ကျေးဇူတင်ထိုက်သူကို ကျေးဇူးတင်တယ် ဆိုတာ
မင်္ဂလာ တစ်ပါးပါပဲ၊ ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားကို နေ့စဉ်နဲ့ အမျှ အကြိမ်ပေါင်းများစွာ
ပြောဆိုနေကြတာပါ။ အဲဒီကျေးဇူးတင်တယ်ဆိုတဲ့ စကားဟ အင်္ဂလိပ်ဘာသာစကား လေ့လာနေသူတိုင်းလည်း
အမြဲတမ်း ပြောနေရတဲ့ စကားလေးပါ၊ ဒါပေမဲ့ အဲဒီအလွယ်ဆုံး စကားကို မှားယွင်းသုံးတတ်ကြတဲ့
အတွက် ကျေးဇူးတင်ကြောင်း ပြောစကားပုံစံများကို ရေးသားလိုက်ပါတယ်။
Thank
(v) - ကျေးဇူးတင်သည်။
-
There
is no need to thank me – I was only doing my job.
-
ကျွန်တော့်ကို
ကျေးဇူးတင်ဖို့ မလိုပါဘူး၊ ဒါကျွန်တော့်အလုပ်ပါ။
-
We
thanked them for all their help.
-
အကူအညီ
အားလုံးအတွက် သူတို့ကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။
-
On
behalf of the entire company, I would like to thank you all.
-
ကုမ္ပဏီတစ်ခုလုံး
ရဲ့ ကိုယ်စား အားလုံးကို ကျွန်တော်က ကျေးဇူးတင်ပါတယ်။
-
In
accepting this award, I would like to thank the producer, the director, the
script writer and, the film crew.
-
အခုလို
ဒီဆုကို ရရှိတဲ့ အချိန်မှာ ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးသူ နှင့်တကွ ရုပ်ရှင်
အဖွဲ့သားများ အားလုံးကို ကျွန်တော်က ကျေးဇူးတင်ပါတယ်။
-
He
thanks me for I do his duty on behalf of him.
-
သူတာဝန်တွေ
သူကိုယ့်စား လုပ်ပေးတဲ့အတွက် ကျွန်တော့်ကို သူက ကျေးဇူးတင်တယ်။
·
Thank
သည် verb ဖြစ်ပြီး Subject နှင့် Tense အပေါ်တွင် မူတည်ကာ thank – thanks/ thanked/
thanked/ thanking စသည့်ဖြင့် လိုအပ်သလို ပြောင်းလဲ သုံးနိုင်ပါတယ်။ တစ်ခါတရံ
“Thanks” တစ်လုံးတည်းကို noun အဖြစ်အသုံးပြုနိုင်ပါတယ်၊ Thank ကို noun အဖြစ်သုံးလျှင်
‘s’ ပါသည်ကို သတိထားရပါမယ်။ thanks a lot, thanks a million စသည်ဖြင့်လည်း သုံးနိုင်ပါတယ်။
Thanks for your help. Thanks a lot for your sharing. စသည့် ပုံစံများတွင် Thanks
က noun ဖြစ်ပါတယ်။
Thank
you (n) - ကျေးဇူးစကား
-
Thank
you very much.
ကျေးဇူးအများကြီးတင်ပါတယ်။
-
“How
are you?” “I’m fine, thank you”
“နေကောင်းရဲလား”၊
“ကောင်းပါတယ် … ကျေးဇူးပဲ”
-
“You
are very nice in that dress.” “Thank you very much”
“ခင်ဗျား
ဒီဝတ်စုံနဲ့ သိပ်အဆင်ပြေတယ်” “ကျေးဇူးပါ”
-
I’d
like to say a big thank you to everyone for all their help.
သူ့တို့အားလုံးရဲ့
အကူအညီအတွက် ကျေးဇူးအများကြီး တင်ပါကြောင်း ပြောလိုပါတယ်။
-
He
wrote a thank-you letter to his aunty to thank her for the birthday present she
sent him.
သူ့အဒေါ်က
မွေးနေ့လက်ဆောင်ပို့ခဲ့တဲ့ အတွက် အဒေါ့်ကို ကျေးဇူးတင်ကြောင်း ပြောဖို့ ကျေးဇူးတင်စာ
တစ်စောင်ကို သူရေးခဲ့တယ်။ (thank-you letter ကို ကျေးဇူးတင်လွှာ လို့လည်း သုံးနိုင်ပါတယ်။)
·
တစ်စုံ
တစ်ယောက်က တစ်ခုခု ကမ်းလှမ်းမှုကို လက်မခံကြောင်း ငြင်းလိုတဲ့ အခါ “No, thanks”
“No, thank you” တစ်ခုခုကို သုံးနိုင်ပါတယ်။ thanks နှင့် thank you တို့ကို noun အဖြစ်သုံးကာ
ပြောခြင်း ဖြစ်ပါတယ်။ ဥပမာ -
-
“Have
a tea.” “No, thanks” (or) “No, thank you”
“လက်ဘက်ရည်သောက်ပါဦး”
၊ “ရပါတယ်၊ မသောက်တော့ဘူး၊ ကျေးဇူးပဲ”
-
“Have
a coffee.” “Yes, please.”
“ကော်ဖီ
သောက်ပါဦး” ၊ “ဟုတ်ကဲ့၊ သောက်မယ်”
·
တစ်စုံ
တစ်ယောက်က တစ်ခုခု ကမ်းလှမ်းမှုကို လက်ခံကြောင်းပြောလိုလျှင် “Yes, please.” ကိုသုံးနိုင်ပါတယ်။
ကျေးဇူးတင်ကြောင်း
အခြားသော ပြောစကား ပုံစံများ
-
I’m
much obliged to you.
ခင်ဗျားကို
ကျေးဇူးအများကြီးတင်ပါတယ်။ (obliged /adj/ - ကျေးဇူးတင်သော)
-
I’m
very grateful to you.
ခင်ဗျားကို
ကျေးဇူးအများကြီးတင်ပါတယ်။ (greatful /adj/ - ကျေးဇူးတင်သော၊ ကျေးဇူးသိသော)
-
The
word fail me to say thank you
ကျေးဇူးတင်လွန်းလို့
ဘယ်လိုပြောရမှန်း မသိတော့ဘူး။
အောင်ကိုဦး (UMK)
Be the Best !
0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....