သင်တန်းသူ တစ်ယောက်က မေးလာပါတယ်၊ “stay နဲ့ live ဘာကွာပါသလဲ” ဆိုတဲ့ မေးခွန်းနဲ့ အစချီပြီး “ခုသူတို့က အဆောင်မှာ နေတာပါ၊ အဲဒါကို We live in a hostel. လို့သုံးရမလား We stay in a hostel. လို့သုံးရမလား သူငယ်ချင်းတွေကြားထဲမှာ အငြင်းပွားနေလိုပါ” လို့ message က မေးလာပါတယ်။ ဒါကြောင့်မို့ ပိုပြီး ပြည့်ပြည့်စုံစုံ ဖြစ်သွားအောင် stay နဲ့ live က နေသည် လို့ မြန်မာလို အဓိပ္ပာယ်ဆင်တူပေမဲ့ မတူညီတဲ့ အသုံးအနှုန်းပုံစံတွေကို ရေးသားလိုက်ပါတယ်။
Stay (v) - နေသည်
-       Stay until the rain has stopped.
မိုးတိတ်တဲ့ အထိ နေပါလား။
-       Can you stay after work to play tennis?
မင်း အလုပ်ပြီးရင် တင်းနစ် ကစားဖို့ နေလို့ ရမလား။
-       Stay here until I come back.
ငါ ပြန်လာတဲ့အထိ ဒီမှာပဲ နေပါလား။
-       I can only stay a few minutes.
ငါ ခဏလေးလောက်ပဲ နေနိုင်မယ်။

Stay (v) - နေသည်၊ ထားသည်၊ ရှိသည်၊ (ဆက်ဖြစ်သည့်၊ ဆက်လုပ်သည့် အဓိပ္ပာယ် ဆောင်ပါသည်။)
-       The shops stay open until 9 o’ clock.
ဆိုင်တွေက ၉-နာရီအထိ ဖွင့်နေသေးတယ်။
-       They stay friends after their divorce.
သူတို့ ကွားရှင်းပြတ်စဲ ပြီးတော့ သူငယ်ချင်း တွေ ဖြစ်နေသေးတယ်။
-       Everything has stayed the same.
အရာအားလုံးဟာ အရင်တိုင်းပါပဲ။

Stay (v) - ခတ္တနေသည်၊ တည်းခိုသည်။
-       We stay in a hotel.
ကျွန်တော်တို့ ဟော်တယ်မှာ တည်းတယ်။
-       It’s late – why don’t stay in my house?
နောက်ကျနေပြီ၊ အိမ်မှာပဲ အိပ်လိုက်ပါလား။
-       I stayed in Mandalay for two weeks then I flew home.
-       ကျွန်တော် မန္တလေးမှာ ၂-ပတ်လောက် ခဏနေပြီး အိမ်ပြန်လာခဲ့တယ်။ (I fly home သည် လေယာဉ် နဲ့ ပြန်လာသည်ကို ဆိုလိုပါတယ်။)

Stay (n) - အလည်အပတ် နေခြင်း၊ ညအိပ်ခြင်း
-       A two weeks stay with my uncle
-       A short/ long stay in a hotel

Live (v) - ရှင်သည်၊ အသက်ရှိသည်။
-       He only lived a few days after the accident.
မတော်တဆ ဖြစ်ပြီးတော့ တစ်ရက်/ နှစ်ရက်လောက်ပဲ သူ အသက်ရှင်ခဲ့တယ်။
-       How long do elephants live?
ဆင်တွေက သက်တမ်း ဘယ်လောက်ရှည်လဲ

Live (v) - နေထိုင်သည်။
-       I live in Yangon.
ကျွန်တော် ရန်ကုန်မှာ နေပါတယ်။
-       Some students live on the University campus.
တစ်ချို့ကျောင်းသား/သူတွေက တက္ကသိုလ် ပရဝဏ် မှာပဲ နေကြတယ်။ (ကျောင်းထဲမှာပဲ နေကြတယ်)

Live (v) - နေသည်။
-       He lived and died a bachelor.
သူက လူပျိုကြီးဘဝနဲ့ အရိုးထုတ်သွားခဲ့တယ်။
-       As he saved the money systematically when he was young, he can live a peaceful life now.
သူငယ်ငယ်တုန်းက ပိုက်ဆံကို စနစ်တကျ စုဆောင်းခဲ့လို့ ခုအချိန်မှာ အေးအေး ချမ်းချမ်း နေနိုင်တယ်။
-       John and Mary got married and lived happily ever after.
ဂျွန် နဲ့ မေရီ တို့ လက်ထပ်ပြီးတော့ ပျော်ပျော်ရွှင်ရွှင် ထာဝရ နေထိုင်သွားကြတယ်။

Live (v) - ရှင်သန်နေသည်။
-       The memorable days will live in my heart forever.
ကျွန်တော့် နှလုံးသားထဲမှာ အမှတ်တရနေ့ရက်တွေဟာ အမြဲတမ်း ရှင်သန် နေမှာပါ။ (ဘယ်တော့မှ မမေ့နိုင်သည်ကို ဆိုလိုပါတယ်။)
အင်္ဂလိပ်ဘာသာစကား လေ့လာသူတွေ စကားလုံး အသုံးအနှုန်း ကြွယ်ဝ ကြပါစေ ……
အောင်ကိုဦး (UMK)

Be the Best !

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top