လုပ်ငန်းခွင်သုံး အင်္ဂလိပ်စကားလုံးများအနေနဲ့ ဒီတစ်ပတ်မှာ တော့ လုပ်ငန်းခွင်မှာ အီးမေး(လ်) ပို့တာနဲ့ ပတ်သက်တဲ့ စကားလုံး အသုံးအနှုန်းများ ကို ရေးသားလိုက်ပါတယ်။

·         attach (v) - တွဲသည်။
attach something, attach something to something  စတဲ့ ပုံစံများနဲ့ အသုံးပြုနိုင်ပါတယ်။ noun form မှာ attachment ဖြစ်ပြီး countable noun ဖြစ်ပါတယ်။ adjective form ကတော့ attached ဖြစ်ပါတယ်။

-       I’ve attached a copy of the contract.
စာချုပ်ရဲ့ မိတ္တူကို ကျွန်တော် တွဲပေးလိုက်ပါပြီ။
-       A copy of the invoice is attached.
အမှာလွှာရဲ့ မိတ္တူတစ်စောင်က တွဲထားပါတယ်။
-       Please attach a recent photograph to your application form.
ခင်ဗျားရဲ့ အလုပ်လျှောက်လွှာမှာ ကျေးဇူးပြုပြီး မကြာခင်က ရိုက်ထားတဲ့ ဓါတ်ပုံ တစ်ပုံကို တွဲပေးပါ။

·         enclose (v) – စာနှင့်အတူ ထည့်ပို့သည်။
enclose something, a price list, a copy of another letter စသည့် ပုံစံဖြင့် သုံးနိုင်ပါတယ်။ noun form မှာ enclosure ဖြစ်ပြီး countable noun ဖြစ်ပါတယ်။
-       I am enclosing our latest price list.
ကျွန်တော်တို့ရဲ့ နောက်ဆုံး ဈေးနှုန်းစာရင်းကို စာနဲ့အတူ ထည့်ပို့လိုက်ပါတယ်။ (အီးမေးလ် နဲ့လည်း ဖြစ်နိုင်ပါတယ်)
-       Our price list is enclosed.
ကျွန်တော်တို့ရဲ့ ဈေးနှုန်းစာရင်းကို စာနဲ့အတူတွဲပို့လိုက်ပါတယ်။

·         reply (v) - ဖြေသည်၊ အကြောင်းပြန်သည်။
reply to a letter/invitation/advertisement  စသည်ဖြင့် သုံးပါတယ်။ noun form မှာလည်း reply ဖြစ်ပြီး countable noun ဖြစ်ပါတယ်။

-       They haven’t replied to our invitation so I assume they are not coming.
သူတို့က ကျွန်တော်တို့ရဲ့ ဖိတ်ကြားမှုကို အကြောင်းမပြန်တဲ့အတွက် သူတို့ မလာဘူးလို့ ကျွန်တော်က ယူဆတယ်။
-       I wrote to him three weeks ago but he hasn’t replied yet.
သူ့ဆီကို (၃) ပတ် အကြာက စာရေးခဲ့တယ်၊ ဒါပေမယ့် ခုထက်ထိတော့ သူက စာမပြန်သေးပါ။
-       Thank you for your quick reply.
ခင်ဗျားရဲ့ မြန်မြန်ဆန်ဆန် အကြောင်းပြန်မှုအတွက် ကျေးဇူးတင်ပါတယ်။

·         forward (v) - အခြား လိပ်စာတစ်ခုခုသို့ စာများ ဆက်ပို့သည်။
forward something, a letter/an email/ a message to someone, forward someone something, a letter/an email/ a message စတဲ့ ပုံစံများနဲ့ အသုံးပြုနိုင်ပါတယ်။
-       Don’t worry: we will forward all your letters to your new address.
မစိုးရိမ်ပါနဲ့၊ ခင်ဗျားရဲ့ စာတွေအားလုံးကို ခင်ဗျားရဲ့ စာတွေအားလုံးကို ဆက်ပို့ပေးပါမယ်။
-       I am forwarding you a copy of his email.
သူ့ရဲ့ အီးမေး(လ်) မိတ္တူ တစ်စောင်ကို ခင်ဗျားဆီကို ကျွန်တော် ဆက်ပို့ပေးနေပါတယ်။


·         compose (v) - ရေးသားသည်
compose ကို သီချင်းများနှင့်ပတ်သက်လျင် သီးကုံးဖွဲ့ဆိုသည်၊ ဝါကျများနှင့် ပတ်သက်လျှင် ရေးဖွဲ့သည် ဟုသုံးသလို အီးမေး(လ်) နဲ့ တွင် ရေးသားသည်ဟုပင် သုံးနိုင်ပါသည်။

-       Have you composed your email?
ခင်ဗျားရဲ့ အီးမေး(လ်)ကို ရေးပြီးပြီလား
-       I have composed the email that you asked. Please check it before I send.
ခင်ဗျားခိုင်းထားတဲ့  အီးမေး(လ်) ကို ရေးပြီးပါပြီ၊ ကျေးဇူးပြုပြီး ကျွန်တော် မပို့ခင် စစ်ပေးပါ။


 “ လုပ်ငန်းခွင်မှာ လိုအပ်သလို အသုံးပြုနိုင်ကြပါစေ …… ”

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top