လက်တွေ့စာဖတ်ခြင်း
တင်ပြခဲ့ပြီးဖြစ်သော “ဝါကျဖွဲ့ထုံး အနှစ်ချုပ်”
စာဖတ်နည်းကို အသုံးပြုကာ လက်တွေ့ စာဖတ်ရာတွင် မည်သို့ အသုံးပြုမည်ကို ဆက်လက်တင်ပြ ပါမည်။
လွယ်ကူသည့် ဝါကျများမှ တဖြည်းဖြည်း ခက်လာသည့် ဝါကျများ ဖြင့် စီစဉ်ထားပါသည်။
-
The
city o f Verona in Italy was a
city divided by hatred.
အမုန်းတရားဖြင့်
နှစ်ပိုင်းပိုင်းထားသော မြို့သည် အီတလီတွင်ရှိသော
ဗီရိုနာမြို့ ဖြစ်ပါသည်။
ရှင်းလင်းချက် ။ ။ အထက်ပါဝါကျတွင် was ကြိယာ တစ်ခုတည်းပါသည့်အတွက်
Simple Sentence ဖြစ်ပါသည်။ was နောက်တွင်ပါသော စကားစုသည် အဖြည့်ပုဒ်(C) ဖြစ်ပါသည်။
past participle adj ဖြစ်သောကြောင့် ‘သော’
ဖြင့် အနက်ကောက်ရပါသည်။ In Italy သည် ၎င်းရှေ့တွင် ရှိသော ဗီရိုနာကို အထူးပြုသောကြောင့်
Adj Phrase ဖြစ်ပြီး ‘သော’ ဖြင့် အနက်ကောက်ရပါသည်။
ဤဝါကျကို was ကြိယာရှေ့က သော်လည်း ကောင်း၊ နောက်က သော်လည်းကောင်း စတင်ကာ အနက်ကောက်ယူ
နိုင်ပါသည်။
-
There
was a bitter quarrel between its two most powerful families,
the Montagues and Capulets.
မွန်တေဂူနှင့်
ကာာပြုလက် ဟူသည့် တန်ခိုးသြဇာ ကြီးမားသော မိသားစုနှစ်ခုကြားတွင်
ပြင်းထန်သော ရန်ပွဲ ဖြစ်ခဲ့ပါသည်။
ရှင်းလင်းချက် ။ ။ မွန်တေဂူ နှင့် ကာပြုလက်ကို ဂုဏ်ရည်တူ ထပ်တူပြုကာ
ကပ်ထားပါသည်။ Noun and Apposition ပုံစံ ဖြစ်ပါသည်။ was ကြိယာ တစ်ခုတည်းပါသည့်အတွက်
Simple Sentence ဖြစ်ပါသည်။ between its two most powerful families သည်
Preposition နှင့် Noun အစုပေါင်းထားသော Phrase ဖြစ်ပြီး quarrel သည် ဘယ်နေရာမှာ ဖြစ်သည်ကို
ဖော်ပြသောကြောင့် Adv Phrase ဖြစ်ပြီး ‘တွင်’
ဖြင့် အနက်ကောက်ပါသည်။ Phrase က စပြီး အနက်ကောက်ရပါသည်။
-
Mrs
Jones was in the kitchen.
မီးဖိုဆောင်ထဲတွင်
မစ္စဂျုံး ရှိသည်။
ရှင်းလင်းချက် ။ ။ in the kitchen သည် Noun နှင့် Preposition ပေါင်းထားသော
Phrase ဖြစ်ပြီး မစ္စဂျုံး ဘယ်မှာရှိသည်ဆိုတာ နေရာ
ပြပေးသဖြင့် Adv Phrase ဖြစ်သည်။ ‘ထဲမှာ’
ဖြင့် စတင်ကာ အနက်ကောက်ယူသည်။
-
He
washed quickly because it was cold.
အေးသောကြောင့်
အလျှင်အမြန် သူ ဆေးကြောသည်။
ရှင်းလင်းချက် ။ ။ washed နှင့် was ကြိယာနှစ်ခု ပါသောကြောင့်
Simple Sentence မဟုတ်တော့ပါ။ because သည် Subordinate Conjunction (သူတစ်ပါးကို မှီခိုသော စကားဆက်) ဖြစ်၍ ၎င်းက
စတင်ကာ အနက်ကောက်ယူပြီး ‘သောကြောင့်’ ဖြင့်
အနက်ကောက်သည်။ Conjunction သည် Subordinate ဖြစ်သဖြင့် Complex Sentence ဖြစ်ပါသည်။
-
He
could smell the breakfast which his
mother had prepared for him.
သူ့အတွက်
သူ့အမေ ချက်ပြုတ်ပေးသော နံနက်စာကို သူအနံ့ ရသည်။
ရှင်းလင်းချက်။ ။ ဤဝါကျတွင်လည်း smell နှင့် prepared ကြိယာ နှစ်ခု
ပါသဖြင့် Simple Sentence မဟုတ်ဘဲ Complex Sentence ဖြစ်သည်။ prepared ဟူသော ကြိယာ
(verb) ရှေ့တွင် စကားဆက် (which) ပါရှိပြီး breakfast ဟူသည့် Noun ကို အထူးပြုသောကြောင့်
Adj Clause ဖြစ်သဖြင့် ‘သော’ ဖြင့် အနက်ကောက်သည်။
which clause တွင် for him ဟူသော Noun Phrase ပါရှိ၍ ၎င်း Phrase က စတင်ကာ ရှေ့သို့ အနက်ကောက်သွားသည်။
-
Peter
sat down and ate breakfast.
ပီတာထိုင်(သည်။)
ပြီးနောက် နံနက်စာ စားသည်။
ရှင်းလင်းချက် ။ ။ and ၏ရှေ့တွင် down ဟူသော preposition ရှိပြီး
နောက်တွင် ate (verb) ရှိနေကာ ဝါစင်္ဂ(part of speech) မတူသဖြင့် and ၏ ဝါကျနှင့် နောက်က
ဝါကျကို သီးခြားစီ အနက်ကောက်ရသည်။
************************************************************** **********
(ကျေးဇူးရှင်
ဆရာကြီး ဦးမြကြိုင်အား ဤစာစု ဖြင့် ဦးခိုက်ပူဇော်ပါသည်။)
အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း
စာရေးသားရာတွင်၊ စာဖတ်ရာတွင် အဆင်ပြေပြေ လွယ်လွယ်ကူကူ လေ့လာ ဖတ်ရှု မှတ်သား ရေးသား နိုင်ကြပါစေ
……
အောင်ကိုဦး
(UMK)
Be the Best !
0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....