နေ့စဉ်
အင်္ဂလိပ်စကားပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သောစကားစု (Phrases) များကိုဆက်လက်
ရေးသားလိုက်ပါသည်။ စကားစုပုံစံများကိုအခြေခံမှ စတင်ကာနေရာဒေသအလိုက် ပြောဆိုသုံးနှုန်းနိုင်သောပုံစံများကိုအစီအစဉ်အလိုက်
ရေးသားပါမည်။ ဖော်ပြထားသော ဥပမာဝါကျများကို အခြေခံကာ လိုအပ်သလိုဆပွားအသုံးပြုနိုင်ပါသည်။
You look great - ခင်ဗျားက တော်မယ့်ပုံပဲ
You look very nice
tonight - ဒီည ခင်ဗျား တော်တော်လှနေတယ်
I like your outfit - ခင်ဗျား ဝတ်ထားတာကို
သဘောကျတယ်ဗျာ
You're beautiful
(said to a woman) - ခင်ဗျားက လှတယ်
You're really
good-looking - ခင်ဗျားက တကယ်ကို
ကြည့်ကောင်းတယ်
You're really sexy - ခင်ဗျားက ညှိ့အားကောင်းတယ်နော်
You've got
beautiful eyes - ခင်ဗျား
မျက်လုံးတွေက လှတယ်
You've got a great
smile - ခင်ဗျား အပြုံးက
အရမ်းလှတယ်
Thanks for the
compliment! - ချီးကျူးတာ ကျေးဇူး တင်ပါတယ်။
Sexy ဆိုတဲ့ စကားလုံးကို ကြားရင် အများအားဖြင့်
လိင်ဆွဲဆောင်မှု ရှိတယ်လို့ပဲ ထင်တတ်ကြပါတယ်၊ တကယ်တော့ sexy ကို အဓိပ္ပာယ်ဖွင့်တဲ့အခါ
exciting, attractive, interesting စတဲ့ အဓိပ္ပာယ်တွေပါ ပက်သက်ပါတယ်။ ဆွဲဆောင်မှုရှိတာ၊
ညှိ့ယူနိုင်စွမ်းရှိတာကို ဆိုလိုတာပါ။
What do you think
of this place? - ခင်ဗျား ဒီနေရာကို ဘယ်လိုသဘောရလဲ
Shall we go
somewhere else? - ကျွန်တော်တို့ တစ်နေရာရာကို
သွားရအောင်လေ
I know a good
place - ကျွန်တော် နေရာကောင်း
တစ်ခုသိတယ်
Can I walk you
home? - မင်းကို အိမ်လိုက်ပို့လို့ရမလား
(လမ်းလျှောက်ပြီးပို့မယ်)
Can I drive you
home? - မင်းကို အိမ်လိုက်ပို့လို့ရမလား
(ကားနဲ့ပို့မယ်)
Would you like to
come in for a coffee? - အထဲဝင်ပြီး ကော်ဖီ သောက်ပါလား
When can I see you
again? - ခင်ဗျားကို ဘယ်တော့လောက်
ထပ်တွေ့လို့ ရမလဲ
Give me a call! - ကျွန်တော့်ကို ဖုန်းဆက်လိုက်ပါ
I'll call you - ကျွန်တော် ခင်းဗျားကို
ဖုန်းဆက်လိုက်မယ်။
ဖုန်းဆက်တာကို call နဲ့ သုံးသလို ခေါ်တာကိုလဲ call နဲ့ပဲ သုံးပါတယ်။ ဖုန်းဆက်တာနဲ့
ပတ်သက်တဲ့ နောက်ထပ် Give me a ring. (ဖုန်းဆက်ပါ) Ring me up. (ကျွန်တော့်ကို ဖုန်းပြန်ဆက်ပါ။)
Telephone me. (ကျွန်တော့်ကို ဖုန်းဆက်ပါ) စတဲ့ အသုံးအနှုန်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။
What do you think
of me? - ကျွန်တော့်ကို ဘယ်လိုသဘောရလဲ
I enjoy spending
time with you - ခင်ဗျားနဲ့အတူတူ အချိန်တွေကုန်ဆုံးရတာ
ပျော်တယ်
I find you very
attractive - မင်းက သိပ်ဆွဲဆောင်မှု
ရှိတာကို ကျွန်တော် တွေ့တယ်
I like you - ခင်ဗျားကို
သဘောကျတယ်
I like you a lot - ခင်ဗျားကို အရမ်းသဘောကျတယ်
I'm crazy about
you - ခင်ဗျားကို ကျွန်တော်
အရမ်းရူးသွပ်တယ်
I love you! - မင်းကိုချစ်တယ်
Will you marry me? - ကျွန်တော့်ကို လက်ထပ်မှာလား
I miss you - မင်းကို လွမ်းတယ်
လူငယ်သဘာဝ
အချစ်ရေးကိစ္စများအကြောင်းတွေပြောဆိုကြတဲ့အခါ အထက်မှာ ဖော်ပြထားတဲ့ စကားပြော ပုံစံတွေကို
အသုံးပြုနိုင်ပါတယ်။
Would you like a
drink? - တစ်ခုခု သောက်မလား
Are you on your
own? - ကိုယ့်မြို့မှာပဲလား
Would you like to
join us? - ကျွန်တော်တို့နဲ့
လာထိုင်မလား
Do you mind if I
join you? - ခင်ဗျားတို့နဲ့ လာထိုင်ရင်
အဆင်ပြေမလား
Do you come here
often? - ခင်ဗျား ဒီကို မကြာခဏ
လာတတ်လား
Is this your first
time here? - ခင်ဗျား ဒီကို လာတာ
ပထမဆုံး အကြိမ်လား
Have you been here
before? - ဒီကို အရင်က ရောက်ဘူးလား
Would you like to
dance? - ခင်ဗျား က ပါလား
တစ်ယောက်နဲ့
တစ်ယောက် တွေ့ဆုံပြီး ဆိုင်တစ်ဆိုင်မှာ စကားပြောကြတဲ့အခါ အထက်ပါ စကားပြော ပုံစံတွေကို
အသုံးပြုနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တွေ့ဆုံတာကို သူငယ်ချင်း မိတ်ဆွေ၊ အပေါင်းအသင်း
အချင်းချင်း တွေ့ကြတာကို appointment နဲ့ သုံးပြီး ချစ်သူ၊ ရည်းစားများ တွေ့ဆုံတာကို
တော့ date နဲ့ သုံးပါတယ်။ I have an appointment. / I have a date. လို့သုံးနိုင်ပါတယ်။
မြန်မာလို ဘာသာပြန်ရင်တော့ ချိန်ထားတယ်လို့ အဓိပ္ပာယ်တူပေမယ့် ရည်ရွယ်ချက် မတူညီတာကို
သတိထားရပါမယ်။
“လွယ်လွယ်ကူကူအင်္ဂလိပ်စကားပြောနိုင်ကြပါစေ
… ”
အောင်ကိုဦး(UMK)
Be the Best !
0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....