AELC
AELC ဆိုတာ ဘာလဲ … ?
***********************
AELC ဆိုတာ ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့တဲ့ သင်တန်းသား/သူပေါင်း ၈၀၀၀ ကျော် စာရင်းပေးသွင်း တက်ရောက်ခဲ့တဲ့ မြန်မာပြည်ရဲ့ ပထမဦးဆုံးသော အင်္ဂလိပ်ဘာသာစကား အွန်လိုင်း အခမဲ့ သင်တန်းက အခြေပြုပြီး စတင်တည်ထောင်ခဲ့တဲ့ Acuity English Language Center အင်္ဂလိပ်ဘာသာစကား သင်တန်း ဖြစ်ပါတယ်…။
ဘယ်သူသင်တာလဲ … ?
**********************
အင်္ဂလိပ်ဘာသာ စကား ဆရာ လူငယ် စာရေးသူ ဆရာအောင်ကိုဦး ကိုယ်တိုင် နဲ့ အခြားသော သင်ကြားရေး အတွေ့အကြုံ ရှိ ပြီး AELC က စနစ်တကျ လေ့ကျင့်ထားတဲ့ ဆရာ/ ဆရာမများ သင်ကြားပါတယ် … ။
ဆရာအောင်ကိုဦး ဟာ အင်္ဂလိပ်ဘာသာစကား ဆရာ တစ်ယောက်ဖြစ်သလို အင်္ဂလိပ်ဘာသာစကားဆိုင်ရာ ဆောင်းပါးများ၊ လူငယ်တိုးတက်ရေး စာပေများ၊ စာအုပ်များ ရေးသားထုတ်ဝေ နေပြီး လူငယ်တိုးတက်ရေး ဟောပြောပွဲများ လည်း မြန်မာနိုင်ငံ အနှံ့အပြား ဟောပြော ပို့ချပေးနေသူလည်း ဖြစ်ပါတယ် … ။
ဆရာအောင်ကိုဦး ရဲ့စာပေများလက်ရာများကို https://www.facebook.com/aungkouumk/ မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ် …
ဘာတွေသင်လဲ … ဘယ်လို သင်လဲ … ?
************************************
AELC ဟာ ဘာသာစကားသင်တန်းကျောင်း ဖြစ်တဲ့အတွက် 4 Skills ကို ချိတ်ဆက် သင်ကြားပို့ချပါတယ်။
Skill တစ်ခုခြင်းကို ဖြုတ်ထုတ်သင်ကြားတာမျိုး မဟုတ်ဘဲ … 4 skills ကို အချိတ်အဆက်မိမိ သင်ကြားပါတယ် … ဒါပေမယ့် သင်တန်းသား/သူ အများစုရဲ့ လတ်တလော လိုအပ်ချက်ဖြစ်တဲ့ Listening & Speaking ကို ဦးစားပေးလေ့ကျင့်ပေးပါတယ် …
ဘာသာစကားရဲ့ အစဟာ နားဖြစ်တဲ့ အတွက် Listening Skill နဲ့ Spoken Skill ကို မျှတစေဖို့ English to English သင်ကြားပါတယ် …
_____________________________________________________
ဒါဆိုရင် အခြေခံမကောင်းတဲ့သူတွေ ဘယ်လိုနားလည်မလဲ … ?
ဟုတ်ပါတယ် ကျွန်တော်တို့ မြန်မာတွေ ကိုရီးယား … ဂျပန်စတဲ့ နိုင်ငံတွေ အလုပ်သွားလုပ်ကြလို့ အချိန်တော်တော်ကြာပြီး ပြန်လာကြတဲ့ အခါ … သက်ဆိုင်ရာ ဘာသာစကားတွေကို တတ်မြောက်လာကြပါတယ် … ဘယ်သင်တန်းတက်လို့ပါလဲ … မတက်ပါဘူး …
နားအကျင့်နဲ့ တတ်လာတာပါ … နည်းနည်းလေးတော့ သည်းခံဖို့ လိုပါတယ် …
စကားပြောသီးသန့် လေ့ကျင့်ဖို့အတွက် Level အားလုံးက သင်တန်းသား/သူများ သင်တန်းကြေး ထပ်သွင်းစရာ မလိုဘဲ Conversation Club ကို လည်း စီစဉ်ပေးထားပါတယ်။
Conversation Club မှာ Gaming ... Presentation ... Discussion အစီအစဉ်တွေနဲ့ အင်္ဂလိပ်စကားပြော လေ့ကျင့်ရတာ အင်မတန် ပျော်စရာ ကောင်းပါတယ် ...
Level ဘယ်နှစ်ခုရှိလဲ ..... ?
*********************************
A1 (Beginner)
A2 (Elementary)
B1 (Pre Intermediate)
B1+ (Intermediate)
B2 (Upper Intermediate)
C1 (Advanced)
ဆိုပြီးတော့ CEFR အတိုင်း Level ၆ ခု ရှိပါတယ်။ Cambridge University Press နောက်ဆုံးထွက် သင်ရိုးကို အသုံးပြုပြီး သင်ကြားပါတယ်။
A1 နဲ့ A2 ကို တော့ Placement Test ဖြေစရာမလိုဘဲ တက်ရောက်နိုင်ပေမယ့်မယ့် B1 က စပြီးတော့ အခြား Level တွေကိ တက်ရောက်ချင်ရင်တော့ Placement Test ဖြေဆိုရမှာ ဖြစ်ပါတယ်။ Placement Test ဖြေဖို့အတွက် ကိုယ်တက်ရောက်ချင်တဲ့ ကျောင်းခွဲကို တစ်ရက် ကြိုတင် ဖုန်းဆက်ပြီးတော့ စာရင်းသွင်းနိုင်ပါတယ်။
ဘယ်လိုသင်ကြားပေးလဲ …?
**************************
4 Skills ကို တစ်ရက် တစ်မျိုး သင်ရတာမျိုးမဟုတ်ဘဲ နေ့စဉ်တိုင်းမှာ 4 Skills နဲ့ အတူ Grammar, Vocabulary, Critical Thinking တွေလည်း သင်ကြားပေးသလို Game & Activity တွေလည်း ပါဝင်ပါတယ်။
Listening ပိုင်းမှာ ဆရာ/ဆရာမတွေက English to English သင်ကြားတဲ့အတွက် နေ့စဉ် နားထောင်ရမှာ ဖြစ်သလို Native Speaker တွေရဲ့ အသံနဲ့ Audio တွေ နားထောင်ရတဲ့ အပြင် အခြားသော နိုင်ငံ အသီးသီးက မတူညီတဲ့ လူမျိုးတွေရဲ့ အင်္ဂလိပ်လို ပြောတဲ့ လေယူလေသိမ်းများကိုလည်း နားထောင်ရမှာ ဖြစ်တဲ့အတွက် လက်တွေ့ ဘဝမှာ အင်မတန် အဆင်ပြေစေပါတယ်။
Speaking ပိုင်းမှာလည်း Group Work, Pair Work, Individual Work တွေ အပြင် Presentation ပိုင်းတွေလည်း ပါဝင်တဲ့ အတွက် သင်တန်းတက်နေစဉ်ကာလ အတွင်း အမြဲတမ်း အထိအတွေ့ အလေ့အကျင့် ရနေမှာ ဖြစ်ပါတယ်။
Reading ပိုင်းမှာလည်း Level အလိုက် Short Paragraph ၊ Product Review ၊ Blog Post စတဲ့ ပုံစံမျိုးကို ဖတ်ရှုရမှာ ဖြစ်သလို Writing မှာလည်း Level အလိုက် ပုံစံမျိုးစုံနဲ့ လေ့ကျင့် ရေးသားရပါတယ်။
သင်တန်းကာလက ဘယ်လောက်ကြာလဲ ...?
*****************************************
Level တစ်ခုခြင်းစီအတွက် Guided Learning Hour လို့ခေါ်တဲ့ ဆရာ/ဆရာမ နဲ့ အတန်းထဲမှာ သင်ကြားချိန် ၅၂ နာရီ ကြာမြင့်ပါတယ်။ တစ်ပတ်ကို ၂ ရက်၊ တစ်နေ့ကို ၂ နာရီ တက်ရတဲ့ Weekends အတန်းတွေက ၁၃ ပတ် ကြာမြင့်ပြီးတော့၊ တစ်ပတ်ကို ၄ ရက်၊ တစ်နေ့ကို ၁နာရီခွဲ တက်ရတဲ့ Weekdays အတန်းတွေကတော့ ၉ ပတ် ကြာမြင့်ပါတယ်။
သင်တန်းထဲမှာ ဆရာ/ဆရာမ နဲ့ သင်ယူရုံနဲ့ ပြီးမသွားသေးဘဲ ကိုယ်တိုင် လေ့ကျင့်ဖို့အတွက် Work Book ပါဝင်သလို ကိုယ့်ရဲ့ ဖုန်းလေးနဲ့ပဲ Listening & Speaking topic တွေ လေ့လာလို့ ရတဲ့ Mobile Activity တွေလည်း ပါဝင်ပါသေးတယ်။
သင်တန်းကြေးက ဘယ်လောက်လဲ ... ?
*******************************************
A1 (Beginner) - 70000
A2 (Elementary) - 80000
B1 (Pre Intermediate) - 90000
B1+ (Intermediate) - 100000
B2 (Upper Intermediate) - 110000
C1 (Advanced) - 120000
(သင်တန်းကြေး မှာ Level တစ်ခုလုံးစာအတွက်ဖြစ်ပြီး 📚 စာအုပ်စာတမ်း၊ ✒ ဘောပင်၊ 📒 ဗလာစာအုပ်၊ 👕 ယူနီဖောင်း တီရှပ် တို့ ပါဝင်ပြီး ဖြစ်ပါတယ်)
လူဦးရေ ကန့်သတ်ထားလား ... ?
******************************
အတန်းတစ်တန်းစီမှာ သင်တန်းသား/သူ (၃၀) တိတိပဲ လက်ခံပါတယ်၊ ဒါ့အပြင် ခုံနံပါတ်နဲ့ ထိုင်ရတာ ဖြစ်တဲ့အတွက် မိမိတက်ရောက်ချင်တဲ့ ကျောင်းခွဲ၊ အတန်းချိန်ကို အမြန်ဆုံး အပ်နှံဖို့တော့ လိုပါတယ်။ ဘယ်နေ့ ဘယ်ရက်မှာ စာရင်းပိတ်ယ်လို့ မဟုတ်ဘဲ လတစ်လအတွက် ကျောင်းအပ်လက်ခံတဲ့ အချိန်က စပြီး အတန်းတစ်တန်းကို သင်တန်းသား/သူ (၃၀) ပြည့်ရင် စာရင်း ပိတ်တာ ဖြစ်ပါတယ်။
Certificate ပေးလား ... ?
************************
ကျောင်းတက်ချိန် ၈၀% ပြည့်မီပြီး၊ စာမေးပွဲ ဖြေဆိုအောင်မြင်သူများကိုသာ Certificate ထုတ်ပေးပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းခေါ်ချိန်မပြည့်ခဲ့ပါက Level တူ အခြားအတန်းတစ်ခုမှာ အစားထိုးတက်ရောက်လို့ရပါတယ်၊ အဲဒီအတွက် သင်တန်းကြေး သပ်သပ် ထပ်ပေးဖို့ မလိုပါ၊ Certificate မှာ သင်ကြားချိန်၊ ကျောင်းခေါ်ချိန် နဲ့ ရတဲ့ အဆင့် (grade) များကို ပါ ဖော်ပြပေးထားပါတယ်။
ဘာတွေ ဝန်ဆောင်မှုပေးသေးလဲ ... ?
*********************************
သင်တန်းသား/သူ များအတွက် ထိရောက်မှုရှိစေဖို့ လူဦးရေကန့်သတ်ထားရှိပြီး Air-con စာသင်ခန်းမှာ တစ်ယောက်ထိုင် Lecture Chair များနဲ့ သင်ကြားပို့ချ ပါတယ်။ အင်္ဂလိပ်ဘာသာစကား တိုးတက်စေရေးအတွက် အထောက်အကူအပြု စာအုပ်များ၊ သုတ/ရသ စာအုပ်များ စုံလင်တဲ့ Mini Library or Reading Corner နဲ့ Listening စွမ်းရည်အတွက် အထောက်အကူပေးမည့် Audio Book များ၊ Audio CD, VCD, DVD များသာမက FTTX Wifi Area လည်း ထားရှိပါတယ် … ။ Refreshment အနေနဲ့ Coffee & Candy များလည်း ထားရှိပါတယ်။
အင်္ဂလိပ်ဘာသာစကားသာမက လူငယ်တွေရဲ့ ကိုယ်ရေးကိုယ်သွေး တိုးတက်စေဖို့
စကားဝိုင်းဆွေးနွေးပွဲ၊ ဟော်ပြောပွဲ စတဲ့ Event တွေ
အချင်းချင်း ချစ်ကြည်ရင်းနှီးပြီး ပရဟိတစိတ် ရင့်သန်စေဖို့ Donation Trip (ပြင်ဦးလွင်/ ချောင်းသာ/ ပုဂံ/ ကလော)
နိုင်ငံတကာက trainer များကိုယ်တိုင်သင်ကြားပေးတဲ့ International Training တွေ (AIESEC in Myanmar နဲ့ ပူးပေါင်းပြီး အမေရိကန်၊ ဂျာမနီ၊ ဟော်လန်၊ စင်္ကာပူ စတဲ့ နိုင်ငံမျိုးစုံက Trainer များ နှစ်စဉ် နှစ်တိုင်း လာရောက် Sharing လုပ်ပေးနေတဲ့ တခုတည်းသော ပုဂလိက သင်တန်းကျောင်း ဖြစ်ပါတယ်)
အားကစားပြိုင်ပွဲအနေနဲ့ AELC Futsal Cup ကို ၂၀၁၅ ကတည်းက နှစ်စဉ် ကျင်းပပြုလုပ်ပေးပြီး သင်တန်းသား/သူများကို ဘက်စုံ လေ့ကျင့်ပေးနေပါတယ်။
နိုင်ငံတကာတက္ကသိုလ်များကိုလည်း လေ့လာရေးခရီးစဉ်များ အနေနဲ့ ၂၀၁၈ ခုနှစ်က စတင်ပြီး နှစ်စဉ် စီစဉ်ပေးပါတယ်။ (၂၀၁၈ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ Stamford International University နဲ့ Assumption University နဲ့ ၂၀၁၉ ခုနှစ်မှာ Singapore နိုင်ငံရဲ့ National University of Singapore, BMC, PSB Academy တို့ ကို သွားရောက် လေ့လာခဲ့ကြပါတယ်။)
သင်တန်းရဲ့ အဓိက ပရဟိတလုပ်ငန်းစဉ်ဖြစ်တဲ့ စာကြည့်တိုက်များ ရှင်သန်ရေး လှုပ်ရှားမှု နဲ့ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများအတွက် လှူဒါန်းမှုတွေမှာ အသင်းအဖွဲ့နဲ့ ကိုယ်တိုင် ပါဝင်ဆောင်ရွက် ပြီး Social Skill နဲ့ Regional Knowledge တွေလည်း ရနိုင်ပါတယ် … ။
သင်တန်းရဲ့ Special Event တွေမှာလည်း ကိုယ်တိုင် ပါဝင် ဆောင်ရွက်ခြင်းဖြင့် Management & Communication Skill များ ရရှိနိုင်ပါတယ်။
__________________________________________________
သင်တန်းသား/သူများအတွက် သင်ခန်းစာတွေကို အပြန်အလှန်ဆွေးနွေးဖို့ AELC Student Association Facebook Group မှာ Handout တွေ Lesson Plan တွေကို တင်ပေးထားပါတယ် … ။
ဒါကြောင့်မို့လို့ AELC ကို တက်ပြီးတာနဲ့ မပြီးသွားပဲ… စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်ပါတယ် …
သင်တန်းပြီးသွားရင်တောင်မှ ကိုယ်တိုင်လေ့လာ လေ့ကျင့်နိုင်ဖို့ ဆရာက စဉ်ဆက်မပြတ် ဆက်လက် လမ်းညွှန် ဆွေးနွေးပေးနေပါတယ် … ။
#AELC
#We_Promise_Success
AELC ကို ဘယ်လို ဆက်သွယ်ရမလဲ …. ?
*********************************
🏫 AELC (လှိုင်)
အမှတ်-၁၀၂(မြေညီထပ်)၊ အောင်မေတ္တာ ၁-လမ်း၊ (၁) ရပ်ကွက်၊ လှိုင်။
( ဆင်ရေတွင်း KBZ ဘဏ် ရှေ့ ရွာမကျောင်းလမ်း မှ ဝင်လို့ရပါတယ်)
☎ ၀၉ ၄၂၁ ၇၅ ၂၅ ၆၈ ၊ ၀၉ ၂၅ ၂၅ ၈၅ ၀၈၅
🏫 AELC (စမ်းချောင်း)
အမှတ်-21/A (မြေညီထပ်)၊ ရှင်စောပုဘုရားလမ်း၊စမ်းချောင်း။ (မြေနီကုန်း City Mart အနီး၊ စမ်းချောင်းလမ်း KFC အနီး)
☎ ၀၉ ၄၅၀ ၂၀ ၈၁ ၈၈ ၊ ၀၉ ၄၅၀ ၂၀ ၈၂ ၈၈
🏫 AELC (တာမွေ)
အမှတ်-၄/၈ (မြေညီထပ်)၊ မလွှကုန်းလမ်း၊ အ.မ.က (၇) တာမွေ ရှေ့
( ကျောက်မြောင်းဈေးမှတ်တိုင်၊ KBZ ဘဏ် ကျောက်မြောင်းအနီး)
☎ ၀၉ ၄၅၀ ၂၀ ၈၃ ၈၈ ၊ ၀၉ ၄၅၀ ၂၀ ၈၄ ၈၈
🏫 AELC (တောင်ဥက္ကလာ)
အမှတ်-655 (မြေညီထပ်)၊ ရှင်သိဒတ်လမ်း၊ (၇) ရပ်ကွက်။ တောင်ဥက္ကလာ။ (သံသုမာလမ်းမပေါ် ဥက္ကလာဘုရားမှတ်တိုင်၊ One Stop Mart ဘေး ရာဇသူရလမ်းမှ ဝင်ရန်)
☎ ၀၉ ၄၅၀ ၂၀ ၈၇၀၀ ၊ ၀၉ ၄၅၀ ၂၀ ၈၈၀၀
🏫 AELC (မန္တလေး)
အမှတ်-၆/ဘီ၊ ၇၂ လမ်း၊ ၃၉ x ၄၀ ကြား
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎ ၀၉ ၄၅၀ ၂၀ ၈၅ ၈၈၊ ၀၉ ၄၅၀ ၂၀ ၈၆ ၈၈
🏫 AELC (မုံရွာ)
စံပယ်လမ်း နှင့် ဘုန်းစိုးလမ်းထောင့်၊ နေဇာလမ်း နှင့် ဘုန်းစိုးလမ်းကြား။
☎ ၀၉ ၄၅၀ ၂၀ ၈၄၀၀ ၊ ၀၉ ၄၅၀ ၂၀ ၈၅၀၀
🏫 AELC (မကွေး)
အမှတ်-၂၈၂/A၊ ကန်သာယာ (၅) လမ်း၊ ကန်သာယာ ရပ်ကွက်၊ မကွေးမြို့။
☎ ၀၉ ၄၅၀ ၂၀ ၈၅ ၃၀ ၊ ၀၉ ၄၅၀ ၂၀ ၈၅ ၄၀
ကျောင်းခွဲအားလုံးမှာ AELC ရဲ့ သင်ကြားရေးနည်းစနစ်များအတိုင်း အတူတူ သင်ကြားပို့ချပါတယ် …
နီးစပ်ရာ ကျောင်းခွဲကို စုံစမ်း တက်ရောက်နိုင်ပါတယ် ... ကျောင်းခွဲအားလုံးမှာ AELC ရဲ့ သင်ကြားရေးနည်းစနစ်များအတိုင်း အတူတူ သင်ကြားပို့ချပါတယ် …
0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....