ရွေးပါတယ် … နောက်လူတွေက Parcel Game ဆော့သလိုပဲ Microphone လက်ထဲကို ရောက်လာတဲ့သူက ဆက်ဆက်ပြီး ပြောသွားရပါတယ် …
🎤 🎤 🎤 🎤 🎤 🎤 🎤 🎤 🎤 🎤 🎤 🎤 🎤
Final Day မှာတော့ တစ်ယောက်ခြင်း (၁၀) မိနစ်စာ Presentation ပေးရပါတယ်။

သင်ခန်းစာ တစ်ခုခြင်းအတွက် နားမလည်တာရှိရင် လေ့ကျင့်ချိန်မှာ ဆရာ/ဆရာမတွေက စိတ်ရှည်လက်ရှည် ထပ်ဆင့်ရှင်းပြပေးပါတယ် …

Level 2 မှာ - Topic တစ်ခုကို ဆရာက Simple (၃) ခေါက်ပဲ ပြောပြပါတယ် … Topic အပေါ်မူတည်ပြီးတော့ တစ်ယောက်ခြင်း ပြောရတာနဲ့ Group ထဲက Group Speaker တစ်ယောက်က ပြောရတဲ့ ပုံစံတွေရှိပါတယ်။ ဥပမာ - My favorite Movie, My Company Profile တို့လို တစ်ဦးတစ်ယောက်ခြင်းနဲ့ ဆိုင်တဲ့ ခေါင်းစဉ်မျိုး ဆိုရင် တစ်ယောက်ခြင်း ပြောရပြီးတော့ Public Transportation System in a Country တို့လို့ အားလုံးနဲ့ သက်ဆိုတာမျိုးဆိုရင် Presentation အတွက် … Data Collection, Note Taking, Group Discussion ဆိုတဲ့ (၃) ဆင့် ပြီးမှ သက်ဆိုင်ရာ Group ထဲက Speaker တစ်ယောက် ရွေးပြီး Presentation လုပ်ရပါတယ် … Group Speaker က တော့ နေ့တိုင်း တစ်ယောက်တည်းကို ပဲ ရွေးလို့မရပါဘူး … အလှည့်နဲ့ ရွေးရပါတယ် … Group Speaker ကို ဆရာက မရွေးပေးဘဲ Group Member တွေရဲ့ သဘောတူညီချက်နဲ့ပဲ ရွေးရပါတယ်။ Writing ပိုင်းမှာလည်း ဒီသဘောအတိုင်းပါပဲ။

Level 3 မှာ - Topic တစ်ခုကို ဆရာက လုံးဝ မပြောပြတော့ဘဲ Title နဲ့ Frame ပဲ သတ်မှတ်ပေးပါတယ် .. ။ တစ်ယောက်ခြင်း ပြောရတဲ့ ရေးရတဲ့ ပုံစံတွေမှာ သင်တန်းသား/သူ တွေဟာ Spoken Contest, Writing Contest ကို ဝင်ပြိုင်နေသလိုပဲ ပေးထားတဲ့ Title, Frame, Duration, စာလုံးရေ အကန့်အသတ် စတာတွေ အပေါ်မှာ အခြေခံပြီး ကိုယ်ပိုင် ဖန်တီး ပြောဆို ရေးသားရပါတယ် … ။ ဆရာက Judge အနေနဲ့ပဲ စစ်ဆေးပြီး အားနည်းချက်/အားသားချက်တွေကို မှတ်ချက်ပေးပြီး အကြံပြုပေးပါတယ်။ Group Discussion တွေမှာ သင်တန်းသား/သူ အားလုံးက Speaker တွေဖြစ်ပြီးတော့ ဆရာက Moderato, Facilitator အနေနဲ့ ကြီးကြပ်ပေးပါတယ်။ IELTS Foundation နဲ့ TOEFL အခြေခံ သဘောတရား တွေကိုပါ သင်ကြားပို့ချပေးပါတယ် ... ။

သင်တန်းကြေးက ဘယ်လောက်လဲ ..... ?
*******************************************
Level တစ်ခု၊ သင်တန်းကာလ (၃)လ အတွက်
သင်တန်းကြေး - ၄၀၀၀၀ ကျပ် 4⃣ 0⃣ 0⃣ 0⃣ 0⃣
(သင်တန်းကြေး ၄-သောင်းကျပ်မှာ ၃-လ အတွက်ပြီး
📚 စာအုပ်စာတမ်း၊ ✒ ဘောပင်၊ 📒 ဗလာစာအုပ် ပါဝင်ပြီး ဖြစ်ပါတယ်)

ဘာတွေ ဝန်ဆောင်မှုပေးသေးလဲ …. ?
***************************
သင်တန်းသား/သူ များအတွက် ထိရောက်မှုရှိစေဖို့ လူဦးရေကန့်သတ်ထားရှိပြီး Air-con စာသင်ခန်းမှာ တစ်ယောက်ထိုင် Lecture Chair များနဲ့ သင်ကြားပို့ချ ပါတယ်။ အင်္ဂလိပ်ဘာသာစကား တိုးတက်စေရေးအတွက် အထောက်အကူအပြု စာအုပ်များ၊ သုတ/ရသ စာအုပ်များ စုံလင်တဲ့ Mini Library နဲ့ Listening စွမ်းရည်အတွက် အထောက်အကူပေးမည့် Audio Book များ၊ Audio CD, VCD, DVD များသာမက FTTX Wifi Area လည်း ထားရှိပါတယ် … ။

AELC မှာ အင်္ဂလိပ်ဘာသာစကား တစ်ခုတည်းတင်မကဘဲ လူငယ်တွေအတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ကိုယ်ရည်ကိုယ်သွေးပြည့်ဝတဲ့ သူတွေ ဖြစ်အောင် စနစ်တကျ လေ့ကျင့်သင်ကြားပေးနေပါတယ်။ သင်တန်းရဲ့ အဓိက ပရဟိတလုပ်ငန်းစဉ်ဖြစ်တဲ့ စာကြည့်တိုက်များ ရှင်သန်ရေး လှုပ်ရှားမှု နဲ့ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများအတွက် လှူဒါန်းမှုတွေမှာ အသင်းအဖွဲ့နဲ့ ကိုယ်တိုင် ပါဝင်ဆောင်ရွက် ပြီး Social Skill နဲ့ Reagional Knowledge တွေလည်း ရနိုင်ပါတယ် … ။ သင်တန်းရဲ့ Special Event တွေမှာလည်း ကိုယ်တိုင် ပါဝင် ဆောင်ရွက်ခြင်းဖြင့် Management & Communication Skill များ ရရှိနိုင်ပါတယ်။
_____________________________________________________

သင်တန်းသား/သူများအတွက် သင်ခန်းစာတွေကို အပြန်အလှန်ဆွေးနွေးဖို့ AELC Student Association Facebook Group မှာ Handout တွေ Lesson Plan တွေကို တင်ပေးထားပါတယ် … ။

ဒါကြောင့်မို့လို့ AELC ကို တက်ပြီးတာနဲ့ မပြီးသွားပဲ… စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်ပါတယ် …
သင်တန်းပြီးသွားရင်တောင်မှ ကိုယ်တိုင်လေ့လာ လေ့ကျင့်နိုင်ဖို့ ဆရာက စဉ်ဆက်မပြတ် ဆက်လက် လမ်းညွှန် ဆွေးနွေးပေးနေပါတယ် … ။

#AELC
#We_Promise_Success

AELC ကို ဘယ်လို ဆက်သွယ်ရမလဲ …. ?
*****************************
🏡 AELC (လှိုင်)
အမှတ်-၁၀၂(မြေညီထပ်)၊ အောင်မေတ္တာ ၁-လမ်း၊ (၁) ရပ်ကွက်၊ လှိုင်။
( ဆင်ရေတွင်း KBZ ဘဏ် ရှေ့ ရွာမကျောင်းလမ်း မှ ဝင်လို့ရပါတယ်)
၀၉ ၄၂၁ ၇၅ ၂၅ ၆၈ ၊ ၀၉ ၂၅ ၂၅ ၈၅ ၀၈၅

🏡 AELC (စမ်းချောင်း)
အမှတ်-၁၂၇ (ပထမထပ်)၊ ဗားဂရာလမ်း၊ စမ်းချောင်း။
( ရှမ်းလမ်းမှတ်တိုင် KBZ ဘဏ် အနီး)
၀၉ ၄၅၀ ၂၀ ၈၁ ၈၈ ၊ ၀၉ ၄၅၀ ၂၀ ၈၂ ၈၈

🏡 AELC (တာမွေ)
အမှတ်-၄/၈ (မြေညီထပ်)၊ မလွှကုန်းလမ်း၊ အ.မ.က (၇) တာမွေ ရှေ့
( ကျောက်မြောင်းဈးမှတ်တိုင် KBZ ဘဏ် ကျောက်မြောင်း အနီး)
၀၉ ၄၅၀ ၂၀ ၈၃ ၈၈ ၊ ၀၉ ၄၅၀ ၂၀ ၈၄ ၈၈

🏡 AELC (မန္တလေး)
အမှတ်-၃၄/ဃ၊ ၃၁ လမ်း၊ ၇၆လမ်း နှင့် ၇၇လမ်း ကြား
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
၀၉ ၄၅၀ ၂၀ ၈၅ ၈၈၊ ၀၉ ၄၅၀ ၂၀ ၈၆ ၈၈

🏡 AELC (ဘိုကလေး)
အမှတ် ၁၁၂၁၊ ကြံတိုင်းအောင် ၄-လမ်း၊ (၈) ရပ်ကွက်၊
ဘိုကလေးမြို့။ (ပညာရေးကောလိပ် အနီး)
၀၉ ၄၅၀ ၂၀ ၈၇ ၈၈၊ ၀၉ ၄၅၀ ၂၀ ၈၉ ၈၈ …

နီးစပ်ရာ ကျောင်းခွဲကို စုံစမ်း တက်ရောက်နိုင်ပါတယ် ... ကျောင်းခွဲအားလုံးမှာ AELC ရဲ့ သင်ကြားရေးနည်းစနစ်များအတိုင်း အတူတူ သင်ကြားပို့ချပါတယ် …
Email : aelc.mm@gmail.com

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top