အင်္ဂလိပ်ဘာသာစကားတော့ လေ့လာနေကြတယ် … ကိုယ်က ဘယ် level မှန်းသိချင်တယ်ဆိုရင် အကြမ်းဖျဉ်းအားဖြင့်တော့ အင်တာနက်ကနေ Test လေးတွေ ဖြေကြည့်လို့ရပါတယ်၊
Level တွေက ဘယ်လို ခွဲလဲ ဆိုတာကို ဒီမှာ ပြောပြပေးချင်တာပါ။
CEFR လို့ လူသိများကြတဲ့ Common European Framework of Reference for Languages အရ ဆိုရင်
အခုလိုမျိုး
✴️ Basic User
- Beginner/ Breakthrough (A1)
- Elementary/ Waystage (A2)
✴️ Independent user
- Intermediate/ Threshold (B1)
- Upper Intermediate/ Vantage (B2)
✴️ Proficient user
- Advanced (C1)
- Mastery/ Proficiency (C2)
ဆိုပြီးတော့ အဓိက အုပ်စု (၃) စုနဲ့ Level (၆) ခုခွဲထားပါတယ်။
Oxford, Cambridge, Macmillan, Longman, Pearson စတဲ့ သင်ရိုးစာအုပ်တွေမှာ A1, A2, စသည်ဖြင့် ပါတာကို တွေ့နိုင်ပါတယ်။
Beginner
Elementary
Pre Intermediate
Intermediate
Upper Intermediate
Advanced
ဆိုတဲ့ ပုံစံမျိုး နဲ့လည်း ခွဲကြပါတယ်။
Level တစ်ခုခြင်းစီရဲ့ Global Scale သတ်မှတ်ချက်ကို အကြမ်းဖျဉ်း ပြောပြရမယ်ဆိုရင်
A1 - Beginner (Breakthrough)
-----------------------------------------
• နေ့စဉ်သုံး အခြေခံ များကို ပြောဆို ဆက်ဆံ ရေးသားနိုင်ပါတယ် (နားလည်လွယ်အောင် ပြောရရင် ထမင်းစားရေသောက် အဆင့်ပေါ့ဗျာ)
• ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တာ၊ ဘယ်မှာနေလဲ ဘာ ညာ အစရှိတဲ့ သိချင်တဲ့ အရာတွေကို အပြန်အလှန် မေးမြန်း ပြောဆို နိုင်ပါတယ်။
• ဖြေးဖြေးနဲ့ ပီပီသသ ပြောရင် နားလည်နိုင်တယ် ဆိုတဲ့ အခြေအနေမျိုးပါ။
A2 - Elementary (Waystage)
-----------------------------------------
• ကိုယ်နဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်က အကြောင်းတွေ ဥပမာ ကိုယ့်အကြောင်း၊ မိသားစုအကြောင်း၊ စျေးဝယ်ထွက်တာ၊ ကိုယ်ပတ်ဝန်းကျင် ဒေသ၊ အလုပ်အကိုင် စတာတွေကို ပြောဆို ရေးသားနိုင်ပါတယ်။
• ကိုယ်နဲ့ ဆက်စပ်ပတ်သက်နေတဲ့ အရာတွေ ရင်းနှီးကျွမ်းဝင်တဲ့ အရာတွေကို ရိုးရိုးရှင်းရှင်း ပြောဆို ရေးသားနိုင်ပါတယ်။
• ရင်းနှီးကျွမ်းဝင်ပြီးသား ဆက်စပ် ပတ်သက်မှု ရှိတဲ့ အကြောင်းအရာတွေကို ချက်ခြင်း တုံပြန် ပြောဆို နိုင်ပါတယ်။
B1 - Intermediate (Threshold)
-----------------------------------------
• ကိုယ်ရဲ့ အလုပ်အကြောင်း၊ ကျောင်းအကြောင်း၊ အားလပ်ချိန်အကြောင်း စတဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိတဲ့ အကြောင်းအရာတွေ၊ ပုံမှန် ဖြစ်ပျက်နေတာတွေ လုပ်ဆောင်ချက် တွေကို နားလည်နိုင်ပါတယ်။
• ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို ပြောဆို ရေးသားနိုင်ပါတယ်။
• အတွေ့အကြုံတွေ၊ အဖြစ်အပျက်တွေ၊ ရည်မှန်းချက်၊ မျှော်မှန်းချက် စတာတွေကို အကျိုး အကြောင်းနဲ့ ခပ်တိုတို ပြောဆို ရေးသား နိုင်ပါတယ်။
B2 - Upper Intermediate (Vantage)
----------------------------------------------
• သာမန်ထက် အနည်းငယ်မြင့်တဲ့ အတွေးအခေါ့်ပိုင်းဆိုင်ရာတွေ စဉ်းစားရမယ့် အကြောင်းအရာတွေကို နားလည်နိုင်ပြီး ကိုယ်လေ့လာနေတဲ့ ဘာသာရပ်၊ ကိုယ့်နယ်ပယ် နဲ့ ဆိုင်တဲ့ အကြောင်းအရာတွေကို ပြောဆို ဆွေးနွေး နိုင်ပါတယ်။
• သွက်သွက်လက်လက်နဲ့ တစ်ဖက်နဲ့ တဖက် နားလည်မှု လွဲမှားမှု သိပ်မရှိတော့ဘဲ ပြောဆိုဆက်ဆံ နိုင်ပါတယ်။
• ကိုယ်ပြောချင်တဲ့ အကြောင်းအရာ/ အယူအဆကို အကြောင်းအကျိုး၊ အကောင်းအဆိုး ယှဉ်တွဲကာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆို ဆွေးနွး နိုင်ပါတယ်။
C1 - Advanced
-------------------------
• ခက်ခဲနက်နဲ ကျယ်ပြန့်တဲ့ အကြောင်းအရာတွေ ကို နားလည် ပြောဆို နိုင်တယ်။
• ကိုယ့်စိတ်ကူးနဲ့ ပြောချင်တဲ့ အကြောင်းအရာတွေကို စကားလုံး အသုံးနှုန်းတွေ စဉ်းစားရှာဖွေစရာ မလိုဘဲ အထစ်အငေါ့ မရှိ ပြောဆိုနိုင်ပါတယ်။
• လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ လုပ်ငန်း ကိုင်ငန်း ကိစ္စ စတာတွေကို ထိထိရောက်ရောက် အဆင်ပြေပြေ ပြောဆို သုံးနှုန်း နိုင်ပါတယ်။
• ခက်ခဲ ရှုပ်ထွေးတဲ့ ကိစ္စတွေကို ဝါကျအထားအသို မှန်မှန်ကန်ကန်၊ အကြောင်းအရာ အသေးစိတ်တွေနဲ့ အချိတ်အဆက်မိမိ ပြေပြေပြစ်ပြစ် ထိထိရောက်ရောက် ပြောဆို ရေးသားနိုင်ပါတယ်။
C2 - Mastery/ Proficiency
-------------------------------------
• ကိုယ်ကြားရတဲ့ ဖတ်ရတဲ့ ဘယ်အကြောင်းအရာကို မဆို နားလည်နိုင်ပါတယ်။
• သူများပြောတာ၊ ရေးတာကို အချုပ်အားဖြင့် နားလည်နိုင်တယ်၊ အပြန်အလှန် ပြန်လည် ဆွေးနွေး ငြင်းခုန်နိုင်ပါတယ်။
• ခက်ခဲနက်နဲတဲ့ အကြောင်းအရာတွေကို အဓိပ္ပာယ် အမျိုးမျိုး စုံစုံလင်လင် ပေါ်လွင်အောင် ပြောဆိုနိုင်ပြီး ကိုယ်ပြောချင်တာတွေကို အခက်အခဲမရှိ သွက်သွက်လက်လက် အထစ်အငေါ့မရှိ ချောချာမွေ့မွေ့ ပြေပြေပြစ်ပြစ် ပြောဆို ရေးသား နားလည် နိုင်ပါတယ်။
ဒါကတော့ အကြမ်းဖျဉ်း ရေးသားထားတာပါ အသေးစိတ် အင်္ဂလိပ်လို ဖတ်ကြည့်ချင်တယ်ဆိုရင်
https://tracktest.eu/english-levels-cefr/
https://en.wikipedia.org/…/Common_European_Framework_of_Ref… တွေမှာ ဝင်ရောက် ဖတ်ကြည့်နိုင်ပါတယ်။
ထပ်ပြီးတော့ ဖြစ်စွက် ပြောချင်တာက အဲဒီ Level (၆) ခုအတွက် ဖော်ပြပါအတိုင်း
C2 - Approximately 1,000–1,200 hours
C1 - Approximately 700–800 hours
B2 - Approximately 500–600 hours
B1 - Approximately 350–400 hours
A2 - Approximately 180–200 hours
A1 - Approximately 90-100 hours
လေ့လာဖို့ လိုအပ်တယ်လို့ ဆိုပါတယ် … ဒါပေမယ့်လည်း လေ့လာသူရဲ့ အခြေခံ၊ လေ့လားထားပြီးမှု စတဲ့ အခြေအနေတွေ အပေါ်မှာလည်း မူတည်ပါတယ်။ ဒါကြောင့် ကျွန်တော် အမြဲပြောပါတယ် အင်္ဂလိပ်ဘာသစကား ဆိုတာ ၂-လ/ ၃-လ တက်ရုံနဲ့ မရပါဘူး အချိန်ပေးပြီး လေ့လာဖို့လိုပါတယ်။
ဒီလောက်ဆိုရင်တော့ အင်္ဂလိပ် ဘာသာစကား လေ့လာသူတွေ အနေနဲ့ ကိုယ်က ဘယ်လောက်အထိ တက်မြောက်ချင်တာလဲ .. ဘယ်လောက်အထိ အချိန်ပေးပြီး လေ့လာဖို့ လိုမလဲ ဆိုတာကို ခန့်မှန်းမိလောက်ပြီလို့ ထင်ပါတယ်ဗျ။
Cambridge English Exam တွေမှာ အကြမ်းဖျဉ်းပြောမယ်ဆိုရင်
Young Learners တွေ အတွက်ကြတော့
Pre A1 – Starters
A1 – Movers
A2 – Flyers, KET (Key English Test)
နဲ့ညီပြီးတော့
B1 – PET (Preliminary English Test)
B2 – FCE (First Certificate in English)
C1 – CAE (Certificate of Advanced English)
C2 – CPE (Certificate of Proficiency in English)
နဲ့ ညီပါတယ်
တစ်ခုခြင်း အသေးစိတ်ကိုတော့ အချိန်ရရင် ထပ်ရေးပါဦးမယ်
ကျေးဇူးတင်ပါတယ်
ကျွန်တော် အောင်ကိုဦးပါ
#AELC
#CEFR
#EnglishLevels

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top