နေ့စဉ်
အင်္ဂလိပ်စကား ပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သော စကားစု (Phrases) များကို ဆက်လက်
ရေးသား လိုက်ပါသည်။ စကားစုပုံစံများကို အခြေခံမှ စတင်ကာ နေရာဒေသအလိုက် ပြောဆို သုံးနှုန်းနိုင်သော
ပုံစံများကို အစီအစဉ်အလိုက် ရေးသားပါမည်။ ဖော်ပြထားသော ဥပမာ ဝါကျများကို အခြေခံကာ လိုအပ်သလို
ဆပွား အသုံးပြုနိုင်ပါသည်။
What do you think? - မင်းဘယ်လိုထင်လဲ
I think that ... - ကျွန်တော် ထင်တာကတော့ ...
(... လို့ ကျွန်တော်ထင်တယ်)
I hope that ... - ကျွန်တော် မျှော်လင့်တာကတော့
...(... လို့ ကျွန်တော်မျှော်လင့်တယ်)
In my opinion, ... - ကျွန်တော် အမြင်ကတော့ ...
I agree - ကျွန်တော် သဘောတူတယ်
I disagree or I
don't agree - ကျွန်တော် သဘောမတူဘူး
That's true - အဲဒါ အမှန်ပဲ/ အဲဒါမှန်တယ်
That's not true - အဲဒါ မမှန်ဘူး/ အဲဒါ မဟုတ်ဘူး
I think so - အဲဒီလို ကျွန်တော်ထင်တယ်/
ကျွန်တော် အဲဒီလို ထင်တယ်
I hope so - ကျွန်တော် အဲဒီလို မျှော်လင့်တယ်
You're right - မင်း မှန်တယ်
You're wrong - မင်း မှားတယ်
I don't mind - စိတ်မရှိပါဘူး
It's up to you - အဲဒါ မင်းအပေါ်မှာ မူတည်တယ်၊
That's interesting - အဲဒါက စိတ်ဝင်စားစရာပဲ
Help! - ကူညီပါ
Be careful! - သတိထား
Look out! or watch
out! - သတိထား
Please help me - ကျေးဇူးပြုပြီး ကျွန်တော့်ကို
ကူညီပါ
I
think that/ I hope that စသည့် စကားစုများ နောက်က ဝါကျ တစ်ကြောင်းထည့်ကာ ပြောနိုင်ပါတယ်။
ဥပမာ - I think that my friend will come
today evening. (ကျွန်တော့် သူငယ်ချင်း ဒီနေ့ညနေလာလိမ့်မယ် လို့ ထင်တယ်) I agree ကို
သုံးရာတွင် နောက်ကလိုက်မယ့် အရာသည် လူ/ပုဂ္ဂိုလ်လား၊ အကြောင်းအရာလား သတိထားရပါမယ်။ လူ/ပုဂ္ဂိုလ်ဖြစ်ပါက
preposition – with ဖြင့် ရေးရပါတယ်။ ဥပမာ -
I agree with my friend
to go for a walk. (လမ်းလျှောက် ထွက်ဖို့ အတွက် သူငယ်ချင်းနဲ့ ကျွန်တော် သဘောတူတယ်။)
အကြောင်းအရာ ဖြစ်ပါက preposition – to ဖြင့် သုံးပါတယ်။ ဥပမာ - I agree to your
idea. (မင်းအကြံကို ငါ သဘောတူတယ်။) တစ်ယောက်ရဲ့ အမြင်နဲ့ တူညီတဲ့အခါ၊ ကိုယ့်သဘောလဲ
ဒီအတိုင်းပဲလို့ ပြောလိုတဲ့အခါ I think so ကို သုံးပါတယ်။ ဥပမာ - I think
this shirt is good. (ဒီရှပ်အင်္ကျီက ကောင်းတယ်ထင်တတယ်) လို့ တစ်ယောက်ယောက်က ပြောတယ် ဆိုပါစို့။
ကိုယ့်ကလည်း ဒီသဘောအတိုင်းပဲ လို့ ပြောချင်တဲ့အခါ I think so. လို့ ပြောနိုင်ပါတယ်။
ငါတော့ အဲဒီလိုမထင်ဘူးလို့ ပြောချင်ရင် I don’t think so. လို့ သုံးနိုင်ပါတယ်။
Call an ambulance! - လူနာတင်ကား ခေါ်လိုက်ပါ၊ လူနာတင်ကားကို
ဖုန်းဆက်လိုက်ပါ။
I need a doctor - ဆရာဝန် ခေါ်ဖို့လိုတယ်
There's been an accident - မတော်တစ်မှု တစ်ခု ဖြစ်သွားတယ်
Please hurry! - ကျေးဇူးပြုပြီး မြန်မြန် လုပ်ပါ
I've cut myself - ရှသွားတယ်၊ ပြတ်သွားတယ်
Are you OK? - မင်း အဆင်ပြေလား
Is everyone OK? - အားလုံး အဆင်ပြေလား
Stop, thief! - သူခိုး၊ ရပ်လိုက်
Call the police! - ရဲကို ဖုန်းဆက်လိုက်
My wallet's been
stolen - ကျွန်တော့် ပိုက်ဆံအိတ် အခိုးခံရတယ်
My purse has been
stolen - ကျွန်မ ပိုက်ဆံအိတ် အခိုးခံရတယ်
My handbag's been
stolen - ကျွန်မ လက်ကိုင်အိတ် အခိုးခံရတယ်
I'd like to report a
theft - ခိုးမှုကို သတင်းပေးပါရစေ
I've been mugged - ရိုက်နှက် လုယူခံရတယ်
I've been attacked - တိုက်ခိုက်ခံရတယ်
Call ကို ခေါ်တယ်လို့ သုံးနိုင်သလို
ဖုန်းဆက်တယ် လို့လည်း အသုံးပြုနိုင်ပါတယ်။ ဥပမာ - Please call me. (ကျေးဇူးပြုပြီး
ကျွန်တော့်ကို ဖုန်းဆက်/ဖုန်းခေါ်ပါ။) cut ကို ဖြတ်တယ်၊ လှီးတယ် လို့ အသုံးပြုနိုင်
သလို ပြတ်တယ်၊ ရှတယ်လို့လည်း သုံးပါတယ်။ My wallet’s been stolen. က အခိုးခံရတာကိုဆိုလိုပြီး
ပျောက်သွားတယ်လို့ ပြောချင်ရင် My wallet’s been lost. (ကျွန်တော့် ပိုက်ဆံအိတ် ပျောက်သွားတယ်)
လို့ ပြောနိုင်ပါတယ်။ wallet က ယောင်္ကျားကိုင် ပိုက်ဆံအိတ် ဖြစ်ပြီး purse က မိန်းမကိုင်
ပိုက်ဆံအိပ်ပါ။ handbag ကတော့ အားလုံးသိကြတဲ့အတိုင်း လက်ကိုင်အိတ်ပါ။ theft က noun
form ဖြစ်ပြီးတော့ ခိုးမှု လို့ အဓိပ္ပာယ်ရပါတယ်။ ဥပမာ- He was jailed for theft. (သူက
သူခိုးမှုနဲ့ ထောင်ကျတယ်) လို့လည်း သုံးနိုင်ပါတယ်။
“လွယ်လွယ်ကူကူ အင်္ဂလိပ်စကား ပြောနိုင်ကြပါစေ
… ”
အောင်ကိုဦး(UMK)
Be the Best !
0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....