ဘာသာစကား လေ့လာတဲ့အခါ စကားလုံးတွေဟာ အလွန်အရေးကြီးပါတယ်။
အဓိပ္ပာယ်တူပေမယ့် အသုံးအနှုန်းမတူတာတွေ၊စကားလုံးတူပေမယ့် အဓိပ္ပယ်မတူတာတွေ စသည့်အချက်တွေကို
ဘာသာစကား လေ့လာသူတိုင်း မလွဲမသွေ တွေ့ကြုံကြရမှာပါ။ စကားလုံးတစ်လုံးကို အမျိုးမျိုးသုံးစွဲခြင်းဖြင့်
နေ့စဉ်စကား ပြောရာတွင် များစွာ အသုံးဝင်နိုင်ပါတယ်။
ဒီတစ်ပတ်မှာ “Stand” ဆိုတဲ့ စကားလုံးရဲ့ အသုံးအနှုန်းတွေကို
လေ့လာကြရအောင် ….
Stand
ကို verb (ကြိယာ) အဖြစ်သုံးသော ပုံစံများ
-
She
was too weak to stand.
သူမက အားနည်းလွန်းလို့
မတ်တတ် မရပ်နိုင်ဘူး။
-
After
the storm, few trees were left standing.
မုန်တိုင်းပြီးသွားတဲ့အခါ
မလဲပဲကျန်နေတဲ့ သစ်ပင်ရယ်လို့ မရှိသလောက်ပါပဲ။
-
Don’t
stand cans of petrol near the fire.
ဓါတ်ဆီပုံးတွေကို
မီးဖိုနားမှာ မထားပါနဲ့။
-
Stand
the ladder up against the wall.
လှေကားကို
နံရံမှာ မှီပြီး ထောင်ထားလိုက်ပါ။
-
The
tower stands 60 m high.
မျှော်စင်က
မီတာ-၆၀ အမြင့်ရှိသည်။
-
The
train is standing at the platform.
ရထားက စင်္ကြန်တွင်
ရပ်နေသည်။
-
This
law still stands.
ဤဥပဒေသည်
တည်ဆဲဖြစ်သည်။
-
There
is now factory where our house once stood.
တစ်ချိန်က
ကျွန်တော်တို့ အိမ်ရှိခဲ့သော နေရာတွင် ယခု စက်ရုံရှိသည်။
-
The
emergency services stand ready to help if necessary.
အရေးပေါ်ဝန်ဆောင်မှုများက
လိုအပ်ရင် အကူအညီပေးဖို့ အဆင့်သင့်ရှိတယ်။
-
As
matters stand, we can do nothing to help.
လက်ရှိအခြေအနေအရ
ကျွန်တော်တို့ ကူညီနိုင်မယ့် လမ်းမရှိပါ။
-
How
do you stand financially?
-
မင်း
ငွေရေးကြေးရေး အခြေအနေ ဘယ်လိုရှိလဲ
-
The
church clock stands at ten to four.
ဘုရားရှိခိုးကျောင်း
နာရီက ၄-နာရီထိုးဖို့ ၁၀-မိနစ် လိုသေးတယ်။
-
I
can’t stand hot weather.
ပူလောင်တဲ့
ရာသီဥတုကို သည်းမခံနိုင်ဘူး။
-
He
is standing as Parliamentary candidate for our district.
သူက ကျွန်တော်တို့
ခရိုင်ရဲ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် အရွေးခံမယ်။
-
He
will stand (his) trial for murder.
လူသတ်မှုအတွက်
သူ ရုံးတင်စစ်ဆေးခံရမည် ဖြစ်သည်။
-
Let
me stand you a drink!
မင်းကိုငါ
အရက်တိုက်ပါရစေ။ (ယခုဝါကျတွင် stand သည် ဒကာခံသည် ဟု အဓိပ္ပာယ်ရသည်။)
Stand
ကို noun (နာမ်) အဖြစ်သုံးသော ပုံစံများ
-
The
troops made a brave stand against the enemy.
စစ်တပ်က
ရန်သူကို ခုခံတိုက်ခိုက်ဖို့အတွက် ရဲရဲရင့်ရင့် ကြံ့ကြံ့ခံရပ်တည် ခဲ့ကြတယ်။
-
The
sculpture had been removed from its stand for cleaning.
ပန်းပုရုပ်ကို
တင်သည့် စင်မှ ဆေးကြောရန် သယ်ယူသွားသည်။
-
The
stand was crowded.
ပွဲကြည့်စင်မှာ
ပြည့်ကျပ်နေသည်။
-
The
witness takes the stand.
သက်သေက သက်သေထွက်ဆိုရန်
နေရာတွင် နေရာယူသည်။
Stand
နှင့် ပတ်သက်သော အခြားအသုံးအနှုန်း ပုံစံများ
New-stand = စာနယ်ဇင်း အရောင်းဆိုင်
Grandstand = အထူးတန်း
Taxi stand = အငှားယဉ်ဂိတ်
Music stand = တေးသွား စာရွက် ညှပ်ရန် ပြုလုပ်ထားသော စင်
Stand-in = (စတန့်ပြကွက်များတွင် ဇာတ်ဆောင်နေရာတွင်) အစားဝင်ပေးသူ
Stand-up = လက်တန်း ပျက်လုံးထုတ်သော လူရွှင်တော်
အင်္ဂလိပ်ဘာသာစကား လေ့လာသူတွေ
စကားလုံး အသုံးအနှုန်း ကြွယ်ဝ ကြပါစေ ……
အောင်ကိုဦး
(UMK)
Be the
Best !
0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....