နေ့စဉ်
အင်္ဂလိပ်စကား ပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သော စကားစု (Phrases) များကို ဆက်လက်
ရေးသား လိုက်ပါသည်။ စကားစုပုံစံများကို အခြေခံမှ စတင်ကာ နေရာဒေသအလိုက် ပြောဆို သုံးနှုန်းနိုင်သော
ပုံစံများကို အစီအစဉ်အလိုက် ရေးသားပါမည်။ ဖော်ပြထားသော ဥပမာ ဝါကျများကို အခြေခံကာ လိုအပ်သလို
ဆပွား အသုံးပြုနိုင်ပါသည်။
I'm lost - ကျွန်တော်မျက်စီလည်နေတယ်၊
လမ်းပျောက်နေတယ်
I can't find my
keys/ mobile - ကျွန်တော့် သော့/
မိုဘိုင်းဖုန်း ရှာလို့မတွေ့ဘူး
I've lost my
wallet/ camera - ကျွန်တော့်
ပိုက်ဆံအိတ်/ ကင်မရာ ပျောက်နေတယ်
I've locked myself
out of my car/ room - ကားထဲမှာ/အခန်းထဲမှာ
သော့ပိတ်မိနေတယ်
Please leave me
alone - ကျေးဇူးပြုပြီး
တစ်ယောက်တည်း နေပါရစေ
Go away! - ထွက်သွားတော့
တစ်နေရာရာကို သွားရင်း လမ်းပျောက်နေတဲ့အခါ
I am lost ကို သုံးနိုင်ပါတယ်၊ မျက်စီလည် နေတယ်လို့လည်း ပြောလို့ရပါတယ်။ တစ်စုံတစ်ယောက်
ကို လမ်းမေးချင်ရင်တော့ Please show me
the way. လို့ပြောနိုင်ပါတယ်။ Please leave (object pronoun) alone. ပုံစံကို
တစ်ယောက်တည်း နေချင်သောအခါ ဖြစ်စေ၊ တစ်စုံတစ်ယောက်ကို ဒါမှမဟုတ် အုပ်စုတစ်စုကို ဖြစ်စေ
သီးသန့်နေစေလို သောအခါ သုံးနိုင်ပါတယ်။ ဥပမာ- Leave him alone. Leave her alone.
Leave them alone. စသည်ဖြင့် သုံးနိုင်ပါတယ်။
How are you? - နေကောင်းလား
How's it going?
(quite informal) - နေကောင်းလား
How are you doing?
(quite informal) - နေကောင်းလား
How's life? (quite
informal) - နေကောင်းလား
I'm fine, thanks - ကောင်းပါတယ်၊ ကျေးဇူးပဲ
I'm OK, thanks - ကောင်းတယ်၊ ကျေးဇူးပဲ
Not too bad,
thanks - သိပ်မဆိုးပါဘူး၊ ကျေးဇူး
Alright, thanks - အဆင်ပြေပါတယ်၊ ကျေးဇူးပဲ
Not so well - သိပ်အကောင်းကြီးတော့
မဟုတ်ဘူး
How about you? - မင်းကရော
And you? - မင်းရော
How are you? က တကယ်တော့
နေကောင်းလားလို့မေးတာ သူ့ရဲ့ ကျန်းမာရေး အခြေအနေကို သိချင်တာထက် နှုတ်ဆက်တဲ့သဘောပါ။
ကျန်တဲ့ဖော်ပြထားတဲ့ စကားစုတွေကလည်း formal ပုံစံမဟုတ် ပေမယ့် ရင်းရင်းနှီးနှီး နှုတ်ဆက်တဲ့
သဘောနဲ့ အသုံးပြုနိုင်ပါတယ်။
What are you up to? - ဘာတွေလုပ်နေလဲ
What have you been
up to? - ဘာတွေလုပ်ပြီးပြီလဲ
Working a lot - အလုပ်တွေအများကြီးလုပ်နေတယ်
Studying a lot - အများကြီး လေ့လာနေတယ်
Same as usual - ခါတိုင်းလိုပါပဲ
Not much or not a
lot - သိပ်အများကြီး မဟုတ်ပါဘူး
I've just come back
from … - … က ခုမှ ပြန်လာတာ (မကြာသေးဘူး)
Where are you? - မင်းဘယ်မှာလဲ
I'm at home/ at
work/ in town - အိမ်မှာ၊ အလုပ်မှာ၊ မြို့ထဲမှာ
in the countryside - တောဖက်မှာ (ကျေးလက်ဒေသကို ဆိုလိုပါတယ်)
at the shops - ဆိုင်မှာ
on a train - ရထားမှာ
at Peter's house - ပီတာတို့ အိမ်မှာ
Do you have any plans for the
summer? - နွေရာသီအားလပ်ရက်မှာ ဘာအစီအစဉ်တွေ
ရှိလဲ
What are you doing for New Year? - နှစ်သစ်ကူးမှာ ဘာလုပ်မှာလဲ
တစ်စုံတစ်ယောက်က What are you up to? လို့
မေးတဲ့အခါ Working a lot. လို့ အတိုပြန်ပြော နိုင်သလို I’m working a lot. လို့ ပြည့်ပြည့်စုံစုံ
ပြန်ပြောနိုင်ပါတယ်။ တစ်ယောက်ကို ဘယ်မှာလဲ လို့ မေးချင်တဲ့အခါ Where are you? သာမက
Where is Mg Mg? Where is Ma Ma? Where are they? စသည်ဖြင့်လည်း မေးနိုင်ပါတယ်။ တစ်စုံတစ်ခုရဲ့
နေရာကို သိချင်ရင်လည်း Where is the shopping mall? Where is the bank စသည်ဖြင့် မေးနိုင်ပါတယ်။ Where
နဲ့ မေးတာက တည်ရှိမှန်းသိပေမယ့် နေရာကို မသိလို့မေးတာပါ။ ရှိလား/ မရှိလား သိချင်ရင်တော့
Is there …?/ Are there …? ပုံစံနဲ့ မေးနိုင်ပါတယ်။ ဥပမာ - Is there a bank near
here? (ဒီအနားမှာ ဘဏ် ရှိလား) Is there Mg Mg in the living room? (မောင်မောင် ဧည့်ခန်းထဲမှာ
ရှိလား)။ Do you have any plans for the summer? ဆိုတဲ့ ဝါကျမှာ summer အစား ကိုယ်မေးချင်တဲ့
သီတင်းကျွတ်၊ သင်္ကြန်၊ Christmas စသည်ဖြင့်
လိုအပ် သလို အစားထိုး သုံးနိုင်ပါတယ်။
“လွယ်လွယ်ကူကူ အင်္ဂလိပ်စကား ပြောနိုင်ကြပါစေ
… ”
အောင်ကိုဦး(UMK)
Be the Best !
0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....