ဘာသာစကား လေ့လာတဲ့အခါ စကားလုံးတွေဟာ အလွန်အရေးကြီးပါတယ်။ အဓိပ္ပာယ်တူပေမယ့် အသုံးအနှုန်းမတူတာတွေ၊စကားလုံးတူပေမယ့် အဓိပ္ပယ်မတူတာတွေ စသည့်အချက်တွေကို ဘာသာစကား လေ့လာသူတိုင်း မလွဲမသွေ တွေ့ကြုံကြရမှာပါ။ စကားလုံးတစ်လုံးကို အမျိုးမျိုးသုံးစွဲခြင်းဖြင့် နေ့စဉ်စကား ပြောရာတွင် များစွာ အသုံးဝင်နိုင်ပါတယ်။

ဒီတစ်ပတ်မှာ “Turn” ဆိုတဲ့ စကားလုံးရဲ့ အသုံးအနှုန်းတွေကို လေ့လာကြရအောင် ….

Turn ကို verb (ကြိယာ) အဖြစ်သုံးသော ပုံစံများ

-       Turn the steering wheel as quickly as you can.
စီယာတိုင်ကို မြန်မြန်နိုင်သမျှ မြန်မြန် လှည့်လိုက်ပါ။
-       The car skidded, turned over and burst into flames.
ကားက မှောက်ပြီးတော့ လိမ့်သွားပြီး မီးလောင် ပေါက်ကွဲသွားတယ်။
-       He turns the pages.
သူက စာရွက်တွေကို လှန်တယ်။
-       Her thoughts turn to her dead husband.
သူ(မ)ရဲ့ အတွေးတွေက သူမရဲ့ ဆုံးသွားတဲ့ ခင်ပွန်းဆီကို ရောက်သွားတယ်။
-       They turned theirs dogs on us.
သူတို့က ကျွန်တော်တို့ကို ခွေးတွေနဲ့ ရှုးတိုက်လွှတ်တယ်။
-       They turn the horses into a field.
သူတို့က မြင်းတွေကို ကွင်းထဲကို လွှတ်လိုက်တယ်။
-       He turned up the collar of his coat.
သူ့ ကုတ်အင်္ကျီ ကော်လာကို ပင့်တင်လိုက်တယ်။
-       The car turned the corner and disappeared from sight.
ကားက လမ်းထောင့်ကို ကွေ့ပြီး မြင်ကွင်းက ပျောက်သွားတယ်။
-       The road turns to the right after the church.
လမ်းက ဘုရားရှိခိုးကျောင်းပြီးတော့ ညာဖက်ကို ချိုးသွားတယ်။
-       The milk turned sour because of the sun’s heat.
နေပူချိန်ကြောင့် နွားနို့က ချဉ်သွားတယ်။
-       She turned forty last June.
သူ(မ)က ပြီးခဲ့တဲ့ ဇွန်လမှာ အသက် ၄၀ ပြည့်ခဲ့တယ်။
-       Caterpillars turn into butterflies.
ပေါက်ဖတ်ကောင်လေးတွေက လိပ်ပြာလေးတွေအဖြစ် အသွင်ကူးပြောင်းသွားတယ်။
-       Water turns into ice when it freezes.
ရေသည် အေးခဲသွားသောအခါ ရေခဲဖြစ်သွားသည်။
-       The carpenter turns a chair leg.
လက်သမားက ကုလားထိုင် ခြေထောက် ကို ပန်းပွတ်သည်။

Turn ကို noun (နာမ်) အဖြစ်သုံးသော ပုံစံများ
-       Please give the handle a few turns.
ကျေးဇူးပြုပြီး လက်ကိုင်ကို နည်းနည်းလောက် လှည့်ပေးပါ။
-       Please take a left turn.
ကျေးဇူးပြုပြီး ဘယ်ဖက်ကို လှည့်ပါ။
-       The lane is full of twists and turns.
လမ်းကျဉ်းလေးက အကွေ့တွေ အကောက်တွေနဲ့ ပြည့်နေတယ်။
-       Matters have taken an unexpected turn.
ကိစ္စတွေမှာ မမျှော်လင့်တဲ့ အလှည့်အပြောင်းတွေ ရှိတယ်။
-       Whose turn is it to do the washing up?
ဆေးကြောဖို့အတွက် ဘယ်သူ့အလှည့်လဲ
-       I think I will take a turn round the garden.
ဥယျာဉ်ကို တစ်ပတ်လောက် လမ်းလျှောက်ဖို့ ကျွန်တော် စဉ်းစားမိတယ်။
-       This is a song turn.
ဒါက သီချင်း အလှည့်ပါ။ (ဖျော်ဖြေရေးပွဲများတွင် သီချင်းအလှည့် အကအလှည့် စသည်ဖြင့် သုံးပါတယ်။)

Turn နှင့် ပတ်သက်သော အခြားအသုံးအနှုန်း ပုံစံများ
U-turn           = ဂငယ်ကွေ့
Star turn        = အဓိက ဖျော်ဖြေမှု အစီအစဉ်

အင်္ဂလိပ်ဘာသာစကား လေ့လာသူတွေ စကားလုံး အသုံးအနှုန်း ကြွယ်ဝ ကြပါစေ ……

အောင်ကိုဦး (UMK)

Be the Best !

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top