upside down: ပြောင်းပြန်  
-       The accident caused one car to turn upside down, its wheels spinning in the air.
မတော်တဆမှုကြောင့် ကားက ပြောင်းပြန်လှန်သွားတယ်( မှောက်သွားတယ်)၊ ကားဘီးက လေထဲမှာ လည်နေတယ်။
-       One of the students was only pretending to read her textbook; the teacher could see that the book was actually upside down.
ကျောင်းသားတစ်ယောက်က စာဖတ်ယောင် ဆောင်နေတယ်၊ ဒါပေမဲ့ သူ့စာအုပ်က ပြောင်းပြန်ဖြစ်နေတာကို ဆရာက သိတယ်။
         
 to fill in: ဖြေဆိုသည်၊ ဖောင်ဖြည့်သည်၊ အကြောင်းကြားသည်၊ ပြောသည်။
-       You should be careful to fill in the blanks on the registration form correctly.
မှတ်ပုံတင် ပုံစံကို မှန်မှန်ကန်ကန်နဲ့ သေသေချာ ဖြည့်သင့်တယ်။
-       Barry was absent from the meeting, so I’d better fill him in.
ဘယ်ရီက အစည်းအဝးမတတ်ဘူး၊ ဒါကြေင့်သူ့ကိုကျွန်တော် ပြောပြလိုက်မယ်။
-       Has anyone filled the boss in on the latest public relations disaster?
နောက်ဆုံးဖြစ်တဲ့ သဘာဝဘေးကိစ္စအကြောင်း သဌေးကို တယောက်ယောက် အကြောင်းကြားပြီး ပြီလား ?
            
to fill out: ပုံစံဖြည့်သည်။ 
-       Every prospective employee must fill out an application by giving name, address, previous jobs, etc.
အလုပ်လျှောက်ထာားသူတိုင်းသည် လျှောက်လွှာမှာ အမည်၊ လိပ်စာ၊ ယခင်အလုပ်အကိုင် စသည်ဖြင့် အားလုံးကို ဖြည့်ရမယ်။

(fill in သည် ပုံစံတစ်ခုလုံး ဖြည့်ခြင်းကို ရည်ညွှန်းပြီး fill out သည် ပုံစံတွင် ပါသည့် ကဏ္ဍတစ်ခုခြင်းစီ အတွက် ဖြည့်ခြင်းကို ဆိုလိုပါသည်။)
         
no matter: ကိစ္စမရှိပါဘူး၊ ဘယ်လိုပဲ ___
(It doesn’t matter ကို အတိုသုံးထားခြင်းဖြစ်ပြီး၊ how, where, when, who စသည့် မေးခွန်းများနှင့်လည်း တွဲဖက် သုံးနိုင်ပါသည်၊)   
-       No matter how much money he spends on his clothes, he never looks well dressed.
အဝတ်အစားအတွက် ပိုက်ဆံတွေ ဘယ်လောက်ပဲသုံးသုံး သူပုံစံက ဘယ်တော့မှ အဝတ်အစားနဲ့ ကြည့်မကောင်းဘူး။
-       No matter where that escaped prisoner tries to hide, the police will find him sooner or later.
-       အကျဉ်းသားတွေက ဘယ်ကနေပဲ ထွက်ပြေးပြီး ပုန်းဖို့ ကြိုးစား ကြိုးစား အနှေးနဲ့ အမြန်ဆိုသလိုပဲ ရဲတွေက ရှာတွေ့မှာပါ။
         
to take up: လေ့လာရန် စတင်သည်၊ အချိန်ယူသည်၊ နေရာယူသည် to begin to do or study, to undertake (S); to occupy space, time, or energy (S)  
-       After today’s exam, the class will be ready to take up the last chapter in the book.
ဒီနေ့ စာမေးပွဲပြီးရင် အတန်းက နောက်ဆုံး အခန်းက စပြီးလေ့လာရမယ်။
-       The piano takes up too much space in our living room
စန္ဒယားက အခန်းထဲမှာ တော်တော် နေရာယူတယ်။
                  
in the long run: ရေရှည်မှာ  eventually, after a long period of time   
-       Don’t do like that. You’ll be in trouble in the long run.
အဲဒီလို မလုပ်နဲ့၊ မင်းရေရှည်မှာ ဒုက္ခရောက်လိမ့်မယ်။
-       If you work hard at your marriage, you’ll find out that, in the long run, your spouse can be your best friend in life.
အိမ်ထောင်ရေးအတွက် ကြိုးစားရင် ရေရှည်မှာ ကိုယ့်ရဲ့ ဘဝကြင်ဖော်နဲ့ အကောင်းဆုံး လက်တွဲနိုင်တာကို တွေ့ရလိမယ့်မယ်။
         
be in touch (with): အဆက်အသွယ်ရှိသည်၊ ဆက်သွယ်သည်။
-       James will be in touch with us soon to relay the details of the plan.
ဂျိမ်း(စ်) က အစီအစဉ်ကိစ္စ အတွက် ငါတို့ကို မကြာခင် ဆက်သွယ်လိမ့်မယ်။

out of touch with: အဆက်အသွယ် မရှိ၊ အဆက်အသွယ် ပြတ်သည်။  
-       Mary and I had been out of touch for years, but then suddenly she called me up the other day.
မေရီ နဲ့ ကျွန်တော် အဆက်အသွယ် ဖြတ်နေတာ ကြာပြီ၊ ဒါပေမဲ့ တစ်နေ့တော့ ရုတ်တရက်ကြီး ကျွန်တော့်ကို ဖုန်းဆက်တယ်။
-       Larry has been so busy that he seems out of touch with world events.

လာရီက အရမ်းအလုပ်ရှုပ်နေတော့ ကမ္ဘာကြီး နဲ့ အဆက်အသွယ်ပြတ်နေတယ်။

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top