ဘာသာစကား လေ့လာတဲ့အခါ စကားလုံးတွေဟာ အလွန်အရေးကြီးပါတယ်။
အဓိပ္ပာယ်တူပေမယ့် အသုံးအနှုန်းမတူတာတွေ၊ စကားလုံးတူပေမယ့် အဓိပ္ပယ်မတူတာတွေ စသည့်အချက်တွေကို
ဘာသာစကား လေ့လာသူတိုင်း မလွဲမသွေ တွေ့ကြုံကြရမှာပါ။ ဥပမာ - “ကိုက်သည်” ဆိုသည့် မြန်မာ စကားလုံး တစ်လုံး သည် ဝါကျအပေါ်တွင် မူတည်က အဓိပ္ပာယ်
ပြောင်းလည်းသွားသည်ကို တွေ့နိုင် ပါတယ်။
-
တွက်ချေ
ကိုက် သည်။
-
စည်းဝါး
ကိုက် သည်။
-
သံချေး
ကိုက် သည်။
-
ခွေး
ကိုက် သည်။
-
ကပ်ကြေးဖြင့်
ကိုက် သည်။
ဖော်ပြပါ ဝါကျများကို
ကြည့်လျှင် စကားလုံး တူသော်လည်း အဓိပ္ပာယ်မတူသည်ကို တွေ့နိုင်ပါတယ်။ အင်္ဂလိပ်ဘာသာစကား
လေ့လာရာတွင်လည်း အလားတူ အဖြစ်များ များ စွာရှိပါတယ်။
ဒီတစ်ပတ်မှာ “ring”
ဆိုတဲ့ စကားလုံးရဲ့ အသုံးအနှုန်းတွေကို လေ့လာကြရအောင် ….
Ring
ကို verb (ကြိယာ) အဖြစ်သုံးသော ပုံစံများ
-
Telephone
is ringing. (ဖုန်းလာနေတယ်။)
-
Someone
rings the bell. (တစ်ယောက်ယောက်က ဘဲလ် တီးတယ်။)
-
The
bell rings. (ဘဲလ် မြည်တယ်။)
-
The
playground rings with the children’s shouts. (ကစားကွင်းက ကလေးတွေ အော်သံတွေနဲ့ ဟိန်းနေတယ်။)
-
This
area was ringed by the police. (ဒီနေရာကို ရဲတွေ ဝိုင်းထားတယ်။)
-
Ring
the correct answer. (အဖြေမှန်ကို ဝိုင်းပြပါ။)
Ring
ကို noun (နာမ်) အဖြစ်သုံးသော ပုံစံများ
Gold
ring = ရွှေလက်စွပ်
Engagement
ring = စေ့စပ် လက်စွပ်
Wedding
ring = လက်ထပ် လက်စွပ်
Ear
ring = နားကွင်း
Key
ring = သော့ကွင်း
Spy
ring = သူလျှို ဂိုဏ်း
Circus
ring = ဆပ်ကပ် ပွဲဝိုင်း
Square
ring = လက်ဝှေ့ ကြိုးဝိုင်း
Ring
finger = လက်သူကြွယ်
Ring-pull = သံဗူး လက်ဆွဲကွင်း
Ring-binder = ကွင်းချုပ် စာတွဲ၊ ကွင်းများဖြင့်
စာရွက်တို့ချုပ်ထားသော စာတွဲမျိုး
Ring
road = မြို့ပတ်လမ်း
Ring
tone = တယ်လီဖုံး သံစဉ်
Ring
နှင့် ပတ်သက်သော အခြားအသုံးအနှုန်း ပုံစံများ
Ringleader = ဂိုဏ်းခေါင်းဆောင်၊ ခေါင်သူကြီး
Ringlet = ဆံနွယ်ခွေ
Ringmaster = ဆပ်ကပ်ပွဲ ဇာတ်စီး
Ringside = ဆပ်ကပ်ပွဲ၊ လက်ဝှေ့ပွဲ
တို့တွင် ရှေ့ဆုံးတန်း (ထိုင်ခုံ)
Ringworm = ပွေး
There were dark
rings round her eyes from lack of sleep. (အိပ်ရေးပျက်လို့ မျက်ကွင်းညို နေတယ်။)
အင်္ဂလိပ်ဘာသာစကား လေ့လာသူတွေ
စကားလုံး အသုံးအနှုန်း ကြွယ်ဝ ကြပါစေ ……
အောင်ကိုဦး
(UMK)
Be the
Best !
0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....