နေ့စဉ်
အင်္ဂလိပ်စကား ပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သော စကားစု (Phrases) များကို ဆက်လက်
ရေးသား လိုက်ပါသည်။ စကားစုပုံစံများကို အခြေခံမှ စတင်ကာ နေရာဒေသအလိုက် ပြောဆို သုံးနှုန်းနိုင်သော
ပုံစံများကို အစီအစဉ်အလိုက် ရေးသားပါမည်။ ဖော်ပြထားသော ဥပမာ ဝါကျများကို အခြေခံကာ လိုအပ်သလို
ဆပွား အသုံးပြုနိုင်ပါသည်။
What's your name? - နာမည်ဘယ်လိုခေါ်လဲ
My name's ... - ကျွန်တော့်/ ကျွန်မ
နာမည်က ... ပါ
I'm ... - ကျွန်တော်/
ကျွန်မ က … ပါ
This is ... - ဒါက
my wife - ကျွန်တော့်
အမျိုးသမီး/ ဇနီး
my husband - ကျွန်မ အမျိုးသား/
ခင်ပွန်း
my boyfriend - ကျွန်မရဲ့ ချစ်သူ/
ကောင်လေး
my girlfriend - ကျွန်တော့်ရဲ့
ချစ်သူ/ ကောင်မလေး
my son - ကျွန်တော်/
ကျွန်မ ရဲ့ သား
I'm sorry, I didn't
catch your name - ဆော်ရီးပါ၊ ခင်ဗျားနာမည်ကို
မသဲကွဲလို့
Do you know each
other? - ခင်ဗျားတို့ တစ်ယောက်နဲ့
တစ်ယောက် သိကြလား
Nice to meet you - တွေ့ရတာ ဝမ်းသာပါတယ်
Pleased to meet you - တွေ့ရတာ ဝမ်းသာပါတယ
How do you know
each other? - တစ်ယောက်နဲ့ တစ်ယောက်
ဘယ်လိုသိကြတာလဲ
We work together - ကျွန်တော်တို့ အလုပ်
အတူတူ လုပ်ကြတယ်
We used to work
together - ကျွန်တော်တို့ အလုပ်
အတူတူ လုပ်လေ့ရှိတယ်
We were at school
together - ကျွန်တော်တို့ ကျောင်းတုန်းက
အတူတူပဲ
We're at university
together - ကျွန်တော်တို့ တက္ကသိုလ်တုန်းက
အတူတူပဲ
We went to
university together - ကျွန်တော်တို့
တက္ကသိုလ် အတူတူ တက်ခဲ့ကြတယ်
How do you do? - နေကောင်းလား
တစ်စုံတစ်ယောက်က ကိုယ့်နာမည်ကို မေးတဲ့အခါ
“My name is …” လို့ ဖြေနိုင်သလို “I am …” လို့လည်း ပြောနိုင်ပါတယ်။ ဒါ ကျွန်တော့်သူငယ်ချင်းပါ၊
ကျွန်တော် အစ်ကိုပါ စသည်ဖြင့် တစ်ယောက်ကို ကိုယ်က မိတ်ဆက်ပေးတဲ့အခါ “He is …/ She
is …” လို့ မပြောရဘဲ “This is …” လို့သာ ပြေရပါတယ်။ တယ်လီဖုန်းနဲ့ စကားပြောတဲ့အခါမှာလည်း
ဘယ်သူလဲလို့ ကိုယ်ကိုမေးရင် “I am …” လို့ မဖြေရဘဲ “This is …” လို့ပဲ ဖြေရတာကို သတိထားရပါမယ်။
“I didn't catch your name.” လို့ ပြောတာဟာ သူပြောတာကို သေသေချာချာ နားမလည်တဲ့အခါ သုံးပါတယ်။
တစ်ယောက်ယောက်က ပြောတာကို သေသေချာချာ နားမလည်တဲ့အခါ “I don’t understand.” လို့ ပြောရင်
ရိုင်းပါတယ်။ ဒါကြောင့် “I don’t catch you.” လို့ပဲ ပြောရတာကို သတိပြုရပါမယ်။
Where are you
from? - ခင်ဗျား ဘယ်ကလဲ
Where do you come
from? - ခင်ဗျား ဘယ်ကလဲ
I'm from ... - ကျွန်တော်က
… ကပါ
What part of Pyay do
you come from? - ခင်ဗျားက ပြည် ဘယ်ကလဲ
Where do you live? - ခင်ဗျား ဘယ်မှာနေတာလဲ
I live in ... - ကျွန်တော်က
… မှာနေပါတယ်
What brings you to
Yangon? - ခင်ဗျား ရန်ကုန်ကို ဘာကိစ္စနဲ့
လာတာလဲ
I'm on holiday - အားလပ်ရက် လာတာပါ
I'm on business - အလုပ်ကိစ္စနဲ့ လာတာပါ
I live here - ကျွန်တော်က
ဒီမှာနေတာပါ
I work here - ကျွန်တော်က ဒီမှာ
အလုပ်လုပ်တာပါ
I study here - ကျွန်တော်က ဒီမှာ
ကျောင်းတက်နေတာပါ
Why did you come
to Yangon? - ရန်ကုန်ကို ဘာကြောင့်လာခဲ့တာလဲ
I came here to
work - ကျွန်တော် အလုပ်လုပ်ဖို့
လာခဲ့တာပါ
I came here to
study - ကျွန်တော် ဒီကို
ကျောင်းတက်ဖို့ လာခဲ့တာပါ
I wanted to live
abroad - ကျွန်တော် နိုင်ငံခြားမှာ
နေချင်တယ်
How long have you
lived here? - ဒီမှာ နေတာ ဘယ်လောက်ကြာပြီလဲ
I've only just
arrived - ရောက်ရုံပဲ
ရှိသေးတယ်
a few months - တစ်လ/ နှစ်လ လောက်တော့ရှိပြီ
about a year - တစ်နှစ်လောက်တော့
ရှိပြီ
just over two
years - ၂-နှစ်ကျော်လောက်ပဲ
ရှိသေးတယ်
How long are you
planning to stay here? - ဘယ်လောက်ကြာအောင် နေဖို့ အစီအစဉ်ရှိလဲ
until August - သြဂုတ်လ လောက်အထိ
a few months - တစ်လ/ နှစ်လ လောက်ပေါ့
another year - နောက်နှစ်
I'm not sure - မသေချာပါဘူး
I'm originally
from Pyay but now live in Yangon - ဇာတိက ပြည်ပါ၊ ဒါပေမယ့်ရန်ကုန်မှာနေတယ်။
I was born in Mandalay
but grew up in Yangon - ကျွန်တော်က မန္တလေးမှာ မွေးတယ်၊ ဒါပေမယ့် ရန်ကုန်မှာပဲ ကြီးတာပါ။
တစ်စုံတစ်ယောက်ရဲ့ ဇာတိ
(သို့မဟုတ်) ဒေသကို မေးလိုတဲ့အခါ “Where are you from?” ဒါမှမဟုတ် “Where do you
come from?” လို့မေးနိုင်ပါတယ်။ ဘယ်မှာနေလဲ လို့ နေထိုင်ရာ နေရာဒေသ ကို မေးချင်ရင်တော့
“Where do you live?” လို့ မေးနိုင်ပါတယ်။ ဒီကို ဘာကိစ္စနဲ့လာတာလဲ လို့မေးချင်ရင်
“What brings you here?” လို့ မေးနိုင်ပါတယ်။ အလုပ်ကိစ္စနဲ့လာတယ်လို့ ပြောချင်ရင်
“I come here on duty.” လို့လည်း ပြောနိုင်သလို “I come here on duty.” လို့လည်း
ပြောနိုင်ပါတယ်။
“လွယ်လွယ်ကူကူ အင်္ဂလိပ်စကား ပြောနိုင်ကြပါစေ
… ”
အောင်ကိုဦး(UMK)
Be the Best !
0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....