Video သင်ခန်းစာပါ ပါဝင်တဲ့ Learn English in 3 Minutes ဆိုတဲ့ လွယ်လွယ်ကူကူနဲ့ လေ့လာနိုင်ပြီး အသုံးများတဲ့ စကားပြောပုံစံများဖြစ်တဲ့ “၃-မိနစ် အင်္ဂလိပ်စကားပြော” သင်ခန်းစာကို ဦးစွာ တင်ဆက် လိုက်ပါတယ်၊ အမှန်တကယ် အသုံးဝင်ပြီးတော့ လေ့လာသူတွေအတွက် ၃-မိနစ်ပဲ အချိန်ယူဖို့ လိုပါတယ်။ နောက်ပိုင်းမှာတော့ IT နယ်ပယ်နဲ့ ပတ်သက် အင်္ဂလိပ်စာ သင်ခန်းစာများကို ဆက်လက် တင်ဆက်ပေးပါမယ်။
တစ်စုံတစ်ယောက်ကို နှုတ်ဆက်တဲ့ အကြောင်း ၃-မိနစ်စာ သင်ခန်းစာကို စလိုက်ရအောင်ပါ … ။

How are you?

တစ်စုံတစ်ယောက် က “How are you?” – “ခင်ဗျားနေကောင်းရဲ့လား” လို့ မေးလာခဲ့ရင် “I am fine.” - “ကျွန်တော် နေကောင်းပါတယ်” လို့ ပြန်ဖြေနိုင်ပါတယ်။ ဒါ့အပြင် “Pretty good” – “တော်တော်လေး ကောင်းပါတယ်” လို့လည်း ဖြေလို့ ရပါတယ်။ နောက်တစ်ခုက “Not bad.” – “မဆိုးပါဘူး” လို့လည်း ပြောလို့ရပါတယ်။
“How are you?” ဟာ တစ်စုံ တစ်ယောက်ရဲ့ အခြေအနေကို သိချင်လို့ မေးတဲ့အခါ အလွန်အသုံးများပြီး ယဉ်ကျေးတဲ့ အသုံးအနှုန်းတစ်ခုပါ။ ဒီထက်ပိုပြီး ပေါ့ပေါ့ပါးပါးဖြစ်တဲ့ အသုံးများတဲ့ အသုံးအနှုန်း တစ်ခု ကတော့ “Hey, how’s it going?” – “ဟေ့၊ အခြေအနေဘယ်လိုလဲ ” ဖြစ်ပါတယ်။ သူကလည်း “How are you?” နဲ့ သဘောတရားခြင်း အတူတူပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းကို လည်း ကိုယ်က အခြေအနေ ကောင်းတယ် လို့ ပြန်ပြောချင်တဲ့အခါ “Good” – “ကောင်းတယ်” ၊ “Pretty good” – “တော်တော်လေး ကောင်းပါတယ်” ၊ “Not bad.” – “မဆိုးပါဘူး” စတဲ့ စကားတွေနဲ့ ပြန်ဖြေနိုင်ပါတယ်။ ဒီစကားတွေဟာ “I am fine.” - “ကျွန်တော် နေကောင်းပါတယ်” ဆိုတဲ့ စကားနဲ့ သဘောတရားခြင်း တူပေမယ့် “Hey, how’s it going?” – “ဟေ့၊ အခြေအနေဘယ်လိုလဲ ” ကို “I am fine.” - “ကျွန်တော် နေကောင်းပါတယ်” လို့ ပြန်ဖြေရင်တော့ နည်းနည်းလေး ထူးဆန်းနေပါလိမ့်မယ်။
တကယ်လို့ ကိုယ်က သိပ်အဆင်မပြေကြောင်း ပြောချင်ရင်တော့ "Not so good." – “သိပ်မကောင်းဘူး” ၊ "Not great" – “အကောင်းကြီး မဟုတ်ပါဘူး” ၊ "Not so well." – “သိပ်မကောင်းဘူး” စတဲ့ စကားတွေနဲ့ ပြန်ဖြေနိုင်ပါတယ်။ တစ်စုံ တစ်ယောက်က ကိုယ့်ကို ဒီစကားတွေနဲ့ ဖြေရင်တော့ ယဉ်ကျေးမှုအရ "Why, what's wrong?" – “ဘကြောင့်လဲ၊ ဘာများဖြစ်လို့လဲ” ဆိုတဲ့ စကားပြောပုံစံကို ဆက်လက် အသုံးပြုဖို့ လိုပါတယ်။
“How are you?” နဲ့ နောက်ထပ်တူတဲ့ အသုံးအနှုန်းတစ်ခုက “What’s up?” ဆိုတဲ့ စကားပါ၊ ဒီအသုံးအနှုန်းကိုတော့ "Not much!" ၊ "Nothing much!" လို့ ပြန်ပြောနိုင်ပါတယ်။ ဆိုလိုတာကတော့ ကိုယ်က စကားစမြည် ပြောလို့ရတယ်၊ အားတယ် ပြောပါ လို့ ပြန်ပြောခြင်းပါ။ “What’s up?” က နောက်တစ်မျိုးပြောရင် “Hello” လိုပဲ နှုတ်ဆက်ခြင်း တစ်မျိုးပါ၊ ဒါဆိုရင်တော့ ကိုယ်ကလည်း “Hey” ၊ “Hi” လို့ ပြန်ပြောနိုင်ပါတယ်။

How are you?
-   I am fine. / Pretty good. / Not bad.
How’s it going?
-   Good. / Pretty good. / Not bad.
-   Not so good. / Not great. / Not so well.
Why. What’s wrong?
What’s up? (How are you?)
-    Not much. / Nothing much.
What’s up? (Hello)
-   Hey! / Hi

တစ်စုံတစ်ယောက်ကို “How are you?” လို့ မေးခြင်းဟာ တကယ်တော့ သူရဲ့ ကျန်းမာရေး အခြေအနေကို သိချင်လို့ မေးရုံသက်သက် မဟုတ်ပါ။ စကားစမြည် ပြောဖို့အတွက် ပဏာမ စကားစခြင်းသာ ဖြစ်ပါတယ်။ စတင်ပြီးတော့ နှုတ်ဆက်တဲ့ အခါမှာတော့ “Hello” ဒါမှမဟုတ် “Hi” လို့ စတင်နှုတ်ဆက်နိုင်ပြီး တစ်ခါတစ်လေ မှာတော့ “What’s up?” လို့လည်း နှုတ်ဆက်တတ်ကြပါတယ်၊ အဲဒီလို တစ်စုံ တစ်ယောက် က နှုတ်ဆက်လာရင်တော့ အထူးအထွေ ပြန်ဖြေစရာ မလိုဘဲ “What’s up?” လို့ပဲ ပြန်ဖြေနိုင်ပါတယ်။
ခုအချိန်ကစပြီး ကိုယ်တိုင်လေ့ကျင့်ဖို့ ၃-မိနစ် အချိန်ပေးကြည့်ပါ။


သင်ခန်းစာ ဗီဒီယိုကြည့်ရန် -

http://youtu.be/WAmmTgDKdmQ

1 comments:

  1. ဟလို.... ဆ၇ာ
    “၃-မိနစ် အင်္ဂလိပ်စကားပြော” မှာပါတဲ့ Youtbue link တွေက ဖွင့်လို့မရဘူးဖြစ်နေတယ်ဆရာ ကူညီပေးစေချင်တယ်..
    ကျေးဇူးတင်ပါတယ်ဆရာ.

    ReplyDelete

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top