ဘာသာစကား လေ့လာတဲ့အခါ စကားလုံးတွေဟာ အလွန်အရေးကြီးပါတယ်။ အဓိပ္ပာယ်တူပေမယ့် အသုံးအနှုန်းမတူတာတွေ၊စကားလုံးတူပေမယ့် အဓိပ္ပယ်မတူတာတွေ စသည့်အချက်တွေကို ဘာသာစကား လေ့လာသူတိုင်း မလွဲမသွေ တွေ့ကြုံကြရမှာပါ။ စကားလုံးတစ်လုံးကို အမျိုးမျိုးသုံးစွဲခြင်းဖြင့် နေ့စဉ်စကား ပြောရာတွင် များစွာ အသုံးဝင်နိုင်ပါတယ်။

ဒီတစ်ပတ်မှာ “Pass” ဆိုတဲ့ စကားလုံးရဲ့ အသုံးအနှုန်းတွေကို လေ့လာကြရအောင် ….

Back ကို ကြိယာ(verb) အဖြစ်သုံးသော အသုံးအနှုန်းပုံစံများ

-       The street was so crowded that cars were unable to pass.
ကားတွေ မဖြတ်ကျော်နိုင်လောက်အောင် လမ်းကလူတွေ ထူထပ်နေတယ်။
-       We passed the barriers.
ကျွန်တော်တို့ အတားအဆီးတွေကို ဖြတ်ကျော်ခဲ့တယ်။
-       Not a word passed her lips.
သူ(မ)ရဲ့ နှုတ်ဖျားက ဘာစကားမှ ထွက်မလာဘူး။
-       She passed me in the street without even saying hello.
သူ(မ)က နှုတ်တောင်မဆက်ဘဲ လမ်းထဲမှာ ကျွန်တော့်ကို ဖြတ်သွားတယ်။
-       Pass a thread through the eye of a needle.
အပ်ပေါက်ထဲကို အပ်ချည်ကြိုးထိုးသည်။
-       She passed her hand across the forehead.
သူ(မ)က နဖူးပေါ်ကို လက်နဲ့သပ်ချတယ်။
-       Pass me the salt please.
ကျေးဇူးပြုပြီး ဆား လှမ်းလိုက်စပ်းပါ။ (ကမ်းပေးတာကို ဆိုလိုပါတယ်)
-       She passed the letter to Mary.
သူ(မ)က မေရီဆီကို စာကို ကမ်းပေးခဲ့တယ်။
-       He passed the ball to the winger.
သူက ဘောလုံးကို တောင်ပံကစားသမား(အစွန်လူ)ဆီ လှမ်းပေးလိုက်တယ်။
-       Water passed from a liquid to a solid when it freezes.
ရေက အေးခဲ့သောအခါ အရည်အခြေအနေမှ အခဲအခြေအနေသို့ ကူးပြောင်းသည်။
-       The holidays pass too quickly.
အားလပ်ရက်တွေက ကုန်တာ မြန်လွန်းတယ်။
-       We sang songs to pass the time.
အချိန်ဖြုန်းဖို့ ကျွန်တော်တို့ သီချင်းတွေ ဆိုခဲ့ကြတယ်။
-       They waited for the storm to pass.
မုန်တိုင်းစဲဖို့ သူတို့တွေ စောင့်နေခဲ့ကြတယ်။
-       She hasn’t passed her driving test yet.
သူ(မ)က ယဉ်မောင်းလိုင်စင် စာမေးပွဲကို ခုထက်ထိ မအောင်သေးဘူး။
-       He passed the exam with distinctions.
သူက စာမေးပွဲကို ဂုဏ်ထူးတွေနဲ့ အောင်ခဲ့တယ်။
-       The motion was passed by 12 votes.
အစည်းအဝေးကို တင်ပြတဲ့ အဆိုပြုချက်ကို ၁၂ မဲနဲ့ အတည်ပြုခဲ့တယ်။
-       This film will never pass the censor.
ဒီရုပ်ရှင်က ဆင်ဆာခွင့်ပြုချက် ဘယ်တော့မှ ရမှာ မဟုတ်ဘူး။
-       I don’t like it, but I’ll let it pass.
အဲဒါကို ကျွန်တော် မကြိုက်ဘူး၊ ဒါပေမယ့် ကျွန်တော် သည်းခံရမယ်။
-       What’s the capital of Peru? I’ll have to pass on that one.
ပီရူးနိုင်ငံရဲ့ မြို့တော်က ဘာလဲ ? အဲဒါတော့် ကျွန်တော် ပန်းပေးမှ ရမယ်။
-       If you’re passing blood you ought to see a doctor.
မင်း ဝမ်းသွားတဲ့အခါ(သို့)ဆီးသွားတဲ့အခါ သွေးပါရင် မင်းဆရာဝန်ကို ပြသင့်တယ်။


Pass ကို နာမ်(noun) အဖြစ်သုံးသော အသုံးအနှုန်းပုံစံများ

-       All visitors must show their passes before entering the building.
အားလုံးသော ဧည့်သည်တွေက အဆောက်အဦးထဲမဝင်ခင် သူတို့ရဲ့ ဝင်ခွင့်ကတ်ပြားတွေကို ပြကြရမယ်။
-       She got a pass in the exam.
သူ(မ) က စာမေးပွဲ အောင်ခဲ့တယ်။
-       The pass was blocked by snow.
တောင်ကြားလမ်းက နှင်းတွေနဲ့ ပိတ်နေတယ်။
-       The helicopter made several passes over the village before landing.
ရဟတ်ယဉ်က ရွာပေါ်ကို မဆင်းခင် အကြိမ်ကြိမ် ဖြတ်ပျံနေခဲ့တယ်။


0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top