အင်္ဂလိပ်စကား ပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သော စကားလုံးတွဲများ (Phrases) နှင့် စကားပြော ပုံစံ (Pattern) များကို ဆက်လက် မျှဝေလိုက်ပါသည်။ ဖော်ပြထားသော ဥပမာ ဝါကျများကို အခြေခံကာ လိုအပ်သလို ဆပွား အသုံးပြုနိုင်ပါသည်။

Do you like(v-ing)  – _____ ကြိုက်လား
တစ်စုံတစ်ယောက်က စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ ကိစ္စတစ်ခုခုကို လုပ်ဖို့ ကြိုက်နှစ်သစ်လားလို့ မေးလိုသောအခါ ဖော်ပြပါ ပုံစံကို အသုံးပြုနိုင်နိုင်ပါတယ်။
-       Do you like traveling on a plane?
လေယဉ်ပျံနဲ့ ခရီးသွားရတာ ကြိုက်လား
-       Do you like watching baseball on TV?
ဘေ့(စ်)ဘော အားကစားကို တီဗွီမှာ ကြည့်ရတာ ကြိုက်လား
-       Do you like skiing?
နှင်းလျောစီးတာကို ကြိုက်လား
-       Do you like going to bed early?
အိပ်ရာကို အစောကြီး ဝင်တာကို ကြိုက်လား
-       Do you like playing video games?
ဗီဒီယိုဂိမ်း ကစားရတာကို ကြိုက်လလား
-       Do you like listening to music?
သီချင်းနားထောင်တာ ကြိုက်လား
-       Do you like practicing playing the piano?
စန္ဒရား လေ့ကျင့်ရတာ ကြိုက်လား

How often do you - ဘယ်နှစ်ကြိမ် လုပ်လေ့ရှိလဲ
တစ်စုံတစ်ယောက်ကို တစ်ခုခုကို ဘယ်လောက် လုပ်လေ့ရှိလဲ၊ ဘယ်နှစ်ကြိမ် လုပ်လေ့ရှိလဲ စသည့် အကြိမ်အရေအတွက်များ မေးလိုသောအခါ ဖော်ပြပါ ပုံစံကို အသုံးပြုနိုင်ပါတယ်။ ပြန်လည် ဖြေဆိုသော အခါ everyday, every Sunday, every week, every month, every year, once a day, once a week, once a month, once a year, twice a day, three times a day စသည်များဖြင့် ပြောနိုင်ပါတယ်။ every ____, once a _____, twice a _____, three times a _____, four times a _____ စသည့် ပုံစံများကို မှတ်သားထားပါ။
-       How often do you exercise?
လေ့ကျင့်ခန်း ဘယ်နှစ်ကြိမ် လုပ်လေ့ရှိလဲ
-       How often do you change your password?
စကားဝှက်ကို ဘယ်နှစ်ကြိမ် ပြောင်းလေ့ရှိလဲ
-       How often do you help out at school?
ကျောင်းမှာ ဘယ်နှစ်ကြိမ် ကူညီလေ့ရှိလဲ
-       How often do you need to go to the dentist?
သွားဆရာဝန်ဆီကို ဘယ်နှစ်ကြိမ်လောက် သွားဖို့ လိုလဲ
-       How often do you report to your supervisor?
မင်းရဲ့ ကြီးကြပ်ရေးမှူးဆီကို ဘယ်နှစ်ကြိမ် အစီရင်ခံ တင်ပြလေ့ရှိလဲ

Do you want me to + (verb)  -  မင်းငါ့ကို လုပ်စေချင်လား
 တစ်စုံ တစ်ယောက် အတွက် တစ်ခုခု ကူညီလုပ်ပေး လိုသောအခါ တဖက်သူကို မေးမြန်းသည့် စကားပြော ပုံစံအတွက် ဖော်ပြပါ ပုံစံကို အသုံးပြုနိုင်ပါတယ်။ မိမိက တစ်ခြားသူကို တစ်ခုခုလုပ်စေချင် ပါက “I want you to + (verb)” ပုံစံကို အသုံးပြုနိုင်ပါတယ်။
-       Do you want me to pick up the kids?
မင်းက ငါ့ကို ကလေးတွေကို ကြိုစေချင်တာလား
-       Do you want me to help you read that book?
ဒီစာအုပ်ကို ဖတ်ဖို့ မင်းကို ကူညီစေချင်တာလား
-       Do you want me to remind you?
မင်းကို သတိပေး စေချင်တာလား
-       Do you want me to remove my shoes?
မင်းက ကျွန်တော့်ကို ဖိနပ်ချွတ် စေချင်တာလား
-       I want you to make a decision.
မင်းကို ဆုံးဖြတ်ချက်ချ စေချင်တယ်။
-       I want you to water the flowers.
မင်းကို ပန်းပင်တွေ ရေလောင်းစေချင်တယ်။
-       I want you to become a doctor.
မင်းကို ဆရာဝန် ဖြစ်စေချင်တယ်။
-       I want you to be educated.
မင်းကို ပညာတတ်စေချင်တယ်။
-       My father wants me to join computer class.
အဖေက ကျွန်တော့်ကို ကွန်ပြူတာ သင်တန်း တက်စေချင်တယ်။

(Subj + want + Obj + to + (verb) ပုံစံကို မှတ်သားထားသင့်ပါတယ်။ Subj က တစ်ခုခုကို လုပ်စေ၊ ဖြစ်စေချင်သူ ဖြစ်ပြီး Obj က ထိုကိစ္စကို ပြုလုပ်ပေး၊ ဖြစ်စေရမယ် ဖြစ်ပါတယ်။)

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top