I
would like to + (verb) -
လုပ်ပါရစေ (လုပ်ချင်သည်ဟုလည်း ဆိုနိုင်ပါသည်။)
တစ်စုံတစ်ခုကို လုပ်ချင်သော အခါ
ပုံမှန်အားဖြင့် ‘I want to + (verb)’ ပုံစံကို သုံးနိုင်ပါသည်။ သို့ရာတွင် ပိုမို
ယဉ်ကျေးစွာ သုံးနှုန်းပြောဆိုလိုသော အခါ ယခုဖော်ပြထားသော “I would like to +
(verb)” ပုံစံကို အသုံးပြုနိုင်ပါသည်။ လုပ်ပါရစေ ဟု ဘာသာပြန်နိုင်သော်လည်း
လုပ်ချင်သည်ဟုလည်း ဘာသာပြန်နိုင် ပါသည်။ အဆင်ပြေသလို ဘာသာပြန်နိုင်ပြီး
အရေးကြီးသည်မှာ ပိုမို ယဉ်ကျေးသည့် အသုံးအနှုန်း အဖြစ် သုံးခြင်းကို နားလည်ရန်သာ
ဖြစ်ပါသည်။ တစ်ခါတစ်ရံ “I’d like to” ဟု အတိုကောက် ပုံစံဖြင့်လည်း တွေ့ရတတ်ပါသည်။
-
I would like to answer that
question.
ဒီမေးခွန်းကို
ကျွန်တော် ဖြေပါရစေ။
-
I would like to compete in a cooking
contest.
ဟင်းချက်ပြိုင်ပွဲမှာ
ကျွန်တော် ဝင်ပြိုင်ပါရစေ။
-
I would like to explain myself.
ကျွန်တော်ကိုယ်တိုင် ရှင်းပြပါရစေ။
-
I would like to practice.
ကျွန်တော်
လေ့ကျင့်ပါရစေ။
-
I would like to become a doctor.
ကျွန်တော်
ဆရာဝန်တစ်ယောက် ဖြစ်ချင်တယ်။
-
I would like to see you more often.
ငါ
မင်းကို ဒီထက်ပိုပြီး မကြာခဏ တွေ့ပါရစေ။
I
plan to + (verb)
- စီစဉ်ထားသည်။
မကြာခင် ကာလတွင် လုပ်ဆောင်ချင်သည့်၊
လုပ်ရန် အစီအစဉ်ရှိသည့် ကိစ္စများကို ပြောဆိုရာတွင် သုံးနိုင်ပါသည်။
-
I plan to find a new apartment.
တိုက်ခန်းအသစ်
တစ်ခန်းရှာဖို့ စီစဉ်ထားတယ်။
-
I plan to relax on vacation.
အားလပ်ရက်မှာ
အနားယူဖို့ စီစဉ်ထားတယ်။
-
I plan to wash my car.
ကားရေဆေးဖို့
စီစဉ်ထားတယ်။
-
I plan to adopt a child.
ကလေးလေး
တစ်ယောက်လောက် မွေးစားဖို့ စီစဉ်ထားတယ်။
-
I plan to watch a movie.
ရုပ်ရှင်ကြည့်ဖို့
စီစဉ်ထားတယ်။
-
I plan to save more money.
ပိုက်ဆံတွေ
ပိုစုဖို့ စီစဉ်ထားတယ်။
I've
decided to + (verb)
- တစ်စုံ၊ တစ်ခုကို လုပ်ရန် ဆုံးဖြတ်ချက် ချသည်။
'I've' သည် 'I have' ၏
အတိုကောက်ရေးသားထားသော ပုံစံဖြစ်ပြီး အဆင်ပြေသလို ရေးသား နိုင်ပါသည်။ တစ်စုံ၊
တစ်ခုကို ပြုလုပ် ဆောင်ရွက် ရန်အတွက် ဆုံးဖြတ်ချက်ချ သည်ကို ပြောလိုသောအခါ
သုံးနိုင်ပါသည်။
-
I've decided to accept the job.
ဒီအလုပ်ကို
လက်ခံဖို့ ဆုံးဖြတ်လိုက်ပြီ။
-
I've decided to change my bad
habits.
အကျင့်တွေ
ပြင်ဖို့ ဆုံးဖြတ်လိုက်ပြီ။
-
I've decided to extend my membership
at the gym.
အားကစားရုံမှာ
အသင်းဝင် သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်ပြီ။
-
I've decided to hand over my
responsibilities.
ကျွန်တော့်
တာဝန်တွေကို လွှဲပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီ။
I
was about to + (verb)
- အဆင်သင့် ဖြစ်နေသည်။
မကြာခင် လုပ်ဆောင်တော့မည့် ကိစ္စရပ် တစ်ခုခုကို
လုပ်တော့မည်၊ အဆင်သင့် ဖြစ်နေသည်ကို ပြောလိုသောအခါ သုံးနိုင်ပါသည်။
-
I was about to go out.
အပြင်သွားဖို့
အဆင်သင့်ဖြစ်နေပြီ/ အပြင်သွားတော့မလို့။
-
I was about to go to dinner.
ညစာ
စားဖို့ အဆင်သင့် ဖြစ်နေပြီ။
-
I was about to go to bed.
အိပ်ရာဝင်ဖို့
အဆင်သင့် ဖြစ်နေပြီ/ အိပ်ရာဝင်တော့မလို့။
-
I was about to go to work.
အလုပ်သွားဖို့
အဆင်သင့် ဖြစ်နေပြီ။
-
I was about to call you.
မင်းကို
ငါ ဖုံးဆက်တော့မလို့။
-
I was about to mow my grass.
မြက် ရိတ်ဖို့ အဆင်သင့် ဖြစ်နေပြီ။
-
I was about to order us some drinks.
ငါတို့
အတွက် သောက်စရာ တစ်ခုခု မှာတော့မလို့။
“အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း အင်္ဂလိပ်စာအရည်အသွေး တိုးတက်ပါစေ …………………”
အောင်ကိုဦး(UMK)
Be the Best !
0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....