I should have + (past participle) – လုပ်ခဲ့သင့်တယ်။
တစ်ခုခုကို မလုပ်မိခဲ့အတဲ့ အတွက် နောင်တရတဲ့အခါ၊ အပြစ်တင်တဲ့အခါ ဖော်ပြပါ ပုံစံကို အသုံးပြုနိုင်ပါတယ်။
-       I should have gone with you.
မင်းနဲ့ အတူငါ သွားခဲ့ဖို့ သင့်တယ်။
-       I should have studied more for my test.
စာမေးပွဲအတွက် ပိုပြီး လေ့လာခဲ့ဖို့ သင့်တယ်။
-       I should have read the directions before starting.
မစတင်ခင်က လမ်းကြောင်းကို ဖတ်ခဲ့ဖို့ သင့်တယ်။
-       I should have eaten breakfast this morning.
ဒီမနက် မနက်စာ စားခဲ့ဖို့ သင့်တယ်။
-       I should have listened to your advice.
မင်းအကြံကို ငါနားထောင်ခဲ့ဖို့ သင့်တယ်။

I wish I could + (verb) - တစ်ခုခုကို လုပ်ချင်တယ်၊ လုပ်ဖို့ ဆန္ဒရှိတယ်။
တစ်ခုခုကို လုပ်ချင်တယ်၊ လုပ်ဖို့ ဆန္ဒရှိတယ်လို့ ပြောချင်တဲ့အခါ ဖော်ပြပါ ပုံစံကို အသုံးပြုနိုင်ပါတယ်။
-       I wish I could sing better.
သီချင်းဆို ပိုကောင်း ချင်တယ်။
-       I wish I could settle the argument.
အငြင်းပွားမှုကို ကျေအေးဖို့ ဆန္ဒရှိတယ်။
-       I wish I could sail around the world.
ကမ္ဘာပတ်ပြီး ရွက်လွင့် ချင်တယ်။
-       I wish I could replace my old car with a new one.
ကျွန်တော့်ကားအဟောင်းကို ကားအသစ်နဲ့ လဲချင်တယ်။
-       I wish I could go to the game with you.
မင်းနဲ့အတူ ဂိမ်းသွားကစား ချင်တယ်။

You should + (verb) -  လုပ်သင့်တယ်။
 တစ်စုံတစ်ယောက်ကို ကိုယ်က တစ်ခုခုကိုလုပ်သင့်တယ်လို့ အကြံပေးလိုတဲ့အခါ ဖော်ပြပါ ပုံစံကို အသုံးပြုနိုင်ပါတယ်။    
-       You should go to bed.
မင်း အိပ်ရာဝင်သင့်ပြီ။
-       You should do your homework before going outside.
အပြင်မထွက်ခင် အိမ်စာတွေ လုပ်သင့်တယ်။
-       You should replace you headlights on your car.
မင်းကားမှာ ရှေ့မီးတွေ လဲသင့်တယ်။
-       You should stop smoking.
မင်း ဆေးလိပ် ဖြတ်သင့်တယ်။
-       You should smile more.
မင်း ဒီ့ထက် ပိုပြုံး သင့်တယ်။
-       You should talk to him about it.
အဲဒီကိစ္စ မင်းသူ့ကို ပြော(ဆွေးနွေး) သင့်တယ်။
-       You should trust what they say.
သူတို့ ပြောတာကို မင်းယုံကြည် သင့်တယ်။

You're supposed to + (verb) -  လုပ်သင့်တယ်၊ လုပ်ရမယ်။
ဖော်ပြပါ ပုံစံတွင် You’re သည် You are ဖြစ်ပြီး၊ စကားပြောပုံစံတွင် You’re လို့သာ ပြောလေ့ ရှိပါတယ်။ တစ်စုံတစ်ခုကို တကယ် ယုံယုံကြည်ကြည် သေချာပေါက် ဖြစ်သင့်တယ်လို့ အကြံပေးလို သောအခါ ဖော်ပြပါ ပုံစံကို အသုံးပြုနိုင်ပါတယ်။ ပထမပုံစံဖြစ်သော You should ထက်ပိုမို Degree မြင့်ပါသည်။
-       You're supposed to keep that secret.
မင်း လျှို့ဝှက်ချက်ကို ထိန်းသိမ်း ရမယ်။
-       You're supposed to let me know when you leave.
မင်း ဘယ်အချိန် ထွက်မှာလဲ ငါ့ကို အသိပေး သင့်တယ်။
-       You're supposed to return the movies you rent on time.
မင်း ငှားထားတဲ့ ရုပ်ရှင်ကား ကို အချိန်မှန် ပြန်အပ် ရမယ်။
-       You are supposed to fasten your seat belt.
မင်း ထိုင်ခုံ ခါးပတ်ကို ပတ်သင့်တယ်။
-       You are supposed to decide before next Thursday.

မင်း နောက်တစ်ပတ် အင်္ဂါနေ့ မတိုင်ခင် ဆုံးဖြတ် ရမယ်။

အောင်ကိုဦး(UMK)
Be the Best !

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top