ကြားတာကို ပြောမယ် …
**********************
သင်တန်းစစခြင်း မိနစ် ၂၀-၂၅ မိနစ်လောက် Better Spoken English ဆိုတဲ့ Program ကို E to E သင်ပါတယ် .. ဘာတွေကို E to E သင်တာလဲ … တော်တော်များများ သိပီးသားဖြစ်လောက်တဲ့ Word, Phrase တွေကို E to E ရှင်းပြတာပါ … မရှင်းပြခင် Word တစ်ခုခြင်း (သို့မဟုတ်) Phrase တစ်ခုခြင်းကို (၃)ကြိမ်စီတိုင်ပေးပါတယ် …. သင်တန်းသား/သူများကို ကလေးတွေလို့ သဘောထားလို့ မဟုတ်ပါ .. စကားလုံး တစ်လုံး သို့မဟုတ် စာစုတစ်ခုမှာ ပါဝင်နေတဲ့ Sound, Stress, Intonation တွေကို မှန်ကန်စေချင်လို့ တိုင်ပေးတာပါ … ဘာကြောင့် E to E သင်ရတာလဲဆိုတော့ ရှေ့က စာစုတွေမှာလဲ အကြိမ်ကြိမ်ပြောခဲ့ပါပြီ … ဘာသာစကားရဲ့ အစဟာ နားပါ … နားထောင်ပြီးမှ လိုက်ပြောတာပါ … ဥပမာ ငယ်ငယ်တုန်းက ကျွန်တော့်တို့ အဖိုး/အဖွား (သို့မဟုတ်) အဖေ/အမေ က သံဗုဒေ (ပတ်ဆင့်ရိုက်လို့မရလို့ပါ) ဂါထာ သင်တဲ့အခါ အဓိပ္ပာယ်ကို နားလည်ပါရဲ့လား … နားထောင်ပြီး လိုက်ဆိုရင်းနဲ့ပဲ ရွတ်ဆိုတတ်သွားတာပါ … ဒီလိုပဲ ဘာသာစကားသင်တဲ့အခါ အစပိုင်းမှာ အားလုံး လုံးစိ ပတ်စိ အတိအကျ နားလည်ဖို့ မဖြစ်နိုင်သေးပါဘူး … အဲဒီမှာ သင်တန်းသား/သူတွေ ဖြစ်တတ်တာက မတတ်လို့ လာတက်ပါတယ်ဆို အင်္ဂလိပ်လိုပဲ ပြောနေတယ် ဘာတွေပြောနေမှန်းလဲ မသိဘူး ဆိုပြီးတော့ ပြေးချင်ရော … Direct Method ကို အသုံးပြုပြီးသင်ကြားတာပါ … စကားပြောတဲ့အခါ … ပထမအဆင့်က ကြားတာကို ပြောတာပါ … ငယ်ငယ်တုန်းက မိဘတွေသင်ပေးတဲ့ ဖေကြီး မေကြီး ဆိုတာကို ပေကျိ မေကျိ လို့ လိုက်ဆိုရင်းနဲ့ စကားတတ်လာတာမျိုးပါ … အစပိုင်းမှာ စကားတွေ မပီပါဘူး အဲဒီလိုပဲ အင်္ဂလိပ်လို စပြောတဲ့အခါ ကိုယ့်ရဲ့ အသံထွက်တွေ မှားတတ်ပါတယ် … အရေးကြီးတာက ဒီသင်ခန်းစာမှာ Word, Phrase တွေ ကို E to E နဲ့ ဆရာက Definition ဖွင့်တဲ့အခါ … ကြားတဲ့အတိုင်းလေး လိုက်မီသလောက် လိုက်ဆိုဖို့လိုပါတယ် … ဘာသာစကားဟာ Copy ပါ … Copy ကူးနိုင်လေလေ မြန်မြန်ပြောနိုင်လာလေ ပါ … စကားတွေဟာ ကိုယ်တီထွင်ပြီး ပြောဖို့မလိုပါဘူး … သူများပြောနေတာတွေကိုပဲ လိုက်ပြီးပြောနေတာပါပဲ … ဥပမာ - Dog ဆိုကြပါစို့ … What is a dog? Dog is a kind of animal. It has four legs and one tail. It’s tame. လို့ စာကြောင်း (၃) ကြောင်းနဲ့ ဆရာက အဓိပ္ပာယ် ဖွင့်ပြမယ် .. အဲဒါကို လိုက်ဆိုတဲ့အခါ (၃) ကြောင်းလုံး လိုက်မီတဲ့ သင်တန်းသား/သူ ရှိသလို တစ်ကြောင်း-နှစ်ကြောင်းလောာက်ပဲ လိုက်မီတဲ့ သင်တန်းသား/သူလည်း ရှိမယ် … ဒါတင်မက တစ်လုံး-နှစ်လုံးလောက်ပဲ လိုက်မီတဲ့သူလည်း ရှိနိုင်တယ် ဘယ်လိုပဲ ဖြစ်ဖြစ် မီသလောက် လိုက်ဆိုဖို့လိုပါတယ် … ။ တစ်လုံး-နှစ်လုံးကနေ စုရင်းနဲ့မှ တစ်ကြောင်း-နှစ်ကြောင်းစသဖြင့် တစ်ဆင့်ခြင်း ရလာပါလိမ့်မယ်။ Phrase တစ်ခုဆိုရင်လည်း အဲဒီလိုပဲ အဓိပ္ပါယ် တိုက်ရိုက်မြန်မာလို မရှင်းပြဘဲ နားလည်အောင် ပြောပြပါတယ်။ ဥပမာ - Have a go ဆိုတဲ့ စကားစုကို ရှင်းပြတဲ့အခါ … For example … One day, your mother is busy in the kitchen. She is cooking. You go and ask your mother. “Mum, what are you cooking now?” Your mother says “I’m cooking chicken curry.” “Good, I like chicken curry.” Your mother lifts the lid and stirs it. She scoops up a spoonful of chicken curry and gives it to you. She says “Dear girl/ boy … have a go.” What is have a go in Myanmar? သေချာပါတယ် နားထောင်တဲ့သူက မြည်းကြည့်လို့ပြောမှန်း နားလည်ပါတယ် … အဲဒီမှာ အင်္ဂလိပ်ဘာသာစကားကနေ မြန်မာစကားကို စကားလုံးဖလှယ်ဖို့ ကိုယ့်ရဲ့ မိခင်ဘာသာစကားဖြစ်တဲ့ မြန်မာစကားကို စကားလုံး ကြွယ်ဝဖို့ လိုလာပါတယ် … ဘာသာစကားလေ့လာတဲ့အခါ စကားလုံးတွေကို တိုက်ရိုက် ဘာသာမပြန်ဘဲ နားလည်အောင်သာ ကြိုးစားပါ … တစ်ချို့ချို့ စကားလုံးတွေက ဘာာသာပြန်လို့ လုံးဝအဆင်မပြေတာတွေ ရှိပါတယ် … ။ ကြားတာကို နားလည်အောင် ကြိုးစားမယ် … ပြီးရင် လိုက်ပြောမယ် … ဒါဆိုရင် … စပြီးတော့ ပါးစပ်လှုပ်လာပါပြီ … အင်္ဂလိပ်လို တစ်လုံးစ နှစ်လုံးစ ပြောနိုင်လာပါပြီ … ။ နောက်တစ်ဆင့်သွားရအောင်ပါ …။
မြင်တာကို ပြောမယ် …
*******************
ကလေးတစ်ယောက်ဟာ ၂နှစ်-၃နှစ် အရွယ်လောက် ရောက်ပြီး စကားစပြောတတ်လာတဲ့အခါ … ကြားတာတွေတင်မကဘဲ မြင်တာတွေလဲ ပြောချင်လာပါတယ် …. သူမသိရင် မေးပါတယ် … ဥပမာ - ကလေးတွေက လူကြီးတွေကို “ဒါဘာရဲ … ဟိုဟာ ဘာရဲ” လို့ မေးတာကို ကြားဖူးကြမှာပါ … ဥပမာ - ကားတစ်စီးဖြစ်သွားတယ်ဆိုပါစို့ လူကြီးက သားလေး/သမီးလေး … “ဝူး … ဝူး …. ကား … ကား …” လို့ ပြောထားတယ်ဆိုရင် အဲဒီကလေးက ကားဖြတ်သွားတာကို မြင်တဲ့အခါ … သူက “ဝူး … ဝူး …. ကား … ကား …” လို့ အော်ပါလိမ့်မယ် ဒါကတော့ Visual Learning လို့ ပြောလို့ရပါတယ် … ဒါကြောင့် Action English Picture ဆိုတဲ့ သင်ခန်းစာကို သင်ပါတယ် … အဲဒီသင်ခန်းစာမှာ ပုံလေးတွေ ပါပါတယ် … အဲဒီပုံလေးကို တစ်ပုံခြင်း ဆရာ/ဆရာမ က ပြောပြပါတယ် .. သင်တန်းသား/သူက ပုံလေးတွေကို လက်နဲ့ ထောက်ပြီး နားထောင်နေရုံပါပဲ .. ပုံနဲ့စာနဲ့ဆက်စပ်ပြီး လိုက်မှတ်ရုံပါပဲ … ဆရာ/ဆရာမတွေက အနည်းဆုံး (၅) ကြိမ်ကနေ (၁၀) ကြိမ်လောက်အထိ သင်တန်းသား/သူတွေရဲ့ အခြေအနေအပေါ်မူတည်ပြီး ပြောပြပါတယ် ပြီးရင် လိုက်ဆိုခိုင်းပါတယ် … လိုက်ဆိုခိုင်းတယ်ဆိုတာ ရှေ့မှာ ပြောခဲ့သလို Sound, Stress, Intonation တွေ မှန်မှန်ကန်ကန် ဖြစ်အောင်လို့ပါ … ဒါပေမယ့် တစ်ချို့ချို့သော သင်တန်းသား/သူတွေဟာ ချက်ခြင်း အားလုံး မမှန်နိုင်သေးပါဘူး … အလေ့အကျင့် အားနည်းသေးလို့ပါ … ဒါပေမယ့် ကိုယ်ဘယ်နေရာမှာ လွဲနေတယ် .. ဘယ်နေရာမှာ ပြင်ရမယ်ဆိုတာကို တော့ သတိထားဖို့လိုပါတယ် … အဲဒီလိုတိုင်ပေးပြီးတော့ ဆရာ/ဆရာမ နဲ့ သင်တန်းသား/သူတွေ အတူတူ ဆိုပါတယ် .. ပြီးရင် အချင်းချင်းလေ့ကျင့်ဖို့ အချိန်ပေးပါတယ် … လေ့ကျင့်ပြီးရင် မှတ်မိသလောက် ချရေးခိုင်းပါတယ် …. ဆရာ/ဆရာမ ပြောတာကို နားထောင်နေတဲ့ အချိန်မှာ Listening … ကိုယ်တိုင်ပြောတဲ့အခါ … Speaking ပါ .. ချရေးလိုက်တော့ Writing ပါ … L – S – R ကို အဆင့်ဆင့် သွားရတာပါ … အဲဒီမှာ မှားတတ်တာ တစ်ခု ရှိပါသေးတယ် … တစ်ချို့ချို့တွေက သင်တန်းသား/သူ အဟောင်းတွေဆီက အဲဒီ ပုံတွေရဲ့ စာတွေကို ရထားတယ် … အဲဒါကို အရင်ကြည့်ကြပါတယ် … အဲဒီလိုမဟုတ်ပါဘူး … သွားနေတဲ့ Process က Listening လုပ်တာကို ကိုယ်တိုင် ဘယ်လောက် နားလည်လဲ .. နားလည်ပြီး Listening က ဝင်လာတဲ့ Input ကို Speaking နဲ့ Writing …. Output ဘယ်လောက် ပြန်ထွက်လာလဲ ဆိုတာကို ကိုယ့်ကိုယ်ကိုယ် သိဖို့လိုပါတယ် … အဲဒီအလေ့အကျင့် ကို သင်တာပါ စာကြောင်းတွေကို ဖတ်ပြီးသိတာ … ကျက်တာဆိုရင် အပင်ပန်းခံပြီး အကြိမ်ပေါင်းများစွာ ဆရာ/ဆရာမက အာပြဲပြဲနဲ့ ဘယ်ပြောတော့မလဲ … စာကြောင်းတွေကို Print ထုတ်ပြီး သင်တန်းသား/သူ တွေကို ပေး ကျက်ပြီးရင် … တစ်ယောက်ခြင်း လက်လေးပိုက်ပြီး လာဆိုပြ အာ့လို လုပ်တော့မှာပေါ့ … ။ ဘာသာစကားသင်ရတာ သိမ့်မွေ့ပါတယ် … သဘောတရားတွေကို သေသေချာချာ နားလည်ပြီး သေသေချာချာ လုပ်ရင် အချိန်အတိုင်းအတာ တစ်ခု အတွင်းမှာ အတိုင်းအတာ တစ်ခုတော့ ရနိုင်ပါတယ် … ။ (နောက်တစ်ခု အရေးကြီးတာက အဲဒီစာတွေကို ပြောတော့ ပြောနိုင်ပြီ စာအုပ်ထဲမှာပဲ ထားရင် Passive Word တွေပဲ ဖြစ်နေမှာပါ တကယ့် နေ့စဉ်ဘဝမှာ ထည့်သုံးလာနိုင်တော့မှ Active Word တွေ ဖြစ်လာမှာပါ … ) တစ်လပြည့်သွားပြီးဆိုရင် သင်တန်းသား/သူ တွေကို မဲနှိုက်ပြီးတော့ မဲပေါက်တဲ့သူတွေက Picture ကို Projector နဲ့ ပြထားပြီး ရေးထားတာကို ပြန်မကြည့်ဘဲ Picture ကိုပဲ ကြည့်ပြီးတော့ မှတ်မိသလောက် ပြန်ပြောရပါတယ် … နောက်ဆုံးလ (၃-လ မြောက်မှာ Lucky Draw မရှိတော့ဘဲ ပထမဦးဆုံးပြောမယ့် တစ်ယောကို Volunteer တောင်းပြီးတော့ သူပြောပြီးတဲ့အခါ နောက်တစ်ယောက်ကို ဆက်ပြီးရွေးပါတယ် … အဲဒီလိုနဲ့ သင်တန်းသား/သူ အားလုံး ပြောရပါတယ်)
နောက်တစ်ခု အရေးကြီးတာက စာသင်ခန်းထဲမှာ Pair Work, Presentation စသည်ဖြင့် ကိုယ်တိုင်ပြောရတဲ့အခါ … ကိုယ်ပြောချင်တာတွေကို ဝေဝေဆာဆာပြောနိုင်ဖို့ အစာစားထားဖို့ လိုလာပါပြီ … စာသင်ခန်းထဲမှာ သင်ခန်းစာတွေသင်တယ် ဆိုတာက နေမကောင်းတဲ့သူကို ဆေးတိုက်သလိုမျိုးပါ … ဆေးသောက်တဲ့အခါ ဆေးဒဏ်ကို ခံနိုင်ရည် ရှိဖို့ အစာစားဖို့ လိုအပ်သလိုပဲ သင်ခန်းစာတွေကို လိုက်နိုင်ဖို့ ကိုယ်တိုင် ပြောနိုင် ရေးနိုင်ဖို့ အစာစားဖို့ လိုပါတယ် .. ဘာစားရမလဲဆိုတော့ Input Skill တွေ ဖြစ်တဲ့ Listening နဲ့ Reading တွေ လုပ်ထားဖို့ လိုပါတယ် … ဒါမှသာ ဆရာ/ဆရာမ ပြောပြတဲ့ စကားလုံးတွေ၊ အကြောင်းအရာတွေ ကို အဆင်သင့် ရှိပြီး/ သိပြီးဖြစ်တဲ့အတွက် လွယ်လွယ်ကူကူ နားလည် နိုင်မှာ ဖြစ်သလို … ကိုယ်တိုင်ပြောတဲ့အခါမှာလည်း ကိုယ်ပြောချင်တဲ့ အကြောင်းအရာ/ စကားလုံးတွေ အဆင်သင့်ရှိတဲ့အတွက် လွယ်ကူပါလိမ့်မယ် …။
အတူတူတွဲ လေ့ကျင့်မယ် …
*************************
Pair Work Activity တွေ ဖြစ်တဲ့ ၂-ယောက်တွဲ ပြောရတဲ့ သင်ခန်းစာတွေ သင်ပါတယ် … အဲဒီအထဲမှာမှ အဓိက Focus လုပ်ထားတာ ၂ ချက် ရှိပါတယ် … တစ်ခုက I, We, You, He, She, They, It စတဲ့ Pronoun တွေကို ဦးစားပေး လေ့ကျင့်ပေးတာပါ … အဲဒီ Pronoun တွေဟာ လွယ်လွယ်လေးပေမယ့် တကယ် ပြောတဲ့အခါ … လျှာမှာ တော်တော်လေး ခလုပ်တိုက်ပါတယ် … He နဲ့ She နဲ့ တင်ပဲ လျှာက တော်တော်လေး ရောနေတတ်တယ် … ဥပမာ - My Best Friend အကြောင်းပြောတယ်ဆိုပါတော့ … ယောင်္ကျားလေး အကြောင်းကို ပြောတယ်ဆိုပါစို့ … ပြောနေရင်းနဲ့ He ဖြစ်လိုက် … She ဖြစ်လိုက် တွေ ကြုံဖူးကြမှာပါ … အဲဒါက စာခက်လို့ မဟုတ်ပါဘူး … ပါးစပ်က အလေ့အကျင့်မရှိတော့ အဲလိုပဲ လျှာခလုပ်တိုက်တတ်ပါတယ် … ဒါကြောင့် Pronoun တွေသုံးရတဲ့ Conversation တွေကို တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လေ့ကျင့်ရပါတယ် … ။
Pair Work ပုံစံထဲက နောက်တစ်ခုကတော့ မေးခွန်းမေးတာကို အဓိက ရည်ရွယ်ပါတယ် … မေးတဲ့ ဝါကျနဲ့ ဖြေတဲ့ ဝါကျဆိုရင် … အထူးသဖြင့် စကားပြောမှာ မေးခွန်းမေးရတာ နည်းနည်းလေး ပိုထောက် တတ်ပါတယ် … ဒါကြောင့်မေးခွန်းပိုင်းကို အဓိက ပါတဲ့ Conversation တွေနဲ့ လေ့ကျင့်ရတယ် … ဗွီဒီယို ဖွင့်ပြတယ် ပြီးရင် အတန်းဖော် အချင်းချင်း အတူတူတွဲပြီးလေ့ကျင့်ရတယ် … ။
Pair Work တွေကို သင်ပြီးလို့ လေ့ကျင့်ခိုင်းတဲ့အခါ သင်တန်းသား/သူတွေ မှားလုပ်မိတာ တစ်ခုက အဲဒီမှာပါတဲ့ Character ကို တကယ်ဝင်ပြီး ပြောရမယ့်အစား စာကြောင်းတွေကို တစ်ယောက် တစ်လှည့် ဖတ်ပြကြပါတယ် … ။ Speaking မဖြစ်ဘဲ Reading Out ဖြစ်နေပါတယ် … ဘာသာစကားဟာ Concept တွေ လွဲတာနဲ့ တတ်မြောက်မှု လမ်းကြောင်းပေါ်က သွေဖယ်သွားနိုင်ပါတယ် … ။ သေသေချာချာ နားလည်သဘောပေါက်ပြီး စနစ်တကျ လေ့ကျင့်ဖို့ လိုပါတယ်။
Listening လေ့ကျင့်မယ်
*******************
Listening အတွက် ဆရာ/ဆရာမတွေက E to E သင်တာနဲ့တင် မလုံလောက်သေးဘဲ Native Speaker တွေရဲ့ လေယူလေသိမ်း ပြောပုံ၊ ဆိုပုံတွေနဲ့ ရင်းနှီးမှုရှိအောင် Listening ကိုလည်း သပ်သပ် လေ့ကျင့်ပေးပါတယ် … နေ့စဉ်လူမှု ဘဝမှာ သုံးနေကြဖြစ်တဲ့ အကြောင်းအရာတွေ ပါဝင်တဲ့ Conversation တစ်ခုကို (၃) ကြိမ်ဖွင့်ပြပါတယ် … Listening နားမထောင်ခင်မှာ မေးခွန်းကို အရင်ဖတ်ရပါတယ် … Conversation တစ်ခုအတွက် မေးခွန်း (၄) ခု ပါပါတယ် … မေးခွန်းတစ်ခုစီမှာ အဖြေမှန်ရွေးဖို့အတွက် (၄) ခုစီ ပေးထားပါတယ် … Listening နားထောင်တဲ့အခါ Conversation မှာ ပြောသွားတာတွေကို ၏ သည် မရွေး အတိအကျ အားလုံးကို နားမလည်ပေမယ့် အဓိက ဆိုလိုရင်းတွေကို ဖမ်းမိတယ်ဆိုရင် (၃) ကြိမ် အတွင်းမှာ အဖြေမှန်တွေ ရနိုင်ပါတယ်။ တစ်နေ့ကို ၂-ပုဒ် နှုန်းနဲ့ နားထောင်ရပါတယ် … ။
ဇာတ်လမ်းတို နဲ့ ပုံပြင်တွေ ပြောမယ်…
***********************************
Story နဲ့ Tale တွေကို သင်ပေးတာပါ … Story ကတော့ အဓိက Audio-lingual Method ကို အဓိက ထားပြီး သင်ကြားတာပါ Character (၂) ယောက်ပါဝင်တဲ့ ဇာတ်လမ်းတို တစ်ပုဒ်ကို ဆရာ/ဆရာမ က ပြောပါတယ် … ရှေ့မှာပြောခဲ့တဲ့အတိုင်း Listening Power, Vocabulary ရှိတဲ့ အပေါ်မှာ မူတည်ပြီး ဆရာ/ ဆရာမ ပြောတာကို နားလည်ပါလိမ့်မယ် .. နားလည်မှု အတိုင်းအတာသိရအောင် … မေးခွန်းလေးတွေ ပြန်မေးပါတယ် … ပြီးတော့မှ Dialogue တွေကို အတူတူလေ့ကျင့်ကြပါတယ် … ။ ပြီးရင် Character တစ်ခုခြင်းစီရဲ့ Dialogue တွေကို သင်တန်းသား/သူတွေ က တစ်ယောက်၊ ဆရာ/ဆရာမ က တစ်ယောက် အဲလိုပုံစံမျိုး Character ကို တလှည့်စီ ပြောပြီးလေ့ကျင့်ပါတယ် … ။ အဲဒါပြီးတော့ သင်တန်းသား/သူတွေ အခြင်းခြင်း လေ့ကျင့်ဖို့ အချိန်ထပ်ပေးပါတယ် … ။
နောက်တစ်ခုက Tale Telling ပါ … ပုံပြင်တွေကို သင်တာလည်း ရည်ရွယ်ချက် ရှိပါတယ် … ပုံပြင်တစ်ပုဒ်ပြောတဲ့အခါ အသံအနေအထားက ပုံမှန်စကားပြောပုံစံနဲ့ နည်းနည်း ကွဲပြားပါတယ် … မြန်မာလိုပဲ တီဗွီအစီအစဉ်တွေမှာ ပုံပြင်ပြောတာတွေ နားထောင်ကြည့်ပါ … ပုံပြင်ရဲ့ အစ “မောင်ညီမလေးများတို့ရေ … ဟိုးရှေးရှေးတုန်းကပေါ့ကွယ် ….” ဆိုတဲ့ အသံလေးဟာ သာမာန်ပြောစကားရဲ့ လေယူလေသိမ်းနဲ့ မတူပါဘူး … တစ်ဖက်သား နားထောင်ကောင်းအောင် ချိုချိုလေး ပြောပါတယ် … အင်္ဂလိပ်လို ပုံပြင်ပြောတဲ့အခါလည်း အဲဒီိအသံအပါအဝင် အမူအယာ အစရှိတဲ့ Presentation Skill အတွက် လေ့ကျင့်တာပါ … နောက်တစ်ခု ပုံပြင်တွေဟာ အတိတ်ကာလကို ရည်ညွှန်းတဲ့အတွက် Past Tense တွေပဲ သုံးရပါတယ် .. ကျွန်တော်တို့တွေဟာ စကားပြောတဲ့အခါ မနေ့က ဖြစ်ခဲ့တဲ့ အကြောင်းကို ပြောပေမယ့် Past Tense ကို မသုံးမိတာမျိုးတွေ ဖြစ်တတ်ပါတယ် .. ဒါကြောင်မို့လို့ အလေ့အကျင့်ဖြစ်အောင် လေ့ကျင့်ပေးတာပါ။
Tale သင်တဲ့အခါလည်း Listening – Speaking – Writing – Reading ပုံစံပဲ သွားပါတယ် .. ဆရာ/ဆရာမ က ပြောပြတာကို နားထောင်တဲ့ အချိန်မှာ Listening … ကိုယ်တိုင်ပြောရတော့ Speaking .. အဲဒါကို ပြန်ချရေးတော့ Writing .. အချိန်ရလို့ ပြန်ဖတ်တဲ့အခါ Reading … အဲဒီပုံစံအတိုင်း လေ့ကျင့်ပေးပါတယ်။
နေ့စဉ်လုပ်တဲ့ အကြောင်းတွေပြောမယ် …
*******************************
နေ့စဉ် လူမှုဘဝ မှာ လုပ်နေကျ အလုပ်တွေဖြစ်တဲ့ … မျက်နှာသစ်တာ၊ သွားတိုက်တာကစလို့ … လက်ဘက်ရည်ဖျော်တာ …. ဟင်းချက်တာ … အပြင်သွားတာ .. ရုပ်ရှင်ကြည့်တာ အကျီချုပ်တာ .. ဓါတ်ပုံရိုက်တာ အစရှိတဲ့ Daily Activity တွေကို ဆရာ/ဆရာမတွေက အင်္ဂလိပ်လိုပြောပြပါတယ် … (အနည်းဆုံး ၅-ခေါက်ကနေ သင်တန်းသား/သူတွေရဲ့ အခြေအနေအပေါ်မူတည်ပြီး ၁၀ ခေါက်လောက်အထိ ပြောပြပါတယ်) သင်တန်းသား/သူတွေက ဆရာ/ဆရာမတွေ ပြောပြတာတွေကို … အတုယူပြီး ကိုယ်တိုင်ပြောရပါတယ် … ပြီးရင် မှတ်မိသလောက် ပြန်ရေးရပါတယ် … ။ အထက်မှာ ပြောခဲ့အတိုင်း Listening – Speaking – Writing – Reading ပုံစံအတိုင်းပဲ လေ့ကျင့်ရတာပါ။
ဒီနေရာမှာ စကားစပ်မိလို့ Writing ဆိုတာ Speaking က လာတာပါ … အလွယ်ဆုံး တွေးကြည့်ပါ … ကျွန်တော် အခု AELC မှာ ဘာတွေ သင်တဲ့အကြောင်းကို ရေးနေတယ် … လူချင်းတွေ့ရင် အခုလို ရေးပြစရာ မလိုတော့ဘူးလေ … ပါးစပ်က ပြောပြလိုက်မှာပေါ့ … ကျွန်တော်တို့ Facebook သုံးတဲ့ အခါ Status တွေရေးတင်တယ် … ဒါကလည်း ပြောမယ့်စကားတွေကို စာနဲ့ ရေးလိုက်တာပါပဲ … တစ်ယောက်ယောက်ကို ပြောစရာရှိလို့ ဖုန်းဆက်မယ် … ဖုန်းမကိုင်တာတို့ မတွေ့တာတို့ဆိုရင် မက်ဆေ့ပို့ထားမယ် .. ဒါလည်း ပြောမယ့် စကားကို ရေးလိုက်တာပါပဲ … ။ General Writing တွေဟာ ပြောစကားကိုပဲ ရေးတာပါပဲ … ဆောင်းပါးတို့ အက်ဆေးတို့ ရေးမယ်ဆိုရင်တော့ မြန်မာလိုတောင် သီးသန့် လေ့ကျင့်ဖို့ လိုအပ်ပါတယ် … ။ ဒါကြောင့် အင်္ဂလိပ်လို ရေးချင်ရင် အင်္ဂလိပ်လို ပြောတတ်မှ အဆင်ပြေပါတယ် … အင်္ဂလိပ်လို ပြောတတ်ဖို့ဆိုရင် Listening က လိုလာပြန်ပါတယ် … ဒါကြောင့် Listening – Speaking – Writing ပုံစံကို သွားတာပါ … ။

အမှတ်-၁၀၂(မြေညီထပ်)၊ အောင်မေတ္တာ ၁-လမ်း၊ (၁) ရပ်ကွက်၊ လှိုင်။
( ဆင်ရေတွင်း KBZ ဘဏ် ရှေ့ ရွာမကျောင်းလမ်း မှ ဝင်လို့ရပါတယ်)


အမှတ်-၁၂၇ (ပထမထပ်)၊ ဗားဂရာလမ်း၊ စမ်းချောင်း။
( ရှမ်းလမ်းမှတ်တိုင် KBZ ဘဏ် အနီး)


အမှတ်-၄/၈ (မြေညီထပ်)၊ မလွှကုန်းလမ်း၊ အ.မ.က (၇) တာမွေ ရှေ့
( ကျောက်မြောင်းဈးမှတ်တိုင် KBZ ဘဏ် ကျောက်မြောင်း အနီး)


အမှတ်-၃၄/ဃ၊ ၃၁ လမ်း၊ ၇၆လမ်း နှင့် ၇၇လမ်း ကြား
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။


အမှတ် ၁၁၂၁၊ ကြံတိုင်းအောင် ၄-လမ်း၊ (၈) ရပ်ကွက်၊
ဘိုကလေးမြို့။ (ပညာရေးကောလိပ် အနီး)

Email: aelc.mm@gmail.com
Web: www.aelcmyanmar.com
0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....