နေ့စဉ်
အင်္ဂလိပ်စကားပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သောစကားစု (Phrases) များကိုဆက်လက်
ရေးသားလိုက်ပါသည်။ ယခုတစ်ပတ်တွင် ယခင်တစ်ပတ်ကရေးသားခဲ့သော အချိန်နှင့် ပတ်သက်သော စကားစုများကို
ဆက်လက်ရေးသားလိုက်ပါတယ်။ ဖော်ပြထားသော ဥပမာဝါကျများကို အခြေခံကာ လိုအပ်သလိုဆပွားအသုံးပြုနိုင်ပါသည်။
Now -
အခု
Then -
အဲဒီနောက်
immediately or
straight away -
ချက်ချင်း
Soon -
မကြာခင်
Earlier (a few
minutes earlier) -
စော၍
Later (a few minutes
later) - ပြီးနောက်
Five minutes ago - ၅-မိနစ်အကြာက
in ten minutes' time
or in ten minutes - ၁၀-မိနစ်အတွင်း
the previous day - မနေ့က
the following day - မနက်ဖြန်
earlier,
later, ago, in ___ time, previous, following စသည့် စကားလုံးများကို လိုအပ်သလို အချိန်များ
အစားထိုးကာ အသုံးပြုနိုင်ပါတယ်။ ဥပမာ -
an hour ago, a week
ago, two weeks ago, a month ago, a year ago, a long time ago, in an hour's time
or in an hour, in a week's time or in a week, in ten days' time or in ten days,
in three weeks' time or in three weeks, in two months' time or in two months, in
ten years' time or in ten years, the previous week, the previous month, the
previous year, the following week, the following month, the following year
I lived in Canada
for six months - ကနေဒါ မှာ ၆-လကြာအောင်
နေခဲ့တယ်
I've worked here
for nine years - ကျွန်တော်ဒီမှာ
လုပ်နေတာ ၉-နှစ်ရှိပြီ
We were swimming
for a long time - ကျွန်တော်တို့ အကြာကြီးပဲ
ရေကူးနေခဲ့တယ်။
တစ်ခုခုလုပ်သည့်အခါ
ကြာချိန်ကို ဖော်ပြလိုသောအခါ for ဖြင့်အသုံးပြုနိုင်ပါတယ်။ I've worked here for
nine years. ဆိုတဲ့ဝါကျကို I've worked here since 2005. (ကျွန်တော် ၂၀၀၅-ခုနှစ်ကတည်းက
ဒီမှာအလုပ်လုပ်နေတယ်) လို့ ပြောင်းလဲ သုံးစွဲနိုင်ပါတယ်။
Never - ဘယ်တော့မှ
(၀%)
Rarely - ရှားတယ်
(၁၀%)
Occasionally - အခါအားလျော်စွာ
(၂၀%)
Sometimes - တစ်ခါတစ်ရံ
(၃၀%)
often or
frequently - မကြာခဏ
(၇၀%)
usually or
normally - အမြဲတမ်းလိုလို
(၈၀%)
always - အမြဲတမ်း
(၁၀၀%)
every day or daily - နေ့တိုင်း (သို့) နေ့စဉ်
every week or
weekly - အပတ်တိုင်း (သို့)
အပတ်စဉ်
every month or
monthly - လတိုင်း (သို့) လစဉ်
every year or
yearly - နှစ်တိုင်း
(သို့) နှစ်စဉ်
every Sunday or on
Sunday s - တနင်္ဂနွေနေ့တိုင်း
ဖော်ပြပါ frequency
adverb များကို တစ်ခုခုကို လုပ်လေ့လုပ်ထရှိတဲ့ အကြိမ်အရေအတွက်နှုန်းများ အပေါ်တွင်မူတည်ကာ
လိုအပ်သလို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် လုပ်လေ့လုပ်ထရှိသော ကိစ္စများကို once,
twice, three times, four times စသော စကားလုံးများကိုလည်း လိုအပ်သိလို အချိန်များနှင့်
တွဲဖက်ကာ အသုံးပြုနိုင်ပါတယ်။ ဥပမာ - once a day, once a week, once a month, once
a year, twice a day, twice a week, twice a month, twice a year, three times a
day, three times a week, three times a month, three times a year
What's the time? - ဘယ်နှစ်နှာရီထိုးပြီလဲ
What time is it? - ဘယ်နှစ်နှာရီထိုးပြီလဲ
Could you tell me
the time, please? - ကျေးဇူးပြုပြီး နာရီလေးတစ်ဆိတ်လောက်
ပြောပေးပါ
Do you know what
time it is? - ဘယ်နှစ်နာရီထိုးပြီလဲ
ခင်ဗျားသိလား
It's one o'clock - ၁-နာရီထိုးပြီ
Quarter past one - ၁-နာရီ၊ ၁၅-မိနစ်
Half past one - ၁-နာရီခွဲ
Quarter to two - ၂-နာရီထိုးဖို့ ၁၅-မိနစ်အလို
(သို့) ၁-နာရီ၊ ၄၅-မိနစ်
Midnight - ညသန်းခေါင်
၁၂-နာရီ
Midday or noon - နေ့လည် ၁၂-နာရီ
my watch is fast - ကျွန်တော့်နာရီက မြန်တယ်
my watch is slow - ကျွန်တော့်နာရီက နှေးတယ်
that clock's a
little fast - အဲဒီနာရီက
နည်းနည်း မြန်တယ်
that clock's a
little slow - အဲဒီနာရီက နည်းနည်း
နှေးတယ်
အချိန်နာရီကို ပြောလိုတဲ့အခါ
ကျော်ရင် past သုံးပြီး မထိုးခင်ကို to နဲ့ သုံးပါတယ်၊ ၅-မိနစ်/ ၁၀-မိနစ် စသည်များကို
မူလဂဏန်းများအတိုင်း 5 past/ 10 past လို့သုံးပေမယ့် ၁၅-မိနစ် ကို quarter ၊ နာရီဝက်ကို
half လို့သုံးပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ ဒစ်ဂျစ်တယ်နာရီအတိုင်း ပြောလေ့ရှိ
ကြပါတယ်။ ဥပမာ - 10:15 ကို ten fifteen လို့ပြောနိုင်ပါတယ်။
“လွယ်လွယ်ကူကူအင်္ဂလိပ်စကားပြောနိုင်ကြပါစေ
… ”
အောင်ကိုဦး(UMK)
Be the Best !
0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....