အင်္ဂလိပ်ဘာသာစကား လေ့လာသူတွေဟာ … တတ်ချင်တယ် .. တတ်ချင်တယ် … ပါးစပ်က တဖွဖွ ပြောကြပါတယ် …

#ဘာလို့တတ်ချင်တာလဲ … ? …
ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ …

နိုင်ငံတကာသုံးဘာသာစကားဖြစ်လို့ တတ်ထားရင် ကောင်းတယ်
အလုပ်မှာ လိုအပ်တယ် …
စာမေးပွဲဖြေမယ် … စသည် စသည်ဖြင့် …
အဖြေတွေ အမျိုးမျိုးထွက်လာပါလိမ့်မယ် …

ထပ်မေးကြည့်ပါ …
#ဘယ်လောက်တတ်ချင်တာလဲ … ?
ထမင်းစား ရေသောက် ပြောတတ်/ ဆိုတတ်ရုံ
လုပ်ငန်းခွင်မှာ တတ်အောင် …
Professional ဖြစ်အောင် …

ထပ်မေးကြည့်ပါဦး …
#အချိန်ဘယ်လောက် ၾကာၾကာ ထားပီး ေလ့လာမလဲ …?
ဘယ်ဘာသာရပ်မဆို ကုန်ဆုံးတယ်လို့ မရှိပါ …
ဒါပေမယ့် ကိုယ်လိုချင်တဲ့ အတိုင်းအတာကို ရောက်အောင်
အချိန်ဘယ်လောက် ယူမလဲ သတ်မှတ်ထားဖို့လိုပါတယ် …

ထပ်မေးကြည့်ပါဦးဗျ …
#တစ်နေ့ကို ဘယ်လောက် လေ့လာ လေ့ကျင့်ဖြစ်လဲ … ?
မြတ်စွာဘုရားဟာ ဘုရားဖြစ်ဖို့အတွက်
လေးသချေင်္နဲ့ကမ္ဘာတစ်သိန်း တိုင်တိုင်
ဘဝ ဆက်တိုင်း ပါရမီ ဖြည့်ကျင့်ခဲ့ပါတယ် …

အက်ဒီဆင်ဟာ လျှပ်စစ်မီးလုံးရဖို့ အကြိမ်ပေါင်း တစ်သောင်း စမ်းသပ်ခဲ့ရပါတယ်

ကျွန်တော်တို့ တစ်နေ့ကို အချိန် ဘယ်လောက် ပေးပြီး လေ့ကျင့်ဖြစ်လဲ

အများစု ဖြစ်နေတာကတော့ … ဆရာတွေက ကောင်းတယ်လို့ ပြောတဲ့စာအုပ်တွေ …
(သို့မဟုတ်) စာအုပ်ဆိုင်မှာ ကောင်းနိုးရာရာ တွေ ဝယ်ပါတယ် …
အွန်လိုင်းက အင်္ဂလိပ်ဘာသာစကား ဆိုင်ရာ စာစုတွေ … လမ်းညွှန်တွေ …
စကားပြောပုံစံတွေ စသည် စသည်ဖြင့် အားရပါးရ Share ပါတယ် … Screen Shoot ရိုက်ပါတယ်
E book တွေ download ဆွဲပါတယ် … ပြီးရင် ဘာမှ ဆက်မဖြစ်တော့ဘူး …

သင်တန်းတွေ တက်ကြပါတယ် … အလုပ်မအားတာ … အချိန်မရတာ … စသည့် စသည့်
အကြောင်းပြချက် မျိုးစုံနဲ့ သင်တန်းတွ ပျက်ပါတယ် … စာမလုပ်ဖြစ်ကြပါ …
အဲလိုနဲ့ Level တစ်ခုပြီးသွား … ဟိုလိုလို ဒီလိုလို နဲ့ လိပ်ပတ်မလည် … အစက ပြန်တက် …
သံသရာ လည်နေပါတယ် …

(အရင်တုန်းကလည်း ပြောဖူးပါတယ် … ထမင်းအိုး တစ်အိုးတည် သလိုပဲ …
စတည်တဲ့အချိန်က ဆူတဲ့အချိန်ရယ် … ဆူတဲ့ အချိန်က ကျက်တဲ့ အချိန်ရယ် ..
ကာလ အပိုင်းအခြား ၂ ခုမှာ စတည်တာက ဆူတဲ့ အထိ အချိန်ကြာပါတယ် …
ဆူသွားရင် ကျက်ဖို့ မြန်သွားပါပြီ … ဖြစ်နေကြတာက မဆူခင် … မီးပြတ်ပါတယ် ..
မီးမပြတ်တော့လည်း မီးအား နည်းပါတယ် )

ခဏ ခဏ ပြောပါတယ် …
Language ဟာ 4 Skills လုံး ချိတ်ဆက်နေတာပါ …
စကားကို အရင်တတ်အောင်လုပ်ပါ … စကားတတ်ပြီးမှ စာကို လုပ်ပါ …
စကားတတ်ချင်ရင် အရင် နားထောင်ပါ …
Listening – Speaking သွားတာပါ … (နားထောင်ပြီးမှ အတုယူပြောတာပါ)
Writing က Speaking က လာတာပါ … ပြောတာနဲ့ ရေးတာက ပုံစံတွေမတူတာ မှန်ပါတယ် …
ဒါပေမယ့် Formal မဟုတ်တဲ့ သာမာန် ရေးတာ တွေက ပြောစကားအပေါ်မူတည်ပါတယ် …
ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ဖို့ ဖုန်းခေါ်တယ် … ဖုန်းခေါ်လို့မရတဲ့အခါ
မက်ဆေ့ပို့တယ် … ပို့လိုက်တဲ့ မက်ဆေ့က ကျွန်တော်တို့ ပြောချင်တာကို ရေးလိုက်တာပဲ …
ခုကျွန်တော် လေ့လာသူတွေကို ပြောချင်တာကို လူချင်းတွေ့ရင် … ပါးစပ်က ပြောပြမှာပေါ့ …
ခု မတွေ့လို့ ပြောချင်တာတွေကို စာနဲ့ ရေးနေတာပါ …
ပိုပြီးတော့ သပ်သပ်ရပ်ရပ် စနစ်တကျ ရေးတော့မယ်ဆိုရင်တော့ Writing အတွက် Reading လိုလာပါပြီ
မြန်မာလိုတောင် စာအုပ်တွေ အများကြီး ဖတ်ဖူးတယ် ဒါပေမယ့် … ဆောင်းပါးလိုမျိုး … ကိုယ်ပြောချင်တာကို ပုံစံတကျ ရေးဖို့အတွက် … ချက်ချင်း ရေးလို့ အဆင်မပြေပါဘူး … ရေးပါများမှ တဖြည်းဖြည်း ကျင့်သားရလာတာပါ …

ပြန်ချုပ်ရရင်
Listening & Reading က Input Skill တွေပါ …
Speaking & Writing က Output Skill တွေပါ …

Listening အရင်လုပ်ပါ … Listening ကို အတုယူပြီး Speaking ပြောပါ …
ပြောတတ်သလောက် ချရေးပြီး Writing လုပ်ပါ … ပိုမိုကောင်းမွန်အောင် Reading နဲ့ အားဖြည့်ပါ …

ဒီနေ့ခေတ်မှာ လေ့လာလေ့ကျင့်ဖို့အတွက် စာအုပ်တွေ … ဗွီဒီယိုဖိုင်တွေ အစရှိသည်ဖြင့် Material တွေ
လွယ်လွယ်ကူကူ ရနိုင်ပါတယ် … ဖုန်းတစ်လုံးနဲ့ တင် အဆင်ပြေပါတယ် … အရေးကြီးတာက တစ်ခုခုကို ကျေညက်အောင် လုပ်ဖို့ပါ … ဒီတစ်ခုလုပ်ကြည့်လိုက် … ဟိုတစ်ခု လုပ်ကြည့်လိုက် … ဟိုစပ်စပ် ဒီစပ်စပ် ဆိုရင် … ဟိုဟာလည်း သိသလိုလို … ဒီဟာလည်း ရသလိုလို နဲ့ ဘာမှ သေသေချာချာ မရပါဘူး …

ဘယ်စာအုပ်တွေ လေ့လာသင့်လဲ … ဘယ်လို လေ့လာသင့်လဲ ဆိုတာကို … https://www.facebook.com/aungkou/posts/1481924705172556
မှာ အသေးစိတ် ဖတ်လို့ရပါတယ် …

အားလုံး အဆင်ပြေကြပါစေ …

စိတ်ရှည်လက်ရှည် ဖတ်ပေးကြတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ် …

1 comments:

  1. Best 3/5/5 Merit Casino Login and Sign in
    Login 바카라사이트 · Sign up · Deposit · Join kadangpintar · Log In · Play · Login Register 메리트카지노총판 · Login Last Verified.

    ReplyDelete

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top