လုပ်ငန်းခွင်သုံး
အင်္ဂလိပ်စကားလုံးများအနေနဲ့ ဒီတစ်ပတ်မှာတော့ ငွေပေး/ ငွေယူ နဲ့ ပတ်သက်တဲ့ စကားလုံး အသုံးအနှုန်းများကို
ဆက်လက်ရေးသားလိုက်ပါတယ်။
·
issue
(v) - တရားဝင်ထုတ်ပြန်သည်
-
The
embassy issued my visa yesterday.
သံရုံးက
ကျွန်တော့်ရဲ့ ပြည်ဝင်ခွင့်ကို မနေ့က တရားဝင်ထုတ်ပေးလိုက်တယ်။
-
They
issued me with a visa.
သူတို၌
ကျွန်တော့်ကို ပြည်ဝင်ခွင့်ထုတ်ပေးခဲ့တယ်။
-
The
police have issued a statement about the robbery.
ရဲက
ဓါးပြအကြောင်းကို ထုတ်ပြန်ကြေငြာခဲ့တယ်။
-
All
employees on the building site are issued with safety helmets.
တည်ဆောက်ရေး
လုပ်ငန်းခွင်က ဝန်ထမ်းများ အားလုံးကို လုံခြုံစိတ်ချရတဲ့ ခေါင်းဆောင်း တွေကို ထုတ်ပေးတယ်။
ယခု
ပုံစံသည် issue ကို verb ပုံစံဖြင့် အသုံးပြုထားတာပါ၊ preposition – with နဲ့တွဲသုံးတာကို
သတိထားရပါမယ်။ issue ကို noun အနေနဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။
be issued with something; issue
someone with something
·
due
(adj) - ပေးဆပ်ရန်ရှိသော
-
The
invoice is due tomorrow.
ဒီကုန်ပို့လွှာကို
မနက်ဖြန် ပေးရမယ်။
-
The
second payment is now due.
ဒုတိယအကြိမ်
ပေးချေခြင်းကို ခု ပေးရမယ်။
-
Payment
of the invoice is three weeks overdue.
ကုန်ပို့လွှာအတွက်
ငွေးပေးချေတာ (၃)ပတ် ကျော်နေပြီ။
to be overdue by a number of
days/weeks, etc. စတဲ့
ပုံစံနဲ့ လည်း အသုံးပြုနိုင်ပါတယ်။
·
reminder
(n) - သတိပေးချက်
-
If
our customers are late in paying, we send them a reminder.
ကျွန်တော်တို့
ဖောက်သည်တွေက ပိုက်ဆံသွင်းဖို့ နောက်ကျရင် ကျွန်တော်တို့က သူတို့ကို သတိပေးချက် ပေးပို့ပါတယ်။
-
I
received a reminder saying my rent is a month overdue.
ကျွန်တော့်ရဲ့
ငှားရမ်းမှုက တစ်လကျော်နေကြောင်း သတိပေးချက်ကို ကျွန်တော် လက်ခံရရှိခဲ့တယ်။
·
mortgage
(v) - အပေါင်စာချုပ်
-
My
mortgage is with a small bank.
ကျွန်တော့်
အပေါင်စာချုပ်က ဘဏ်လေး တစ်ခုနဲ့ ချုပ်ထားတာပါ။
-
We
have a twenty-year mortgage.
ကျွန်တော်တို့မှာ
နှစ်(၂၀) စာ အပေါင်စာချုပ် ရှိတယ်။
a mortgage of $80,000, a
fifteen-year mortgage; pay off a mortgage စသည့်ပုံစံများနဲ့ လည်း အသုံးပြုနိုင်ပါတယ်။
·
interest
(v) - အတိုး
-
The
bank offers 2% interest on all current accounts.
စာရင်းရှင်အပ်ငွေအတွက်
ဘဏ်က အတိုးနှုန်း ၂ % ပေးတယ်။
-
We
have a small mortgage, but the interest is very high.
ကျွန်တော်တို့မှာ
အပေါင်ပစ္စည်း သေးသေးလေးရှိတယ်၊ ဒါပေမယ့် အတိုးနှုန်းကတော့ တော်တော် မြင့်တယ်။
ရေတွက်မရနာမ်(uncountable
noun) များနဲ့ တွဲသုံးပါတယ်။ high interest,
low interest, 4% interest, pay interest on a loan
·
loan
(n) - ချေးငွေ
-
The
company needs a $5m loan to build a new factory.
ကုမ္ပဏီက
စက်ရုံအသစ် တည်ဆောက်ဖို့အတွက် ချေးငွေ ဒေါ်လာ ၅ မီလျံ လိုအပ်တယ်။
-
I
took out a loan with 5% interest.
ကျွန်တော်က
၅ % အတိုးနဲ့ ချေးငွေယူခဲ့တယ်။
a $20,000 loan; take out a loan;
pay off a loan စသည့်ပုံစံများဖြင့်
လည်းသုံးနိုင်ပါတယ်။
“ လုပ်ငန်းခွင်မှာ
လိုအပ်သလို အသုံးပြုနိုင်ကြပါစေ …… ”
0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....