to pick out : ရွေးချယ်သည်။
-       I want to pick out some new ties to give as Christmas presents to my friends.
သူငယ်ချင်းတွေကို ခရစ်စမတ်လက်ဆောင် ပေးဖို့ ကျွန်တော် နက်ကတိုင်တွေ ရွေးချင်တယ်။
-       Which book did you pick out to send to Helen?
ဟယ်လင် ဆီကို ပို့ဖို့ မင်းဘယ်စာအုပ်ကို ရွေးထားပြီလဲ?

to take one’s time : အေးအေး ဆေးဆေး လုပ်သည်။
-       There is no hurry. You can take your time doing that work.
ဒါ အရင်မလိုပါဘူး၊ မင်းဒီကိစ္စ အေးအေး ဆေးဆေး လုပ်လို့ရတယ်။
-       William never works rapidly. He always takes his time in everything that he does.
ဝီလီယမ်က ဘယ်တော့မှ အလုပ်ကို အလျင်သလို မလုပ်ဘူး၊ သူ ဘာပဲလုပ်လုပ် အမြဲတမ်း အေးအေး ဆေးဆေး လုပ်တယ်။

to lie down : လှဲလျောင်းသည်။
-       If you are tired, why don’t you lie down for an hour or so?
မင်းပင်ပန်းနေရင် တစ်နာရီလောက်ဖြစ်ဖြစ် လှဲနေပါလားလို့။
-       The doctor says that Grace must lie down and rest for an hour every afternoon.
“ဂရေ့(စ်)ကို တစ်နေ့တစ်နာရီလောက် နေ့လည်ဖက်မှာ လှဲပြီး အနားယူသင့်တယ်” လို့ ဆရာဝန်က ပြောတယ်။

all day long : တစ်နေကုန်၊ တစ်နေခမ်း
-       I have been working on this problem all day long.
ကျွန်တော် ဒီပြဿနာကို ဆက်ရှင်းနေတာ တစ်နေကုန်ပဲ။
-       She shopped all day long looking for a new dress.
သူ ဝတ်စုံအသစ် တစ်စုံ လိုက်ရှာ ဝယ်တာ တစ်နေကုန် တစ်နေခန်းပဲ။

on purpose : ရည်ရွက်ချက်ရှိရှိ (တမင်တကာ၊ မတော်တဆ မဟုတ်)
-       It was not accident. She broke the dish on purpose.
ဒါ မတော်တဆ မဟုတ်ဘူး၊ သူ ပန်းကန်ကို တမင်တကာ ခွဲပစ်လိုက်တာ။
-       Do you think he made that mistake on purpose ?
သူ ဒီအမှားကို တမင်တကာ လုပ်တယ်လို့ မင်းထင်လို့လား?
by oneself : ကိုယ်ကိုယ်တိုင်
-       John did the work by himself. No one helped him.
ဂျွန်က အလုပ်ကို သူကိုယ်တိုက်ပဲ လုပ်တယ်၊ သူ့ကို ဘယ်သူမှ ကူစရာမလိုဘူး။
-       She likes to walk by herself through the park.
သူ(မ)က ပန်းခြံထဲကို တစ်ယောက်တည်း သူဖာသာသူ လမ်းလျှောက်ချင်တယ်။

to get along : တိုးတက် အောင်မြင်သည်။
-       John is getting along very well in his study of English.
ဂျွန် အင်္ဂလိပ်စာ လေ့လာတာ တော်တော်ကြီးကို တိုးတက်လာတယ်။
-       How is Mr. James getting along in his new job?
မစ္စတာ ဂျိမ်း တစ်ယောက် သူ့ အလုပ်အသစ်မှာ တိုးတက်(အဆင်ပြေ) ရဲ့လား?

to make no difference : ဘာမှ မထူးဘူး
-       It makes a big difference to me whether he likes the food I serve.
ကျွန်တော် ဧည့်ခံတဲ့ အစားအသောက်တွေ သူကြိုက်မယ်ဆိုရင် ကျွန်တော့်အတွက် တော်တော် ကောင်းမယ်။
-       It makes any difference we do that.
ဒီကိစ္စကို တို့လုပ်လို့လဲ ဘာမှထူးမှာ မဟုတ်ပါဘူး။

to take out : ဆွဲထုတ်သည်။
-       William took out his handkerchief and wiped his forehead.
ဝီလီယမ်က သူ့လက်ကိုင်ပုဝါကို ဆွဲထုတ်ပြီး နဖူးကို သုတ်လိုက်တယ်။
-       The thief suddenly took out a knife and attacked the policeman.
သူခိုးက ရုတ်တရက် ဓါးကို ဆွဲထုတ်လိုက်ပြီး ရဲကို တိုက်ခိုက်ခဲ့တယ်။

to talk over : ဆွေးနွေး စဉ်းစား သုံးသပ်သည်။
-       We talked over Carlo's plan to install an air conditioner in the room, but we couldn't reach a decision.
ကာရိုးလ် ရဲ့ အခန်းမှာ အဲယားကွန်း တပ်မယ့် အစီအစဉ်ကို ကျွန်တော်တို့ ဝိုင်းဆွေးနွေးနေတာ ခုထက်ထိတော ဆုံးဖြတ်ချက် မကျသေးဘူး။
-       Before I accepted the new job offer, I talked the matter over with my wife.
ကျွန်တော့်ကို ကမ်းလှမ်းတဲ့ အလုပ်အသစ်ကို လက်မခံခင် ကျွန်တော့်မိန်းမနဲ့ ဒီကိစ္စကို အရင် တိုင်ပင်ခဲ့တယ်။
အင်္ဂလိပ်ဘာသာစကားလေ့လာသူတိုင်း အင်္ဂလိပ်စာအရည်အသွေး တိုးတက်နိုင်ကြပါစေ ………

အောင်ကိုဦး(UMK)
Be the Best ! 

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top