ဒီတစ်ပတ်မှာလည်းပဲ  tense (ကာလ) နဲ့ ပတ်သက်ပြီး မှားယွင်းသုံးစွဲမိတတ်တာတွေ ကို ဆက်လက် ရေးသား လိုက်ပါတယ်။

အချိန်ပြ စကားဆက် တစ်ခုဖြစ်တဲ့ since နဲ့ ရေးတဲ့ ဝါကျခွဲ (clause) ပါလာရင် (main sentence) မှာ present perfect  အသုံးပြုပြီး ရေးရပါတယ်။

-       Since he came, we’re happy. ×
-       Since he came, we’ve been happy.
သူလာကတည်းက ကျွန်တော်တို့ ပျော်နေကြတယ်။

ဖြစ်ပျက်နေတဲ့ ကိစ္စတစ်ခုကို ရုတ်တရက် ပြောချင်တဲ့အခါ … present tense ကို မသုံးဘဲ present continuous tense ကိုသာ သုံးရပါတယ်။

-       Look! Two boys fight. ×
-       Look! Two boys are fighting.
ကြည့်စမ်း ကောင်လေး နှစ်ယောက် ရန်သတ်နေကြတယ် … ။

လက်ရှိဖြစ်နေတဲ့ အချိန်မှာ ဖြစ်နေတဲ့ ကိစ္စကို ပြောပေမယ့်လည်း တစ်ချို့သော ကြိယာ (verb) တွေက Continuous Tense ကို သုံးလို့မရတာမျိုးတွေ ရှိတတ်ပါတယ် … ။

-       I’m understanding the lesson now. ×
-       I understand the lesson now.
ကျွန်တော် သင်ခန်းစာကို အခုနာလည်တယ်။
ဥပမာ ဖော်ပြထားတဲ့ understand ကဲ့သို့ Continuous Tense သုံးလို့မရတဲ့ ကြိယာ (verb) အချို့ ပြောချင်ပါတယ်။ know, believe, like, love, belong, prefer, consist, mean, hear တို့ကို ဝါကျမှာ သုံးရင်လည်း Continuous Tense အနေနဲ့ အသုံးပြုလို့မရပါ။

ယခုလုပ်နေသော ကိစ္စဖြစ်ပေမယ့်လည်း  လုပ်လေ့လုပ်ထရှိတဲ့ ကိစ္စမျိုးဆိုရင် Continuous Tense ကို မသုံးဘဲ Simple Present Tense ကို သာသုံးရပါတယ် … ။

-       Every morning I’m going for a walk. ×
-       Every morning I go for a walk.
မနက်တိုင်း ကျွန်တော် လမ်းလျှောက်ထွက်တယ်။

လုပ်လေ့လုပ်ထရှိတဲ့ ကိစ္စဖြစ်ပေမယ့်လည်း Habitual ကို ပြောတဲ့ Helping Verb တစ်ခုဖြစ်တဲ့ used to ကို သုံးတဲ့အခါ present tense နဲ့ တွဲသုံးပေမယ့် used to ရဲ့သဘောသဘဝ အရ လက်ရှိအချိန်မှာ လုပ်လေ့ လုပ်ထရှိတဲ့ ကိစ္စမဟုတ်ဘဲ အတိတ်တစ်ချိန်က လုပ်လေ့လုပ်ထ ရှိတဲ့ကိစ္စဖြစ်ပြီး အခုမလုပ်တော့ တဲ့ အခြေအနေမျိုးကို သုံးပါတယ် … ။ နောက်တစ်ခုက  accustomed to ကို သုံးပြီးလည်း  လုပ်လေ့ လုပ်ထရှိတဲ့ ကိစ္စကို ပြောနိုင်ပါတယ် … ။

-       I used to get up at six every morning. (ယခု ဝါကျသည် အတိတ်တွင် လုပ်လေ့ရှိသော ပုံစံဖြစ်သည်)
-       I get up at six every morning.
ကျွန်တော် မနက်တိုင်း ၆ နာရီမှာ အိပ်ရာက ထတယ်။
-       I’m accustomed to getting up at six.
မနက် ၆ နာရီကို အိပ်ရာက ထတာကို အကျွမ်းတဝင် ဖြစ်တယ်။

အဖြစ်အပျက် ၂-ခု ကို ယှဉ်ပြီးရေးတဲ့အခါ တပြိုင်တည်းဖြစ်တဲ့ ကိစ္စမျိုးမဟုတ်ရင် tense ၂-မျိုးကို အတူတူ အသုံးပြုလို့မရပါ။ Past Tense နဲ့ Perfect Tense သို့မဟုတ် Continuous Tense ကို သုံးနိုင်ပါတယ် … အရင်ဖြစ်တဲ့ အဖြစ်အပျက်အတွက် Perfect Tense သို့မဟုတ် Continuous Tense ကို သုံးပြီး နောက်မှ ဖြစ်တဲ့ အဖြစ်အပျက်အတွက် Past Tense ကို သုံးပါတယ် … ။

-       They already had the dinner before I arrived. ×
-       They had already had the dinner before I arrived.
ကျွန်တော် မရောက်ခင် သူတို့ ညနေစာ စားပြီးကြပြီ။
-       They were having the dinner when I arrived.
ကျွန်တော်ရောက်တဲ့အခါ သူတို့ ညနေစာ စားနေကြပြီ
·         အထက်ပါ ဝါကျ ၂-ကြောင်းမှာ … ပြန်ရောက်တာနဲ့ ညနေစာစားတယ် ဆိုတဲ့ ဖြစ်ရပ်နှစ်ခုမှာ ညနေစာ စားပြီးတာက အရင်ဖြစ်တဲ့ အဖြစ်အပျက် ဖြစ်တဲ့အတွက်  Perfect Tense ကို  အသုံးပြုပြီး ပြန်ရောက်လာတာက နောက်မှ ဖြစ်တဲ့အတွက် Past Tense ကို သုံးပါတယ် … ။ ဒုတိယ ဝါကျမှာလည်း … ပထမ ဝါကျ သဘောတရားအတိုင်း ဖြစ်ပါတယ်။

အင်္ဂလိပ်ဘာသာစကား လေ့လာသူတွေ မှန်မှန်ကန်ကန် အသုံးပြုနိုင်ကြပါစေ ……

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top