နေ့စဉ်
အင်္ဂလိပ်စကား ပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သော စကားစု (Phrases) များကို ဆက်လက်
ရေးသား လိုက်ပါသည်။ စကားစုပုံစံများကို အခြေခံမှ စတင်ကာ နေရာဒေသအလိုက် ပြောဆို သုံးနှုန်းနိုင်သော
ပုံစံများကို အစီအစဉ်အလိုက် ရေးသားပါမည်။ ဖော်ပြထားသော ဥပမာ ဝါကျများကို အခြေခံကာ လိုအပ်သလို
ဆပွား အသုံးပြုနိုင်ပါသည်။
Yes - ဟုတ်ကဲ့
No - ဟင့်အင်း၊ မဟုတ်ဘူး
maybe or perhaps - ဟုတ်မှာပါ၊ ဖြစ်ကောင်း ဖြစ်မှာပါ
please - ကျေးဇူးပြု၍
thanks - ကျေးဇူးတင်ပါတယ်
thank you - ကျေးဇူးတင်ပါတယ်
thanks very much - ကျေးဇူးအများကြီးတင်ပါတယ်
thank you very much - ကျေးဇူးအများကြီးတင်ပါတယ်
တစ်စုံတစ်ယောက်ရဲ့
ပြောစကားကို ဟုတ်တယ်/ မဟုတ်ဘူး ပြောလိုသော အခါ Yes/ No ကို သုံးနိုင်ပါတယ်။ ဒါပေမယ့်
သိပ်ပြီးတော့ မသေချာတဲ့ အခါ may be/ perhaps ကို သုံးနိုင်ပါတယ်။ တစ်ယောက်ယောက်ကို
တစ်ခုခု လုပ်ပေးစေလိုတဲ့အခါ please ဖြင့် ပြောဆိုနိုင်ပါတယ်၊ ဝါကျရဲ့ အစမှာဖြစ်စေ
… အဆုံးမှာဖြစ်စေ ထားကာ အသုံးပြုနိုင်ပါတယ်။ ကျေးဇူးတင်ကြောင်း ပြောလိုတဲ့အခါ
Thanks/ Thank you ၂-မျိုးလုံးကို သုံးနိုင်ပါတယ်၊ Thanks လို့ တစ်လုံးတည်း
ပြောတဲ့အခါ ‘s’ ပါပြီး Thank you လို့ပြောတဲ့အခါ ‘s’ မပါတာကို သတိပြုရပါမယ်။ တစ်စုံတစ်ယောက်က
ကိုယ့်ကို ကျေးဇူး တင်တယ်လို့ ပြောလာတဲ့အခါ “you're welcome/ don't mention it/ not
at all/ It’s my pleasure” စသည်ဖြင့် တစ်ခုခု ပြန်ပြောနိုင်ပါတယ်။
hi (quite informal) - ဟိုင်း
hello - ဟယ်လို
good morning - မင်္ဂလာ မနက်ခင်းပါ (မနက် ၆-နာရီ
မှ နေ့လည် ၁၂-နာရီအထိ)
good afternoon - မင်္ဂလာ နေ့လည်ခင်းပါ (နေ့လည် ၁၂-နာရီ
မှ ညနေ ၆-နာရီအထိ)
good evening - မင်္ဂလာ ညနေခင်းပါ (ညနေ ၆-နာရီ
နောက်ပိုင်း)
bye/ goodbye - ဘိုင် -
goodnight - မည်သည့်အချိန်တွင် ဖြစ်စေ
နှုတ်ဆက်စကားအဖြစ် သုံးပါတယ်။
see you! - တွေ့မယ်
see you soon! - မကြာခင် တွေ့မယ်
see you later! - နောက်မှ တွေ့မယ်
have a nice day! - ကောင်းသောနေ့ ဖြစ်ပါစေ
ညနေပိုင်းတွင် ၆-နာရီမှ
စတင်ကာ နောက်ပိုင်း အချိန်များကိုသာ Good evening ဟု နှုတ်ဆက် ရပါမယ်။ ဒါပေမယ့် ညနေ
၎/၅-နာရီ ဝန်းကျင်မှာ တစ်ယောက်ယောက်က Good
evening လို့ နှုတ်ဆက် လာရင်လည်း ယဉ်ကျေးမှုအရ သူပြောတဲ့အတိုင်းပဲ ပြန်နှုတ်ဆက်ရပါတယ်။
တယောက်ယောက် ပြောစကားကို
နားမလည်တဲ့အခါ “excuse me/ sorry” စသည့် စကားများကို အသံမြင့်ပြီး ပြောနိုင်ပါတယ်။
တစ်ယောက်ကို တောင်းပန်ချင်ရင်တော့ “excuse me/ sorry” ကို အသံနိမ့်ပြီး ပြောရပါတယ်။
တစ်စုံတစ်ယောက်က ကိုယ့်ကို တောင်းပန်စကားပြောလာရင် “no problem/ it's OK or that's
OK/ don't worry about it” စသည့် စကားစုများကို အသုံးပြုကာ ပြန်လည် ပြောဆို နိုင်ပါတယ်။
Do you speak
English? - ခင်ဗျား အင်္ဂလိပ်လို
ပြောတတ်လား
I don't speak
English - ကျွန်တော် အင်္ဂလိပ်လို
မပြောတတ်ဘူး
I don't speak much
English - ကျွန်တော် အင်္ဂလိပ်လို အများကြီး
မပြောတတ်ဘူး
I speak a little
English - ကျွန်တော် အင်္ဂလိပ်လို
နည်းနည်းပဲ ပြောတတ်တယ်
Please speak more
slowly - ကျေးဇူးပြုပြီး ဖြေးဖြေး
ပြောပေးပါ
Please write it down - ကျေးဇူးပြုပြီး ရေးမှတ်ပေးပါ
Could you please
repeat that? - ကျေးဇူးပြုပြီး နောက်တစ်ခေါက်
ထပ်ပြောပေးနိုင်မလား
I know - ကျွန်တော်
သိတယ်
I don't know - ကျွန်တော် မသိဘူးဗျ
Excuse me, where's
the toilet? - သန့်စင်ခန်းက ဘယ်အနားမှာလဲ
ခင်ဗျာ
Excuse me, where's
the Gents? - အမျိုးသမီး သန့်စင်ခန်းက
ဘယ်အနားမှာလဲ ခင်ဗျာ
Excuse me, where's
the Ladies? - အမျိုးသား သန့်စင်ခန်းက ဘယ်အနားမှာလဲ
ခင်ဗျာ
Entrance - ဝင်ပေါက်
Exit - ထွက်ပေါက်
Emergency exit - အရေးပေါ် ထွက်ပေါက်
Push - တွန်းပါ
Pull - ဆွဲပါ
Toilets/ WC - သန့်စင်ခန်း
Gentlemen (Gents) - သန့်စင်ခန်း (အမျိုးသား)
Ladies - သန့်စင်ခန်း (အမျိုးသား)
Vacant - နေရာလွတ်သည်
Occupied or Engaged - နေရာ မလွတ်ပါ၊ မအားပါ
Out of order - ပျက်နေသည်
No smoking - ဆေးလိပ် မသောက်ရ
No entry - မဝင်ရ
အများသုံး တယ်လီဖုန်းကဲ့သို့သော
နေရာများတွင် လူပြည့်နေသည်၊ နေရာမလွတ်ဖြစ်နေသည့်အခါ ‘Occupied or Engaged’ စသည့်
sign ကို တွေ့နိုင်ပြီး နေရာလွတ်သည့်အခါ၊ အားသည့်အခါ ‘Vacant’ sign ကို တွေ့နိုင်ပါတယ်။
ဓါတ်လှေကားစသည့် စက်ပစ္စည်းတစ်ခုခု ပျက်နေသည့်အခါ ‘Out of order’ sign ကို တွေ့နိုင်ပါတယ်။
နောက်တစ်ပတ်မှာလည်း
နေ့စဉ် အင်္ဂလိပ်စကားပြောရာတွင် အသုံးများသည့် စကားစုများကို ဆက်လက် ရေးသားပါမယ်။
“လွယ်လွယ်ကူကူ အင်္ဂလိပ်စကား ပြောနိုင်ကြပါစေ
… ”
အောင်ကိုဦး (UMK)
Be the Best !
0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....