နေ့စဉ်
အင်္ဂလိပ်စကားပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သောစကားစု (Phrases) များကိုဆက်လက်
ရေးသားလိုက်ပါသည်။ စကားစုပုံစံများကိုအခြေခံမှ စတင်ကာနေရာဒေသအလိုက် ပြောဆိုသုံးနှုန်းနိုင်သောပုံစံများကိုအစီအစဉ်အလိုက်
ရေးသားပါမည်။ ဖော်ပြထားသော ဥပမာဝါကျများကို အခြေခံကာ လိုအပ်သလိုဆပွားအသုံးပြုနိုင်ပါသည်။
Have you got any
plans for this evening? - ခင်ဗျား
ဒီညနေ ဘာအစီအစဉ်ရှိလဲ
Are you free this
evening? - ခင်ဗျား ဒီညနေ အားလား
What would you like
to do this evening? - ဒီညနေ ဘာလုပ်ချင်လဲ
Do you want to go
somewhere at the weekend? - စနေ/တနင်္ဂနွေမှာ
ဘယ်သွားချင်လဲ
Would you like to
join me for something to eat? - ကျွန်တော့်နဲ့အတူ
တစ်ခုခု စားပါလား
Do you fancy going
out tonight? - ဒီည အပြင်ထွက်ချင်လား
I'd love to -
သိပ်ထွက်ချင်တာပေါ့
I'm afraid I already
have plans - အားတော့နာတယ်၊
အစီအစဉ်ရှိပြီးသားပါ
I'm too tired -
ကျွန်တော် အရမ်းပင်ပန်းနေတယ်
I've got too much
work to do - ကျွန်တော့်မှာ
လုပ်စရာတွေအများကြီးရှိတယ်
fancy ကို verb အနေနဲ့သုံးရင် want
နဲ့ အဓိပ္ပာယ်တူပါတယ်၊ အလိုရှိသည်/ ဆန္ဒရှိသည် လို့ သုံးနိုင်ပါတယ်။
What time shall we
meet? - ကျွန်တော်တို့ ဘယ်အချိန်လောက်
တွေ့ကြမလဲ
Let's meet at
eight o'clock - ၈-နာရီလောက်တွေ့ ကြမယ်လေ
Where would you
like to meet? - ခင်ဗျား ဘယ်မှာ တွေ့ချင်လဲ
I'll see you at
ten o'clock - ခင်ဗျားကို ၁၀-နာရီမှာ
တွေ့မယ်
I'll see you in
the pub - ခင်ဗျားကို ဘုံဆိုင်မှာ
တွေ့မယ်
I'll see you at
the cinema - ခင်ဗျားကို ရုပ်ရှင်ရုံမှာ
တွေ့မယ်
I'll meet you
there - ခင်ဗျားကို
အဲဒီမှာ တွေ့မယ်
See you there! - အဲဒီမှာ တွေ့ကြမယ်
I'll call you
later - နောက်မှ
ဖုန်းဆက်လိုက်မယ်
What's your
address? - ခင်ဗျားရဲ လိပ်စာကဘာလဲ
See ဆိုတဲ့ စကားလုံးက ကြည့်တယ်၊
မြင်တယ် ဆိုတဲ့ အဓိပ္ပာယ်တွေ အပြင် တွေ့တယ်၊ နားလည်တယ်၊ သဘောပေါက်တယ်၊ ဆိုတဲ့အဓိပ္ပာယ်တွေနဲ့
ပါအသုံးပြုနိုင်ပါတယ်။ See you! ဆိုရင် တွေ့မယ် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီးတော့ I
see. ဆိုရင်တော့ နားလည်တယ်၊ သဘောပေါက်တယ်လို့ ပြောတာပါ။
I'll be a little
late - ကျွန်တော်
နည်းနည်း နောက်ကျမယ်
I'll be there in five
minutes - အဲဒီနေရာကို ၅-မိနစ်အတွင်း
ကျွန်တော် ရောက်မယ်
Have you been here
long? - ဒီမှာ ရောက်နေတာ ကြာပြီလား
Have you been
waiting long? - စောင့်နေရတာ ကြာပြီလား
the day before
yesterday - တနေ့က
yesterday - မနေ့က
today - ဒီနေ့
tomorrow - မနက်ဖြန်
the day after
tomorrow - သန်ဖက်ခါ
last night - မနေ့ညက
tonight - ဒီည
tomorrow night - မနက်ဖြန်ည
in the morning - မနက်ပိုင်းမှာ
in the afternoon - နေ့လည်ပိုင်းမှာ
in the evening - ညနေပိုင်းမှာ
yesterday morning - မနေ့က မနက်
yesterday
afternoon - မနေ့က နေ့လည်
yesterday evening - မနေ့က ညနေ
this morning - ဒီမနက်
this afternoon - ဒီနေ့လည်
this evening - ဒီညနေ
tomorrow morning - မနက်ဖြန် မနက်
tomorrow afternoon - မနက်ဖြန် နေ့လည်
tomorrow evening - မနက်ဖြန် ညနေ
last week - ပြီးခဲ့တဲ့
အပတ်က
last month - ပြီးခဲ့တဲ့
လက
last year - မနှစ်က
this week - ဒီတစ်ပတ်
this month - ဒီလ
this year - ဒီနှစ်
next week - နောက်တစ်ပတ်
next month - နောက်လ
next year - နောက်နှစ်
ဖော်ပြပါ
စကားစုများသည် တစ်ယောက်နှင့် တစ်ယောက် တွေ့ဆုံဖို့ ချိန်းဆိုကြတဲ့အခါ အသုံးပြုနိုင်တဲ့
စကားပြောပုံစံတွေနဲ့ အချိန်တွေကို ပြောဆိုနိုင်တဲ့ စကားစုတွေပါ၊ လိုအပ်သလို အသုံးပြုနိုင်ပါတယ်။
ဒီစကားစုတွေမှာ last ဆိုတဲ့ စကားလုံးကို တော့ ကွဲပြားခြားနားတဲ့ အသုံးအနှုန်းပုံစံ
တွေ တော်တော်များများ တွေ့နိုင်ပါတယ်။ last ကို Adj အနေနဲ့သုံးရင်တော့ လွန်ခဲ့သော အဓိပ္ပာယ်ရ
သလို နောက်ဆုံးလို့လည်း အဓိပ္ပာယ်ရပါတယ်။ last ကို verb အနေနဲ့ သုံးရင် ကြာရှည်ခံသည်
လို့ အဓိပ္ပာယ် ရပါတယ်။ ဥပမာ - This food can last three days. (ဒီအစားအစာက ၃-ရက် အထားခံတယ်။)
“လွယ်လွယ်ကူကူအင်္ဂလိပ်စကားပြောနိုင်ကြပါစေ
… ”
အောင်ကိုဦး(UMK)
Be the Best !
0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....