Let me +
(verb) – ခွင့်ပြုပါ
တစ်စုံတစ်ခုကို
လုပ်ဖို့ရန်အတွက် ခွင့်ပြုချက်တောင်းသောအခါ Let me ကို အသုံးပြုနိုင်ပါတယ်၊ verb ဖြင့်တွဲသုံးရမှာ
ဖြစ်ပါတယ်။
-
Let me make
my own decisions.
ကိုယ့်ဟာကိုယ်
ဆုံးဖြတ်ခွင့် ပြုပါ။
-
Let me make
a suggestion.
အကြံဉာဏ်ပေးခွင့်
ပြုပါ။
-
Let me fix
your car.
ခင်ဗျားကားကို
ပြင်ဖို့ ခွင့်ပြုပါ။
-
Let me
treat you to some ice cream.
ခင်ဗျားကို ရေခဲမုန့်
ကျွေးဖို့ ခွင့်ပြုပါ။
Thank you
for+ (V-ing) - တစ်ခုခု အတွက် ကျေးဇူးတင်သည်။
ကျေးဇူးတင်ကြောင်း
ပြောရာတွင် Thanks သို့မဟုတ် Thank you ၂-မျိုးလုံးကို သုံးနိုင်ပါသည်။ သို့ရာတွင်
Thanks ဟုပြောလျှင် ‘s’ ပါသည်ကို သတိထားရမည် ဖြစ်ပြီး ‘Thank you’ ဟုပြောပါက
‘s’ မပါသည်ကို သတိပြုရပါမည်။ (V-ing) ကို noun ပုံစံဖြင့် အသုံးပြုထားခြင်း ဖြစ်ပါသည်။
-
Thank you
for inviting me.
ကျွန်တော့်ကို
ဖိတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
-
Thank you for
mailing that package for me.
ကျွန်တော့် အတွက်
ဒီအထုပ်ကို ပို့ပေးတဲ့အတွက် ကျေးဇူးပါ။
-
Thank you
for replying to my email.
ကျွန်တော့် အီးမေး(လ်)ကို
အကြောင်းပြန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
-
Thank you
for heating up dinner.
ညနေစာကို နွှေးပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။
-
Thank you
for helping me. (Thank you for your help. ဟုလည်း သုံးနိုင်ပါတယ်)
ကျွန်တော့်ကို
ကူညီပေးတဲ့အတွက် ကျေးဇူးပါ။
Can I +
(verb) - ________
လုပ်လို့ ရမလား
‘can’ ကို ဖြစ်နိုင်ချေ (possibility) ၊ လုပ်နိုင်စွမ်းရည်
(ability) ၊ ခွင့်ပြုချက် (permission) စသော အခြေအနေ သုံးမျိုးတွင် အသုံးပြုနိုင်ပါသည်။
ယခုပုံစံတွင် ‘can’ ကို မေးခွန်းဝါကျ အဖြစ် ပြောဆိုအသုံးပြုကာ တစ်ခုခု လုပ်ဖို့ရန်
အတွက် ခွင့်ပြုချက် တောင်းခံခြင်း ဖြစ်ပါသည်။
- Can I attend the
event?
ဒီပွဲကို ကျွန်တော် တက်လို့ ရမလား
- Can I call you
tomorrow?
မနက်ဖြန် မင်းကို ဖုန်းခေါ်လို့ ရမလား
- Can I complete
this later?
ဒါလေးကို နောက်မှ လက်စသပ်လို့ ရမလား
- Can I include
you in our plans?
ကျွန်တော့်တို့ အစီအစဉ်တွေမှာ ခင်ဗျားကို ထည့်သွင်းလို့ ရမလား
- Can I introduce
you to my co-workers?
ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် တွေနဲ့ ခင်ဗျားကို မိတ်ဆက်ပေးလို့ ရမလား
Can I get +
(noun) -
______ ကိုရနိုင်မလား
တစ်ခုခုကို ရနိုင်မလားလို့
မေးလိုသည့် အခါမျိုးတွင် ဖော်ပြပါပုံစံကို အသုံးပြုနိုင်ပါသည်။
-
Can
I get a cup of water?
ရေတစ်ခွက်လောက်
ရနိုင်မလား
-
Can
I get sugar in my coffee?
ကော်ဖီမှာ
သကြားလေး ထည့်ပေးလို့ ရမလား
-
Can
I get popcorn at the movie?
ရုပ်ရှင်ရုံမှာ
ပြောင်းဖူးပေါက်ပေါက် ရနိုင်မလား
တစ်ယောက်ယောက်ကို တစ်ခုခုလုပ်ဖို့
ကမ်းလှမ်းလိုသည့် အခါများတွင်လည်း ဖော်ပြပါပုံစံကို အသုံးပြုနိုင်ပါသည်။
-
Can
I get you another drink?
နောက်တစ်ခွက်လောက်
ထပ်သောက်ပါဦးလား
-
Can
I take you home?
အိမ်ကို
လိုက်ပို့ပေးရမလား
-
Can
I help you finish your project?
မင်းလုပ်ငန်းကို
လက်စသပ်ဖို့ ကူညီပေးရမလား
အောင်ကိုဦး(UMK)
Be the Best !

0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....