ယခုတစ်ပတ်တွင် မိမိကိုယ်ကို မိတ်ဆက်သောအခါ၊
အခြားသူများကို မိတ်ဆက်ပေးသောအခါ အသုံးပြုသည့် အခြေခံစကားပြောပုံစံများကို ရေးသား လိုက်ပါသည်။
“Introducing
yourself (မိမိကိုယ်ကို မိတ်ဆက်ခြင်း)”
မိမိကိုယ်ကို မိတ်ဆက်ရာတွင် ဖော်ပြပါ ဝါကျများကို အသုံးပြုနိုင်ပါသည်။
- My
name is ...
(ကျွန်တော်
နာမည် ……… ပါ။)
- I'm
....
(ကျွန်တော်
………… ပါ။)
- Nice
to meet you; I'm ...
(တွေ့ရတာဝမ်းသာပါတယ်၊
ကျွန်တော်က…ပါ။)
- Pleased
to meet you; I'm ...
·
(တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်တော်က…ပါ။)
- Let
me introduce myself; I'm ...
(ကျွန်တော့်ကို
ကျွန်တော် မိတ်ဆက်ပါရစေ၊ ကျွန်တော်က …… ပါ။)
- I'd
like to introduce myself; I'm ...
·
(ကျွန်တော့်ကို ကျွန်တော် မိတ်ဆက်ပါရစေ၊ ကျွန်တော်က ……
ပါ။)
- May I
introduce myself; I’m ...
·
(ကျွန်တော့်ကို ကျွန်တော် မိတ်ဆက်ပါရစေ၊ ကျွန်တော်က ……
ပါ။)
“Introducing
others (အခြားသူများနှင့် မိတ်ဆက်ခြင်း)”
တခြားသူများနှင့် မိတ်ဆက်သည့်အခါ ဖော်ပြပါ ဝါကျများကို အသုံးပြုနိုင်ပါသည်။
- Jack,
have you met Marry?
(ဂျက်ရေ၊ မင်း
မေရီနဲ့ တွေ့သေးလား?)
- I'd
like you to meet John.
ကျွန်တော်
ဂျွန်နဲ့ တွေ့ချင်တယ်/ တွေ့ပါရစေ။)
- I'd
like to introduce you to Marry.
(မင်းကိုငါ
မေရီ နဲ့ မိတ်ဆက်ပေးချင်တယ်/ မိတ်ဆက်ပေးပါရစေ။)
- Marry,
this is John. John this is Marry.
(မေရီ …
သူက ဂျွန်လေ။ ဂျွန် … သူက မေရီပေါ့။)
မိမိက တစ်ခြားသူများကို မိတ်ဆက်ပေးသည့်အခါ “Marry,
this is John. John this is Marry.” ဟုသာပြောရပြီး “Marry, he is John. John
she is Marry.” ဟု အသုံးအနှုန်းမရှိသည်ကို သတိထား ရပါမည်။ သတိမထားမိလျှင်
အမှတ်တမဲ့ မှားပြောမိ တတ်ပါသည်။ ထို့အပြင် တယ်လီဖုံးဖြင့် စကားပြောရာ တွင်လည်း
“This” ကိုသာ အသုံးပြုရပါသည်။ ဥပမာ -
·
May I know who’s that speaking please
(ကျေးဇူးပြုပြီး
အခု အမိန့်ရှိတာ/ ပြောနေတာ ဘယ်သူလည်း သိပါရစေ။)
·
This is Mg Mg/ Hla Hla.
(ကျွန်တော်
မောင်မောင် ပါ၊ ကျွန်မ လှလှ ပါ။)
“အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း အင်္ဂလိပ်စာအရည်အသွေး တိုးတက်ပါစေ …………………”
အောင်ကိုဦး(UMK)
Be the Best !
0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....