နေ့စဉ် အင်္ဂလိပ်စကား ပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သော စကားစု (Phrases) များကို ဆက်လက် ရေးသား လိုက်ပါသည်။ စကားစုပုံစံများကို အခြေခံမှ စတင်ကာ နေရာဒေသအလိုက် ပြောဆို သုံးနှုန်းနိုင်သော ပုံစံများကို အစီအစဉ်အလိုက် ရေးသားပါမည်။ ဖော်ပြထားသော ဥပမာ ဝါကျများကို အခြေခံကာ လိုအပ်သလို ဆပွား အသုံးပြုနိုင်ပါသည်။

How old are you?                             - ခင်ဗျား အသက်ဘယ်လောက်ရှိပြီလဲ
I'm twenty-eight                               - ကျွန်တော့်အသက်က ၂၈ ပါ
When's your birthday?                       - ခင်ဗျားမွေးနေ့က ဘယ်နေ့လဲ
It's 16 May.                                     - မေလ ၁၆-ရက်နေ့ပါ

အသက်ကို ပြောတဲ့အခါ နှစ်ထည့်ပြောချင်ရင် သထိထားရပါမယ်။  I’m twenty-eight လို့မပြောဘဲ I’m twenty-eight years old. လို့ပြောနိုင်ပါတယ်။ ဒီနေရာမှာ years မှာ ‘s’ ပါတာကို သတိထားရပါမယ်၊ စကားပြောတဲ့အခါမှာလည်း ‘s’ သံပါအောင် ထည့်ပြောဖို့လိုပါတယ်။ ဒါပေမယ့် စကားပြောတဲ့အခါတော့ I’m twenty-eight. ဆိုတဲ့ ပုံစံပဲ အသုံးများပါတယ်။
Who do you live with?                     - ခင်ဗျား ဘယ်သူတွေနဲ့ နေတာလဲ
Do you live with anybody?               - ခင်ဗျား အခြားသူတွေနဲ့ နေတာလား
I live with my parents.                    - ကျွန်တော်က မိဘတွေနဲ့ နေတာပါ
I live with relatives.                        - ကျွန်တော်က အမျိုးတွေနဲ့ နေတာပါ။
Do you live on your own?                - ခင်ဗျား ကိုယ့်ဖာသာကိုယ် နေတာလား
I live on my own                            - ကျွန်တော်က ကိုယ့်ဖာသာကိုယ် နေတာပါ။
I share with one other person          - ကျွနတော် အခြားတစ်ယောက်နဲ့ အတူနေတာပါ။
                                                   
I share with one other person. ဆိုတာက အခန်းခကို တစ်ယောက် တစ်ဝက် ပေးပြီးနေတာကို ပြောတာပါ။ အကယ်၍ I share with two other persons. လို့ပြောရင် သူတို့ ၃-ယောက်က အခန်းခကို အချိုးကျ ပေးပြီးနေတာကို ပြောချင်တာပါ။

What's your phone number?            - ခင်ဗျားရဲ့ ဖုန်းနံပါတ်က ဘယ်လောက်လဲ
What's your email address?              - ခင်ဗျားရဲ့ အီးမေး(လ်) လိပ်စာက ဘာလဲ
What's your address?                      - ခင်ဗျားရဲ့ လိပ်စာက ဘာလဲ
Could I take your phone number?     - ခင်ဗျားရဲ့ ဖုန်းနံပါတ်လေး သိလို့ရမလား
Could I take your email address?      - ခင်ဗျားရဲ့ အီးမေး(လ်) လိပ်စာလေး သိလို့ရမလား
Are you on the phone?                    - ခင်ဗျားမှာ ဖုန်းရှိလား
Are you on facaebook?                   - ခင်ဗျားမှာ ဖေ့(စ်)ဘွက်(ခ်)ရှိလား
Are you on Skype                          - ခင်ဗျားမှာ စကိုက်(ပ်) ရှိလား
What's your username?                   - ခင်ဗျား အသုံးပြုတဲ့ နာမည်က ဘာလဲ

တစ်ယောက်ယောက်ကို ခင်ဗျားမှာဖုန်းရှိလားလို့ မေးချင်တဲ့အခါ မြန်မာအတွေးနဲ့ စဉ်းစားပြီး မေးမယ်ဆိုရင် ခင်ဗျားက you ရှိတာက have ဖုန်းကတော့ phone ပဲ အဲဒါကို မေးခွန်းပုံစံ လုပ်လိုက်တော့ Do you have the phone? လို့ ဖြစ်သွားပါမယ်။ အဲဒီဝါကျဟာ သဒ္ဒါနည်းအရ လုံးဝ မှန်ကန်ပေမယ့် ဘယ်အင်္ဂလိပ် ဘယ်အမေရိကန်မှ အဲဒီလိုမပြောပါဘူး။ Are you on the phone? လို့ပြောတာကမှ တကယ့် အင်္ဂလိပ်စကားအစစ်ပါ၊ ဒီနေရာမှာ တစ်ခုမှတ်သားစေချင်တာက မြန်မာလိုတွေးပြီး အင်္ဂလိပ်လိုပြောရင် မြန်းဂလိပ် ဖြစ်တတ်ပါတယ်။ နောက်တစ်ခုက ဖုန်းနဲ့စကားပြောချင်တယ်ဆိုရင် I want to talk to you on the phone. လို့သုံးပါတယ်။ ဖုန်းနဲ့စကားပြောတာကို မြန်မာလိုစဉ်းစားပြီးပြောရင် I want to talk to you with the phone. လို့ မှားတတ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်အသုံးအနှုန်း အစစ်တွေကို လေ့လာဖို့လိုပါတယ်။ ပြီးတော့ ပေးထားတဲ့စကားစုထဲမှာပါတဲ့ user name ဆိုတာက ကျွန်တော်တို့ မြန်မာတွေပြောနေကြတဲ့ account နာမည်ကိုပြောပါ။ ဒါ့အပြင်ကိုယ့်ရဲ့ စကားပြောဖက်က သက်တူရွယ်တူ အခြင်းခြင်းကိုတော့ What's your phone number? လို့မေးတာက အဆင်ပြေပေမယ့် ကိုယ့်ထက် အသက်အရွယ်ကြီးတဲ့သူ ဒါမှမဟုတ် ကိုယ့်နဲ့ နည်းနည်း စိမ်းတဲ့သူ မျိုးတွေကိုတော့ ပေးထားတဲ့ ဝါကျတွေကို ပိုပြီးတော့ ယဉ်ကျေးအောင် Let me know သို့မဟုတ် May I know တို့နဲ့ တွဲပြီး သုံးနိုင်ပါတယ်။ ဥပမာ -

Let me know your phone number.    - ခင်ဗျားရဲ့ ဖုန်းနံပါတ်ကို သိပါရစေ
May I know your phone number?     - ခင်ဗျားရဲ့ ဖုန်းနံပါတ်ကို သိလို့ရမလား
Let me know your email address.      - ခင်ဗျားရဲ့ အီးမေး(လ်) လိပ်စာကို သိပါရစေ
May I know your email address?       - ခင်ဗျားရဲ့ အီးမေး(လ်) လိပ်စာကို သိလို့ရမလား
Let me know your address.              - ခင်ဗျားရဲ့ လိပ်စာကို သိပါရစေ
May I know your address?               - ခင်ဗျားရဲ့ လိပ်စာကို သိလို့ရမလား
         
သတိပြုရမှာက Let me က statement ပုံစံဖြစ်ပြီး May I က question ပုံစံဖြစ်တဲ့အတွက် May I နဲ့ပြောတဲ့အခါ raising intonation နဲ့ အသံကို မြင့်ပြီး ပြောရမှာဖြစ်ပါတယ်။

“လွယ်လွယ်ကူကူ အင်္ဂလိပ်စကား ပြောနိုင်ကြပါစေ … ”

အောင်ကိုဦး(UMK)
Be the Best !

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top