ဘာသာစကား လေ့လာတဲ့အခါ စကားလုံးတွေဟာ အလွန်အရေးကြီးပါတယ်။ အဓိပ္ပာယ်တူပေမယ့် အသုံးအနှုန်းမတူတာတွေ၊စကားလုံးတူပေမယ့် အဓိပ္ပယ်မတူတာတွေ စသည့်အချက်တွေကို ဘာသာစကား လေ့လာသူတိုင်း မလွဲမသွေ တွေ့ကြုံကြရမှာပါ။ စကားလုံးတစ်လုံးကို အမျိုးမျိုးသုံးစွဲခြင်းဖြင့် နေ့စဉ်စကား ပြောရာတွင် များစွာ အသုံးဝင်နိုင်ပါတယ်။

ဒီတစ်ပတ်မှာ “Fall” ဆိုတဲ့ စကားလုံးရဲ့ အသုံးအနှုန်းတွေကို လေ့လာကြရအောင် ….

Fall ကို verb (ကြိယာ) အဖြစ်သုံးသော ပုံစံများ

-       He slipped and fell.
သူခြေချော်ပြီးတော့ လဲကျခဲ့တယ်။
-       He fell into the river.
သူ မြစ်ထဲကို ပြုတ်ကျသွားခဲ့တယ်။
-       The baby was trying to walk but kept falling.
ကလေးက လမ်းလျှောက်ဖို့ ကြိုးစားတယ်၊ ဒါပေမယ့် ဆက်ပြီး လဲကျနေတယ်။
-       Many trees fell in the storm.
မုန်တိုင်းထဲမှာ သစ်ပင်တွေ အမြောက်အများ လဲကျသွားတယ်။
-       The rain was falling steadily.
မိုးက မှန်မှန် ရွာချနေတယ်။
-       The leaves fall in autumn.
သစ်ရွက်တွေက ဆောင်းဦးပေါက်မှာ ကြွေကျနေတယ်။
-       Her hair fell over her shoulders.
သူ(မ)ရဲ့ ဆံပင်တွေက ပခုံးပေါ်မှာ ဖားလျားကျနေတယ်။
-       The profits have fallen by 30 percent.
အမြတ်အစွန်းက ၃၀-ရာခိုင်နှုန်း ကျဆင်းသွားပြီ။
-       The temperature fell sharply in the night.
ညဖက်မှာ အပူအချိန်က ရုတ်တရက် ကျသွားခဲ့တယ်။
-       Has she fallen ill again?
သူ(မ) ထပ်ပြီးတော့ ဖျားပြန်ပြီလား။
-       The house fell into decay.
အိမ်က ပျက်စီးယိုယွင်း သွားပြီ။
-       An expectant hush fell on the guests.
ဧည့်သည်တွေက မမျှော်လင့်ဘဲ တိတ်ဆိတ်သွားတယ်။
-       Christmas Day falls on a Monday.
ခရစ်စမတ်နေ့က တနင်္လလာနေ့မှာ ကျရောက်တယ်။
-       The fall in love each other.
သူတို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် ချစ်သွားကြပြီ။
-       This falls under the heading of scientific research.
ဒီကိစ္စက သိပ္ပံဆိုင်ရာ သုတေသန ပြုချက် ခေါင်းစဉ်အောက်တွင် အကျုံးဝင်တယ်။
-       Which syllable does the stress of this word falls on?
ဒီစကားလုံးရဲ့ ဘယ်အသံမှာ ဖိသံ ရှိလဲ။
-       Not a word fell from his lips.
သူ့နှုတ်ခမ်းက ဘာစကားမှ ဖွင့်မပြောဘူး။

Fall ကို noun (နာမ်) အဖြစ်သုံးသော ပုံစံများ
-       I have a fall from horse and broke my arm.
ကျွန်တော် မြင်းပေါ်က လိမ့်ကျပြီးတော့ လက်မောင်းကျိုးသွားတယ်။
-       A heavy fall of snow
နှင်းအလွန်ကျခြင်း
-       The fall of cards/dice
ဖဲကျခြင်း/ အံစာတုံးကျခြင်း
-       The fall of Roman Empire
ရောမအင်ပါယာကြီး ပျက်စီးခြင်း
-       The Niagara Falls
နိုင်ယာဂယာ ရေတံခွန်
-       Fall
ဆောင်းဦးပေါက်၊ (အမေရိကန်က autumn လို့ သုံးပါတယ်။)


အင်္ဂလိပ်ဘာသာစကား လေ့လာသူတွေ စကားလုံး အသုံးအနှုန်း ကြွယ်ဝ ကြပါစေ ……

အောင်ကိုဦး (UMK)

Be the Best !

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top