I'm having
a hard time + (verb-ing) – တစ်ခုခုလုပ်ရာတွင် အခက်အခဲတွေ့နေသည်၊ ခက်ခဲနေသည်။
တစ်ခုခုအတွက်
အခက်အခဲတွေ့နေတယ် ဆိုတာကို ဖော်ပြလိုသောအခါ ဖော်ပြပါ ပုံစံကို အသုံးပြုနိုင်ပါသည်။
အဆိုပါ အခက်အခဲသည် ရုပ်ပိုင်းဆိုင်ရာ သော်လည်းကောင်း၊ စိတ်ပိုင်း ဆိုင်ရာသော်လည်းကောင်း ဖြစ်နိုင်ပြီး အောင်မြင်စွာ ဖြတ်ကျော်နိုင်ရန်လည်း
အခြေအနေရှိပါသည်။
-
I'm
having a hard time writing.
စာရေးရတာ
အခက်အခဲတွေ့နေတယ်။
-
I'm
having a hard time understanding you.
မင်းကိုနားလည်ဖို့
အခက်အခဲတွေ့ နေတယ်။
-
I'm
having a hard time answering your question.
မင်းရဲ့မေးခွန်းတွေကို
ဖြေရတာ အခက်အခဲ တွေ့နေတယ်။
-
I'm
having a hard time downloading songs to my iPod.
ကျွန်တော့်
အိုင်ပေါ့(ဒ်)ထဲကို သီချင်းတွေ ဒေါင်းလု(ဒ်) လုပ်ရတာ ခက်နေတယ်။
အခက်အခဲကို ပိုမို ပေါ်လွင်စေရန်
အောက်ဖော်ပြပါပုံစံများဖြင့် Adverb များ ထည့်ကာ ပြောနိုင်ပါသည်။ (Frequency
Adverb များဖြစ်သော fairly, quite, rather, pretty, very, extremely တို့ကို မိမိပြောလို
သော အခြေအနေတွင် မူတည်ကာ အသုံးပြုနိုင်ပါသည်။ မြန်မာလို အတိအကျ ဘာသာပြန်ရန်အတွက် တော့
ခက်ခဲပါသည်။)
-
I'm
having an extremely hard time trusting you.
မင်းကို
ယုံကြည်ဖို့ တော်တော်ကြီးကို ခက်နေတယ်။
-
I'm
having a very hard time finding a job.
အလုပ်တစ်ခု
ရှာဖို့ အရမ်းကို ခက်နေတယ်။
-
I'm
having a quite hard time finding parts for my car.
ကျွန်တော့်ကားအတွက်
အပိုပစ္စည်းရှာရတာ တော်တော် ခက်နေတယ်။
-
I'll help you
cook dinner tonight.
I think I
should + (verb) - တစ်ခုခုကို လုပ်သင့်သည်ဟု ထင်မြင်သည်၊ ယူဆသည်။
ပုံမှန်ဖြစ်ပျက်၊
ဆောင်ရွက်နေသော ကိစ္စများတွင် တစ်ခုခုကို လုပ်သင့်သည်ဟု ထင်မြင် ယူဆချက် များကို ဖော်ပြရာတွင်
အသုံးပြုနိုင်ပါသည်။
-
I
think I should practice my reading.
စာဖတ်တာကို
လေ့ကျင့်သင့်တယ်လို့ ထင်တယ်။
-
I
think I should join a management class.
စီမံခန့်ခွဲမှုသင်တန်း
တစ်ခုတက်သင့်တယ်လို့ ထင်တယ်။
-
I
think I should handle this as soon as possible.
ဒီကိစ္စကို
မြန်နိုင်သမျှ မြန်မြန် ကိုင်တွယ်သင့်တယ်လို့ ထင်တယ်။
-
I
think I should earn my degree.
ကျွန်တော့်
ဘွဲ့ကို ထိုက်ထိုက်တန်တန် ရသင့်တယ်လို့ ထင်တယ်။
တစ်ခုခုကို
လုပ်သင့်သည်ဟု မယူဆသောအခါ၊ မထင်သောအခါ think ရှေ့တွင် အငြင်း(negative) ပုံစံထည့်ပြီး
သုံးနိုင်ပါသည်။
-
I do not think
I should complain so much.
ဒီလောက်အထိ မကျေမနပ်
ပြောသင့်တယ်လို့ မထင်ဘူး။
-
I do not think
I should borrow more money.
ပိုက်ဆံများများ
ချေးယူသင့်တယ် လို့ မထင်ဘူး။
-
I do not
think I should doubt you.
မင်းကို သံသယရှိသင့်တယ်လို့
မထင်ဘူး။
I've heard
that + (subject + verb) - ________ လို့ ကြားတယ်၊ သိတယ်။
တစ်စုံ တစ်ခု
ဖြစ်တယ် ဒါမှမဟုတ် ဖြစ်တော့မယ်လို့ ကြားသိပြီးတဲ့ အကြောင်းကို ပြောလိုသောအခါ ဖော်ပြပါ
ပုံစံကို အသုံးပြုနိုင်ပါသည်။ I’ve ဟုလည်း ရေးနိုင်သလို I have ဟုလည်း အပြည့်အစုံရေးနိုင်
ပါသည်။
- I've heard that
you got a new job.
မင်း အလုပ်အသစ်ရတယ်လို့ ငါ ကြားတယ်။
- I've heard that
you want to leave your job.
မင်း အလုပ်ထွက်ချင် နေတယ်လို့ ငါ ကြားတယ်။
- I've heard that
you got a new car.
မင်း ကားအသစ်ရတယ်လို့ ငါ ကြားတယ်။
- I've heard that
you've never been to Canada.
မင်း ကနေဒါကို တစ်ခါမှ မရောက်ဖူးဘူး ဆိုတာကို ငါ သိတယ်။
- I've heard that
you like to shop.
မင်း ဈေးသွားချင်တယ်လို့ ငါသိတယ်။ (shop ကို verb အဖြစ်သုံးထားခြင်းပြီး
like to သည် want to နှင့် အဓိပ္ပာယ်တူ ပါသည်။)
အောင်ကိုဦး(UMK)
Be the Best !
0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....