နေ့စဉ်
အင်္ဂလိပ်စကားပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သောစကားစု (Phrases) များကိုဆက်လက်
ရေးသားလိုက်ပါသည်။ ယခုတစ်ပတ်တွင် အိမ်မှာနေရင်း ပြောဆိုလေ့ရှိသော စကားများနှင့် စားရင်းသောက်ရင်း
ပြောလေ့ရှိသော စကားများကို ဖော်ပြလိုက်ပါသည်။ ဖော်ပြထားသော ဥပမာဝါကျများကို အခြေခံကာ
လိုအပ်သလိုဆပွား အသုံးပြုနိုင် ပါသည်။
Would anyone like a
tea or coffee? - လက်ဘက်ရည်/ကော်ဖီ ဘယ်သူသောက်မလဲ
Would anyone like a
cup of tea? - လက်ဘက်ရည်တစ်ခွက်လောက်
ဘယ်သူသောက်မလဲ
I'll put the kettle
on - ရေနွေးအိုး တည်မယ်
The kettle's boiled - ရေနွေးအိုး ဆူပြီ
Can you put the
light on? - မီးဖွင့်ပေးလို့ရမလား
Can you switch the
light on? - မီးဖွင့်ပေးလို့ရမလား
Can you turn the
light off? - မီးပိတ်ပေးလို့ရမလား
Can you switch the
light off? - မီးပိတ်ပေးလို့ရမလား
Is there anything I
can do to help? - ကျွန်တော် ကူညီပေးလို့ရတာများ
ရှိလား
Could you help me
wash the dishes? - ကျွန်တော့်ကို ပန်းကန်တွေ
ကူဆေးပေး နိုင်မလား
I'm going to bed - ကျွန်တော် အိမ်ရာဝင်တော့မယ်
အိမ်မှာ
အပန်းဖြေရင်း တီဗီအစီအစဉ်တွေ ကြည့်တဲ့ အခါ သုံးတဲ့ စကားပြောပုံစံတွေကို ဆက်လက် လေ့လာကြည့်ရအောင်ပါ။
Is there anything
good on TV? - တီဗွီမှာ ဘာအစီအစဉ်ကောင်းလဲ
Is there anything
good on television tonight?- ဒီည တီဗွီမှာ ဘာအစီအစဉ်ကောင်းလဲ
Do you want to watch
a film? - ခင်ဗျား ရုပ်ရှင်ကြည့်ချင်လား
Do you want me to
put the TV on? - တီဗွီ ဖွင့်ပေးရမလား
Could you pass me
the remote control? - ရီမု(ထ်)လေး လှမ်းပေးလို့
ရမလား
Do you want a game
of Chess? - ချက်(စ်) ကစားချင်လား
What time's the
football match on? - ဘောလုံးပွဲ ဘယ်အချိန်လာမှာလဲ
Who's playing? - ဘယ်သူကစားနေတာလဲ
What's the score? - ပွဲကဘယ်လို ဖြစ်သွားလဲ
(score = ဂိုးရလဒ်)
Who won? - ဘယ်သူနိုင်သွားလဲ
It was a draw - သရေကျသွားတယ်
တီဗွီမှာ လာနေတဲ့ အစီအစဉ်ဖြစ်ဖြစ်၊
ရုပ်ရှင်ရုံမှာ ရုံတင်နေတဲ့ဇာတ်ကားကိုပဲ ဖြစ်ဖြစ် ပြောချင်တဲ့အခါ on ကိုသုံးပါတယ်။
ဥပမာ - Rio 2 is on at the Nay Pyi Taw cinema. (နေပြည်တောရုံမှာ Rio 2 ဇာတ်ကား ရုံတင်နေပါတယ်။)
What's for breakfast? - မနက်စာဘာရှိလဲ
What's for lunch? - နေ့လည်စာ ဘာရှိလဲ
What's for dinner? - ညနေစာ ဘာရှိလဲ
Breakfast's ready - မနက်စာ အဆင့်သင့်
ဖြစ်နေပြီ
Lunch is ready - နေ့လည်စာ
အဆင့်သင့် ဖြစ်နေပြီ
Dinner's ready - ညနေစာ အဆင့်သင့်
ဖြစ်နေပြီ
What would you like
for breakfast? - မနက်စာ ဘာစားချင်လဲ
What would you like
for lunch? - နေ့လည်စာ ဘာစားချင်လဲ
What would you like
for dinner? - ညနေစာ ဘာစားချင်လဲ
Would you like some
toast? - ပေါင်မုန်မီးကင်
ကြိုက်လား
Could you pass the salt,
please? - ဆားလေး တဆိတ်လောက် ကမ်းပေးလို့
ရမလား
Could you pass the
sugar, please? - သကြားလေး တဆိတ်လောက်
ကမ်းပေးလို့ ရမလား
Could you pass the butte,
please? - ထောပတ်လေး တဆိတ်လောက် ကမ်းပေးလို့ရမလား
Would you like a
glass of water? - ရေတစ်ခွက်လောက်
သောက်မလား
Would you like a
glass of orange juice? - လိမ္မော်ရည်တစ်ခွက်လောက်
သောက်မလား
Would you like a
glass of wine? - ဝိုင်တစ်ခွက်လောက်
သောက်မလား
Careful, the plate's
very hot! - သတိထားနော် ပန်းကန်က
အရမ်းပူတယ်
Would you like some
more? - ထပ်စားအုံးမလား
Have you had enough
to eat? - စားလို့ရသေးလား
Would anyone like
dessert? - အချိုပွဲ ထပ်စားဦးမလား
Would anyone like
coffee? - ကော်ဖီ သောက်ဦးမလား
What's for dessert? - အချိုပွဲစားဖို့
ဘာရှိလဲ
I'm full -
ဗိုက်ပြည့်နေပြီ
There’s no room in
my stomach. - ဗိုက်မဆန့် တော့ဘူး
That was excellent - အရမ်းကောင်းတယ်
That was very tasty - အရမ်း အရသာ ရှိတယ်
That was delicious - အရသာ အလွန်ရှိတယ်
“လွယ်လွယ်ကူကူအင်္ဂလိပ်စကားပြောနိုင်ကြပါစေ
… ”
အောင်ကိုဦး(UMK)
Be the Best !
0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....