to be in charge of : တာဝန်ယူသည်၊ ကြီးကြပ်သည်။
-       Henry is in charge of the office while Mr. Smith is away.
မစ္စတာ စမစ် မရှိတုန်း ဟင်နရီက တာဝန်ယူ ကြီးကြပ်သည်။
-       Who is the in charge of  the arrangements for the dance next week?
နောက်တစ်ပတ် ကပွဲအတွက် အစီအစဉ်တွေကို ဘယ်သူက တာဝန်ယူ ကြီးကြပ်မှာလဲ?

to get in touch with : ဆက်သွယ်သည်။
-       As soon as you get to Singapore get in touch with me at once.
မင်း စင်္ကာပူကို ရောက်ရောက်ခြင်း ငါ့ကို ချက်ချင်း ဆက်သွယ်ပါ။
-       I have been trying all morning to get in touch with Mr. Jones.
မစ္စတာ ဂျူံးနဲ့ အဆက်အသွယ်ရဖို့ ဒီတစ်မနက်လုံး ကျွန်တော် ကြိုးစားနေတယ်။

to have a good time : ပျော်ရွှင်သည်၊ ပျော်ရွှင်စွာဖြတ်သန်းသည်။
-       We all had a good time at the party last night.
မနေ့ညက ကျွန်တော်တို့ အားလုံး ပါတီပွဲမှာ ပျော်ရွှင်ခဲ့ကြတယ်။
-       Did you have a good time at the dance?
မင်း ကပွဲမှာ ပျော်ခဲ့ရဲ့လား?

to take care of: ဂရုစိုက်သည်။
-       Who will take care of your dog while you are away on your vacation?
မင်း ပိတ်ရက်မှာ ခရီးသွားတဲ့အခါ မင်းရဲ့ခွေးလေးကို ဘယ်သူက ဂရုစိုက်မှာလဲ?
-       Our teacher always said to us, “Take care of yourself”
ဆရာက “ကိုယ့် ကို ကိုယ် ဂရုစိုက်ကြ” လို့ ကျွန်တော်တို့ကို အမြဲပြောတယ်။

once a while: အခါအားလျော်စွာ
-       Previously I saw him very often but now he comes here only once in a while.
အရင်တုန်းကတော့ ကျွန်တော် သူ့ကို မကြာခဏ တွေ့တယ် ဒါပေမဲ့ ခုတော့ သူက အခါအားလျော်စွာ (တစ်ခါတစ်လေ) ပဲ လာတော့တယ်။
-       Once a while he goes with us to the movies on Saturday night.
စနေနေ့ညတွေဆို အခါအားလျော်စွာ သူက ကျွန်တော်တို့နဲ့ ရုပ်ရှင် လိုက်ကြည့်တယ်။

quite a few : အများအပြား၊ အများကြီး
-       Quite a few students were absent yesterday.
မနေ့က ကျောင်းသားတွေ အများကြီး ကျောင်းပျက်ကြတယ်။
-       We did not expect many to attend quite a few people came to the meeting.
အစည်းအဝေးကို လူတွေ အများကြီးလာဖို့ ကျွန်တော်တို့ သိပ် မမျှော်လင့်ထားခဲ့ဘူး။

used to : လုပ်လေ့ လုပ်ထ ရှိခဲ့သည်၊ လေ့ရှိခဲ့သည်။ (ယခု အချိန်တွင် မလုပ်တော့ပါ။)
-       I used to play football when I was young.
ကျွန်တော် ငယ်ငယ်တုန်းက ဘောလုံး ကစားလေ့ရှိတယ်။
-       I used to buy my suits at President. Now I buy them at Uncle San.
-       အဝတ်အစားတွေကို President မှာ ဝယ်လေ့ရှိတယ်၊ ခုတော့ Uncle San မှာပဲ ဝယ်တော့တယ်။

to be used to : ရင်းနှီး ကျွမ်းဝင်သည်၊ ( be+used+noun ပုံစံဖြင့်သုံးပါသည်)
-       I am not used to Taungyi’s weather.
ကျွန်တော် တောင်ကြီး ရာသီဥတု နဲ့ အကျွမ်းတဝင် မရှိဘူး။
-       He is used to Mathematic.
သူက သင်္ချာ ဘာသာရပ်ကို အကျွမ်းတဝင် ရှိတယ်။

to get used to: ရင်နှီး ကျွမ်းဝင်လာသည်။
-       You will soon get used to this climate and the changes in temperature do not affect him.
မကြာခင်ပဲ သူ ဒီရာသီဥတုနဲ့ အကျွမ်းတဝင် ဖြစ်လာပါလိမ့်မယ်၊ အပူချိန်အပြောင်းအလဲတွေက သူ့ကို ဘာမဖြစ်လောက်တော့ဘူး။
-       He can’t seem to get used to wearing glasses.
မျက်မှန်တပ် ရတာ သူ အကျွမ်းတဝင် ဖြစ်ပုံ မရသေးဘူး။

to make believe : ဟန်ဆောင်သည်။
-       George made believe that he was sick so that he would not have to go to school.
ဂျော့(ခ်ျ)က ကျောင်းမသွားရအောင်လို့ နေမကောင်း ဟန်ဆောင် ခဲ့တယ်။
-       Do you think that Mary was only making believe that she was tired?
မေရီက မောတယ်ဆိုတာ ဟန်ဆောင်နေတာ သက်သက်လို့ မင်းထင်လား?



အောင်ကိုဦး(UMK)
Be the Best !

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top