နေ့စဉ်
အင်္ဂလိပ်စကားပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သောစကားစု (Phrases) များကိုဆက်လက်
ရေးသားလိုက်ပါသည်။ ယခုတစ်ပတ်တွင် ယခင်တစ်ပတ်ကရေးသားခဲ့သော အချိန်နှင့် ဆက်စပ်နေသော
နေ့ရက်ဆိုင်ရာစကားစုများ နှင့် ရာသီဥတုနှင့်ပတ်သက်သော စကားစုများကို ဆက်လက် ရေးသားလိုက်ပါတယ်။
ဖော်ပြထားသော ဥပမာဝါကျများကို အခြေခံကာ လိုအပ်သလိုဆပွား အသုံးပြုနိုင် ပါသည်။
What's the date
today? -
ဒီနေ့ ဘယ်နှစ်ရက်လဲ
What's today's date? -
ဒီနေ့ ဘယ်နှစ်ရက်လဲ
15 October -
အောက်တိုဘာ ၁၅ ရက်
Monday, 1 January -
ဇန်နဝါရီလ ၁-ရက်၊ တနင်္လာ
on 2 February -
ဖေဖော်ဝါရီလ ၂-ရက်
at the beginning of July - ဇူလိုင်လ အစပိုင်းမှာ
in mid-December - ဒီဇင်ဘာလ အလယ်လောက်မှ
at the end of March - မတ်လကုန်မှာ
by the end of June -
ဇွန်လကုန်
နေ့ရက်များ
အကြောင်းပြောတဲ့အခါ ဥပမာ ဖော်ပြထားတဲ့ 15 October ကို ပြောတဲ့အခါ the fifteenth of
October သို့မဟုတ် October the fifteenth လို့ပြောနိုင်ပါတယ်။ အဲဒီလိုပဲ Monday, 1
January ကို Monday, the first of January သို့မဟုတ် Monday, January the first ၊ on
2 February ကို on the second of February သို့မဟုတ် on February the second လို့ပြောရပါတယ်။
What's the weather
like? - ရာသီဥတု ဘယ်လိုလဲ
How is the weather
today? - ဒီနေ့ ရာသီဥတု
အခြေအနေဘယ်လိုလဲ
It's sunny - နေသာတယ်
It's cloudy - တိမ်ထူတယ်
It's windy - လေတိုက်တယ်
It's foggy - မြူကျတယ်
It's stormy - မိုးလေထန်နေတယ်
It's raining - မိုးရွာနေတယ်
It's hailing - မိုးသီးတွေ
ကြွေနေတယ်
It's snowing - နှင်းကျနေတယ်
What a nice day! - သာယာတဲ့ နေ့တစ်နေ့ပဲ
What a beautiful
day! - သာယာတဲ့
နေ့တစ်နေ့ပဲ
It's not a very nice
day - သိပ်တော့ သာယာတဲ့နေ့တစ်နေ့တော့
မဟုတ်ဘူး
What a terrible day! - တော်တော် ဆိုးတဲ့နေ့ပဲ
What miserable
weather! - စိတ်ပျက်ဖို့
ကောင်းတဲ့နေ့ပဲ
It's starting to
rain - မိုးစရွာနေပြီ
It's stopped raining - မိုးတိတ်သွားပြီ
It's pouring with
rain - မိုးက သွန်ချသလို
ရွာတယ်
It's raining cats
and dogs - မိုးက သည်းသည်းမဲမဲ
ရွာတယ်
The weather's fine - ရာသီဥတု သာယာတယ်
The sun's shining - နေသာနေတယ်
There's not a cloud
in the sky - ကောင်းကင်မှာ
တိမ်ကင်းစင် နေတယ်
The sun's come out - နေထွက်လာပြီ
The sun's just gone
in - ခုလေးတင် နေဝင်သွားပြီ
There's a strong
wind - လေက တော်တော်
ပြင်းတယ်
That sounds like
thunder - မိုးခြိမ်းသံနဲ့
တူတယ်
That's lightning - လျှပ်စီးတွေလက်နေတယ်
We had a lot of heavy
rain this morning - ဒီမနက် မိုးတွေ အကြီးအကျယ်
မိတယ်
တစ်နေ့တာ ရာသီဥတုနဲ့
ပတ်သက်တဲ့ စကားစုများကို ဆက်လက် လေ့လာကြည့်ရအောင်ပါ … ။
What's the
temperature? - အပူချိနိဘယ်လောက်ရှိလဲ
It's 22°C - ၂၂
ဒီဂရီ စင်တီဂရိတ်
What temperature do
you think it is? - အပူချိန်ဘယ်လောက် ရှိမယ် မင်ထင်လဲ
Probably about
30°C - ၃၀ ဒီဂရီ စင်တီဂရိတ် လောက်တော့ ရှိမယ်
It's hot -
ပူတယ်
It's cold - အေးတယ်
It's baking hot - ပူတာမှ ကျက်လောက်တယ်
It's freezing - အရမ်းအေးတယ်
What's the
forecast like? - ရာသီဥတု ခန့်မှန်းချက် ဘယ်လိုလဲ
It's forecast to
rain - မိုးရွာမယ်လို့ ခန့်မှန်းတယ်
It's going to
freeze tonight - ဒီည အရမ်းအေးမယ် ခန့်မှန်းတယ်
It looks like rain - မိုးရွာမယ့်
ပုံပဲ
There will be a
thunderstorm - မိုးသက်မုန်တိုင်း ရှိမယ်
It's supposed to
clear up later
ရာသီဥတုနဲ့
ပတ်သက်လို့ အင်္ဂလိပ်ဘာသာစကားမှာ Weather, Season, Climate စတဲ့ စကားလုံးတွေကို တွေ့နိုင်ပါတယ်။
Weather ကတော့ daily condition ဖြစ်တဲ့ နေ့စဉ်အခြေအနေကို ဆိုလိုပါတယ်၊ Season ကတော့
monthly condition ဖြစ်တဲ့ လအလိုက် အခြေအနေကို ဆိုလိုပြီး Climate ကတော့ yearly
condition ဖြစ်တဲ့ နှစ်အလိုက် အခြေအနေကို ဆိုလိုပါတယ်။
“လွယ်လွယ်ကူကူအင်္ဂလိပ်စကားပြောနိုင်ကြပါစေ
… ”
အောင်ကိုဦး(UMK)
Be the Best !
0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....