ယခုတစ်ပတ်တွင်
မိတ်ဆွေ၊ အပေါင်းအသင်း၊ သူငယ်ချင်းများကို ကိစ္စရပ် တစ်ခုခု အတွက် အကြံအဉာဏ်တောင်းသည့်အခါ
နှင့် အကြံအဉာဏ်ပေးသည့် အခါများတွင် အသုံးပြုသည့် စကားပြော ပုံစံများကို ဆက်လက် ရေးသား
လိုက်ပါသည်။
“Asking
for advice (အကြံဉာဏ်တောင်းခြင်း)”
-
I've
got a bad toothache. What do you suggest?
ငါ တော်တော်ကြီးကို သွားကိုက်နေတယ်၊
မင်း ဘာအကြံများ ပေးချင်လဲ?
-
What
do you advise me to do?
ဒီကိစ္စလုပ်ဖို့ မင်းဘာများ
အကြံပေးချင်လဲ?
-
What
should I do?
ငါ ဘာလုပ်သင့်လဲ?
-
What
ought I to do?
ငါ ဘာလုပ်သင့်လဲ?
-
What's
your advice?
မင်းရဲ့ အကြံက ဘာလဲ?
-
If
you were me what would you do?
ငါနေရာမှာသာ မင်းဆိုရင်
မင်းဘာလုပ်မှာလဲ?
“Giving
advice (အကြံဉာဏ်ပေးခြင်း)”
-
If
I were you, I would go to the dentist.
မင်းနေရာမှာသာ ငါဆိုရင်
သွားဆရာဝန်ဆီ သွားလိမ့်မယ်။
-
Why
don't you go to the dentist?
သွားဆရာဝန်ဆီ သွားပါလားလို့
။ (Why don’t နှင့် Why not နောက်က ဝါကျဖြင့် ရေးလျှင် friendly advise ရင်းရင်းနှီးနှီး
အကြံအဉာဏ်ပေးသည့် အခါမျိုးတွင် သုံးပါသည်။)
-
You'd
better brush your teeth regularly.
မင်း သွားကို မှန်မှန်
တိုက်သင့်တယ်။
-
You
ought to/should avoid eating sweets.
မင်း သကြားလုံးတွေ စားတာ
ရှောင်သင့်တယ်။
-
If
you take my advice, you'll go to the dentist.
မင်း ငါ့အကြံကို လက်ခံတယ်ဆိုရင်
မင်း သွားဆရာဝန်ဆီကို သွားရလိမ့်မယ်။
-
Have
you thought about seeing a dentist?
သွားဆရာဝန်ကို သွားတွေ့မယ့် ကိစ္စ မင်း
စဉ်းစားပြီးပြီလား?
အကြံဉာဏ်တောင်းခြင်း၊
အကြံဉာဏ်ပေးခြင်း စသည့်ပုံစံများတွင် အသုံးပြုသည့် Advise ကို verb form ရော noun
form ပါ ပုံစံ ၂ မျိုးလုံး သုံးနိုင်ပါသည်။
Advise [v] - အကြံပေးသည်။
I advise you to learn English.
You will undoubtedly need it your higher studies.
မင်း အင်္ဂလိပ်စာ လေ့လာဖို့ ငါ အကြံပေးမယ်၊
မင်းအတွက် အဆင့်မြင့်ပညာတွေ လေ့လာတဲ့အခါ အင်္ဂလိပ်စာက အကြွင်းမဲ့ လိုအပ်တယ်။
Advice [n] - အကြံအဉာဏ်
My father gave me this piece of
advice when I was young: never give up.
ကျွန်တော် ငယ်ငယ်တုန်းက ဒီအကြံကို အဖေပေးခဲ့တာ
ဘယ်တော့မှ မစွန့်လွှတ် နိုင်ဘူး။
အကြံဉာဏ်တောင်းခြင်း၊
အကြံဉာဏ်ပေးခြင်း စသည့် စကားပြောပုံစံများ တွင် အောက်ပါ အသုံးများနှင့် တွဲကာ အသုံးပြုနိုင်ပါသည်။
Ought
to [HV] – သင့်သည်၊
(should ကိုလည်း အသုံးပြုနိုင်ပါသည်။)
-
You
ought to stop smoking. (မင်း ဆေးလိပ် ဖြတ်သင့်တယ်)
-
You
should stop smoking. (မင်း ဆေးလိပ် ဖြတ်သင့်တယ်)
Had
better/ ‘d better [HV]
– သင့်သည်။
You’d better see a
doctor. (မင်း ဆရာဝန် သွားပြသင့်တယ်)
You had better see
a doctor. (မင်း ဆရာဝန် သွားပြသင့်တယ်)
“အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း
အင်္ဂလိပ်စာအရည်အသွေး တိုးတက်ပါစေ …………………”
အောင်ကိုဦး(UMK)
Be the Best !
0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....