အင်္ဂလိပ်စကား ပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သော စကားလုံးတွဲများ (Phrases) နှင့် စကားပြော ပုံစံ (Pattern) များကို ဆက်လက် မျှဝေလိုက်ပါသည်။ ဖော်ပြထားသော ဥပမာ ဝါကျများကို အခြေခံကာ လိုအပ်သလို ဆပွား အသုံးပြုနိုင်ပါသည်။

How much does it cost to + (verb) –  ဘယ်လောက်ကုန်ကျလဲ
တစ်စုံတစ်ခု ပြုလုပ်ရန် အတွက် ကျသင့်ငွေကို မေးလိုသောအခါ ဖော်ပြပါ ပုံစံကို အသုံးပြု နိုင်ပါတယ်။
-       How much does it cost to fly to Europe?
ဥရောပကို လေယာဉ်ခ ဘယ်လောက်ကုန်ကျမလဲ
-       How much does it cost to own a house?
အိမ်တစ်လုံး ပိုင်ဖို့အတွက် ဘယ်လောက်ကုန်ကျမလဲ
-       How much does it cost to repair my car?
ကျွန်တော့်ကားကို ပြင်ဖို့ ဘယ်လောက်ကုန်ကျမလဲ
-       How much would it cost to wash my car?
ကားရေဆေးဖို့ ဘယ်လောက် ကုန်ကျမှာလဲ
-       How much would it cost to rent a car?
ကားတစ်စီးလောက် ငှားဖို့ ဘယ်လောက်ကျမှလဲ
-       How much would it cost to go to the movies?
ရုပ်ရှင်သွားကြည့်ဖို့ ဘယ်လောက် ကုန်ကျမှာလဲ

There is something wrong with + (noun)  - တစ်ခုခုတော့ မှားနေတယ်/ ဖြစ်နေတယ်။
တစ်ခုခု အဆင်မပြေသည့်အခါ၊ အခက်အခဲရှိသည့်အခါ၊ ဖော်ပြပါပုံစံကို အသုံးပြုနိုင်ပါတယ်။
-       There is something wrong with my laptop.
ကျွန်တော့် laptop က တစ်ခုခု ဖြစ်နေပြီ။
-       There is something wrong with my car.
ကျွန်တော့်ကားက တစ်ခုခု ဖြစ်နေတယ်။
-       There is something wrong with my cell phone.
ကျွန်တော့် ဖုန်းက တစ်ခုခု ဖြစ်နေတယ်။
-       There is something wrong with your attitude.
မင်းရဲ့သဘောထားက တစ်ခုခုတော့ မှားနေတယ်။
-       There is something wrong with our alarm clock.
ကျွန်တော်တို့ နာရီက တစ်ခုခုဖြစ်နေတယ်။
There's no need to + (verb) -  မလိုပါဘူး
 တစ်ခုခုပြုလုပ်ဖို့ မလိုအပ်ကြောင်း ပြောလိုသောအခါ ဖော်ပြပါ ပုံစံကို အသုံးပြုနိုင်ပါတယ်။
-       There's no need to worry.
စိုးရိမ်စရာ မလိုပါဘူး။
-       There's no need to be upset.
စိတ်ဆိုးဖို့ မလိုပါဘူး။
-       There's no need to act so shy.
အရမ်း ရှက်စရာ မလိုပါဘူး။
-       There's no need to talk now.
အခု ပြောဖို့ မလိုသေးပါဘူး။
-       There is no need to stop now.
အခု ရပ်ဖို့ မလိုပါဘူး။

It takes + (time) + to + (verb)  -  ကြာတယ်။
          တစ်ခုခုပြုလုပ်ဖို့ ကြာချိန်ကို ပြောလိုသောအခါ ဖော်ပြပါ ပုံစံကို သုံးနိုင်ပါတယ်။
-       It takes one hour to get there.
အဲဒီကို ရောက်ဖို့ တစ်နာရီ ကြာတယ်။
-       It takes forty-five minutes for me to get ready.
အဆင်သင့်ဖြစ်ဖို့ ၄၅-မိနစ် ကြာတယ်။
-       It takes all day for us to finish golfing.
ဂေါက်ရိုက်ပြီးဖို့ ကျွန်တော်တို့ တစ်နေကုန် ကြာတယ်။
-       It takes years to learn to play guitar.
ဂစ်တာတီးတတ်ဖို့ သင်တာ တစ်နှစ်ကြာတယ်။
-       It takes 15 minutes to get to downtown.
မြို့ထဲရောက်ဖို့ ၁၅-မိနစ် ကြာတယ်။
အတိတ်ကာလ နှင့် အနာဂတ်ကာလ များကို ပြောလိုပါက Tense ပြောင်းကာ အသုံးပြုနိုင်ပါတယ်။ ဥပမာ -
-       It took one hour to finish my homework last night.
-       မနေ့ညက အိမ်စာတွေပြီးဖို့ ၁-နာရီ ကြာခဲ့တယ်။
-       It will take one day to repair my watch.

-       ကျွန်တော့် နာရီ ပြင်ဖို့ ၁-ရက် ကြာလိမ့်မယ်။

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top