to take part : ပါဝင် ဆောင်ရွက်သည်၊ ဆင်နွဲသည်။
-       Henry was sick and could not take part in the meeting last night.
မနေ့ညက ဟင်နရီ ဖျားနေလို့ အစည်းအဝေး မတက်နိုင်နိုင်ဘူး။
-       I did not want to take part in their argument.
သူတို့ အငြင်းပွားနေတဲ့ ကြားထဲ ကျွန်တော် ဝင်မပါချင်ဘူး။

at all : လုံးဝ (အငြင်းဝါကျတွင်သာ သုံးပါသည်။)
-       He said that he did not have any money at all.
သူ့မှာ ပိုက်ဆံ လုံးဝ မရှိဘူးလို့ ပြောတယ်။
-       I don’t know this case at all.
ကျွန်တော် ဒီကိစ္စကို လုံးဝ မသိဘူး။

to look up : ရှာဖွေသည် ( အဘိဓာန်၊ တယ်လီဖုံးလမ်းညွှန် စသည်တို့တွင် ရှာသည်)
-       If you don’t know the new word, you can look it up in the dictionary.
မင်း စကားလုံးအသစ် မသိရင် အဘိဓာန်မှာ ရှာလို့ရတယ်။
-       Ellen said that she did not know Robert’s number but she would look it up in the telephone book.
ရောဘတ်ရဲ့ဖုံးနံပါတ်ကို သူမသိဘူးတဲ့ ဒါပေမယ့် သူ တယ်လီဖုံးလမ်းညွှန် စာအုပ်မှာ ရှာလိုက်မယ် လို့ အယ်လင်က ပြောတယ် ။

wait on : စတိုး၊ စားသောက်ဆိုင် စသည်များတွင် ဝန်ဆောင်မှုပေးသည်
-       A very pleasant young clerk waited on me at the shop.
အသက်ငယ်ငယ် ဖော်ဖော်ရွေရွေ နဲ့ စာရေးလေးက ကျွန်တော့်ကို ဆိုင်မှာ ဝန်ဆောင်မှုပေးတယ်။

at least : အနည်းဆုံး
-       Every student should spend at least two hours on the studies every night.
ကျောင်းသားတိုင်း အနည်းဆုံး ၂ နာရီလောက်တော့ ညတိုင်း စာလုပ်သင့်တယ်။
-       Helen has been sick in bed for at least two months.
ဟယ်လင်ဖျားနေတာ အနည်းဆုံး ၂လ လောက်တော့ ရှိပြီ။

so far : ခုအချိန်ထိ၊ လက်ရှိအချိန်ထိ
-       So far John has been the best student in our English class.
ခုချိန်ထိတော့ အတန်းထဲမှာ ဂျွန်က အတော်ဆုံး ကျောင်းသား ပဲ။
-       How many idioms have you studied in this book so far ?
ခုအချိန်ထိ မင်း ဒီစာအုပ်ထဲက အီဒီယမ် ဘယ်လောက် လေ့လာပြီးပြီလဲ

take a walk : လမ်းလျှောက်ထွက်သည်။
-       Last evening we took a walk around the park.
မနေ့ကညနေ ကျွန်တော်တို့ ပန်းခြံတဝိုက် လမ်းလျှောက်ထွက်ခဲ့ကြတယ်။
-       The weather is fine. Let’s take a walk.
ရာသီဥတု သာယာတယ်၊ လမ်းလျှောက်ထွက်ရအောင်

take a trip : ခရီးထွက်သည်
-       I am so busy at work that I have no time to take a trip.
ကျွန်တော့်မှာ အလုပ်များလွန်းလို့ ခရီးထွက်ဖို့တောင် အချိန်မရှိဘူး။
-       During the summer holidays, we took a trip to Bagan.
နွေရာသီပိတ်ရက်မှာ ကျွန်တော်တို့ ပုဂံ ကို ခရီးထွက်ခဲ့ကြတယ်။

to try on : စမ်းဝတ်သည်
-       He tried on several suits and finally picked out blue one.
သူ ဝတ်စုံပေါင်းများစွာ စမ်းဝတ်ကြည့်ပြီးမှ နောက်ဆုံးတော့ အပြာရောင် တစ်စုံကို ရွေးလိုက်တယ်။
-       Ma Ma tried on the new dress before she bought.
မမ က မဝယ်ခင် အင်္ကျီအသစ်ကို စမ်းဝတ်ကြည့်တယ်။

think over : စဉ်းစား သုံးသပ်သည်။
-       I shall think over your offer and give you my answer tomorrow.
ခင်ဗျားရဲ့ ကမ်းလှမ်းချက်ကို စဉ်စား အုံးမယ် မနက်ဖြန်မှ အဖြေ ပြန်ပေးမယ်ဗျာ။
-       You don’t give me your decision now. Think it over for a while.
မင်း ခုချက်ချင်း ဆုံးဖြတ်ချက် ချဖို့မလိုပါဘူး၊ ခဏလောက်တော့ စဉ်းစားလိုက်ပါဦး။

to take place : ဖြစ်ပျက်သည်။
-       I thought that the celebration was taking place at John’s house.
ပွဲက ဂျွန့် အိမ်မှာ ဖြစ်မယ်လို့ ကျွန်တော် ထင်ခဲ့တယ်။
-       Where did the accident take place ?
မတော်တဆမှု ဘယ်နားမှာ ဖြစ်သွားတာလဲ

put away : နေရာတကျ ပြန်ထားသည်။
-       John put the notepad away in his desk when he was finished with it.
ဂျွန်က သူ သုံးပြီးသွားတော့ မှတ်စုစာရွက်ကဒ် ကို သူ့ စာရေးစားပွဲမှာ ပြန်ထားလိုက်တယ်။
-       The mother told the child to put the toys away.
အမေက ကလေးကို ကစားစရာတွေ သူ့နေရာသူ  နေရာတကျ ပြန်ထားဖို့ ပြောတယ်။


အင်္ဂလိပ်ဘာသာစကားလေ့လာသူတိုင်း အင်္ဂလိပ်စာအရည်အသွေး တိုးတက်နိုင်ကြပါစေ ………

အောင်ကိုဦး(UMK)

 Be the Best !

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top