နေ့စဉ်
အင်္ဂလိပ်စကား ပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သော စကားစု (Phrases) များကို ဆက်လက်
ရေးသား လိုက်ပါသည်။ စကားစုပုံစံများကို အခြေခံမှ စတင်ကာ နေရာဒေသအလိုက် ပြောဆို သုံးနှုန်းနိုင်သော
ပုံစံများကို အစီအစဉ်အလိုက် ရေးသားပါမည်။ ဖော်ပြထားသော ဥပမာ ဝါကျများကို အခြေခံကာ လိုအပ်သလို
ဆပွား အသုံးပြုနိုင်ပါသည်။
OK - အိုကေ
of course - ဟုတ်တာပေါ့၊ ရတယ်
of course not - ရပါတယ်၊ ကိစ္စမရှိပါဘူး
that's fine/ that’s
good - ကောင်းတယ်
that's right - မှန်တယ်
sure - သေချာတာပေါ့
certainly - သေချာတာပေါ့
definitely - သိပ် သေချာတာပေါ့
absolutely - လုံးဝ သေချာတယ်
as soon as possible - ဖြစ်နိုင်သမျှ မြန်မြန်
that's enough - ဒီလောက်ဆို လုံလောက်ပြီ/ရပြီ
it doesn't matter - ကိစ္စမရှိပါဘူး
it's not important - သိပ် အရေးမကြီးပါဘူး
it's not serious - သိပ် အရေးမကြီးပါဘူး
I'm in a hurry - အရင်လိုတယ်
I like ...him/ her/ it - ကျွန်တော် သူ့ကို/ သူ(မ)ကို/ အဲဒါကို
သဘောကျတယ်၊ နှစ်သစ်တယ်။
I don't like ...him/
her/ it - ကျွန်တော် သူ့ကို/ သူ(မ)ကို/ အဲဒါကို
သဘောမကျဘူး။
တစ်စုံတစ်ယောက်ရဲ့
ပြောစကားကို အဆင်ပြေတယ်၊ ဟုတ်တယ်လို့ ပြေလိုတဲ့အခါ အမေရိကန် တွေက OK လို့ပြောပြီး အင်္ဂလိပ်တွေကတော့
all right လို့ပြောလေ့ရှိပါတယ်။ တစ်စုံတစ်ယောက် က ကျေးဇူးတင်ကြောင်းပြောလာတဲ့အခါ
it doesn’t matter လို့ပြောနိုင်ပါတယ်။
thanks for your help - ခင်ဗျားရဲ့ ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်
I'm sorry - စိတ်မကောင်းပါဘူး၊ ဆောရီးပါ
I'm really sorry - တကယ်ကို စိတ်မကောင်းပါဘူး၊ တကယ်
ဆောရီးပါ
sorry I'm late - တောင်းပန်ပါတယ်၊ ကျွန်တော် နောက်ကျသွားတယ်
sorry to keep you
waiting - စောင့်နေရတဲ့အတွက် စိတ်မကောင်းပါဘူး၊
တောင်းပန်ပါတယ်။
sorry
ကို စိတ်မကောင်းပါဘူးလို့ သုံးနိုင်သလို၊ တောင်းပန်တဲ့အနေနဲ့လည်း သုံးနိုင်ပါတယ်။
look! - ကြည့်
great! - အရမ်းကောင်းတယ်
only joking! or just
kidding! - နောက်တာပါ (သို့) စတာပါ။
bless you! (after a
sneeze) - ကောင်းချီးပေးပါစေ၊ (ဟုတ်ချိုးဘုရား
ကဲ့သို့ နှာချီချိန်တွင် သုံးပါတယ်။)
that's funny! - ပျော်စရာပဲ၊ ထူးဆန်းတယ်။
funny သည် တစ်ခါတစ်ရံ
happy နှင့် အဓိပ္ပာယ်တူပြီး တစ်ခါတစ်ရံ strange နှင့် အဓိပ္ပာယ်တူ ပါတယ်။
Come in! - ဝင်ခဲ့ပါ
Please sit down - ကျေးဇူးပြု၍ထိုင်ပါ
Could I have your
attention, please? - ကျေးဇူးပြု၍ နားဆင်ပါ
Let's go! - သွားကြစို့
Hurry up! - မြန်မြန်လုပ်
Calm down - စိတ်ငြိမ်ငြိမ်ထား
Steady on! - သိပ်လည်း စိတ်မဆိုးပါနဲ့၊
စိတ်မပျက်ပါနဲ့
Just a minute - ခဏလေးပါ
Please be quiet - ကျေးဇူးပြုပြီး တိတ်တိတ်နေပါ
Shut up! - ပါးစပ်ပိတ်ထား
(ဘာမှမပြောနဲ့လို့ ဆိုလိုပါတယ်။)
Stop it! - ရပ်လိုက်တော့
Don't worry - မစိုးရိမ်ပါနဲ့
Don't forget - မမေ့ပါနဲ့
Go ahead - ဆက်လုပ်
Let me know! - သိပါရစေ၊ သိခွင့်ပေးပါ။
ကိုယ့်ရဲ့
ပြောစကားကို တစ်စုံတစ်ယောက်အား အာရုံစိုက်စေလိုသောအခါ၊ နားထောင်
စေလိုသော အခါ အချင်းချင်း
(သို့မဟုတ်) လူအနည်းစုအတွက် Please listen to me! လို့ပြောရင် လုံလောက်ပေမယ့် အများရှေ့မှာပြောတဲ့အခါ
ဖြစ်စေ … အခမ်းအနားများတွင် ပြောတဲ့အခါ ဖြစ်စေ “Could I have your attention,
please? or May I have your attention, please?” စတဲ့ စကားပြောပုံစံ များကို အသုံးပြုကာ
ပြောဆိုနိုင်ပါတယ်။ ပိုပြီးတော့ formal ဆန်ပါတယ်။
“လွယ်လွယ်ကူကူ အင်္ဂလိပ်စကား ပြောနိုင်ကြပါစေ
… ”
အောင်ကိုဦး
(UMK)
Be the
Best !
0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....