Academic email ဆိုသည်မှာ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များအတွက် ရေးသားခြင်းဖြစ်ပြီး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် မသက်ဆိုင်ပါ။ မိမိရေးလိုသော တစ်ဦးတစ်ယေက်ကို တိုက်ရိုက် ဦးတည်ကာ ရေးသားနိုင်ပြီး ၎င်းနှင့်သက်ဆိုင်သော လုပ်ငန်း၏ ရာထူး/နေရာများကို ထည့်သွင်း ရေးသားရန် မလိုအပ်သည်ကို သတိပြုရပါမည်။ သို့ရာတွင် မိမိရေးသားမည့်သူ၏ အသက်အရွယ်၊ အဆင့်အတန်းများ အပေါ်တွင် မူတည်ကာ စကားလုံး အသုံးအနှုန်းများကို ရွေးချယ်သုံးနှုန်း ရပါမည်။ ယခုဆောင်းပါးတွင် ကျောင်းသားတစ်ဦးမှ မတူညီသော ဌာနတစ်ခုမှ ပုဂ္ဂိုလ် တစ်ဦးထံသို့ ရေးသားသော ပုံစံကို နမူနာအဖြစ် ဖော်ပြသွားပါမည်။
Subject : Request for statistical help
Dear Dr Barr
I am a first year PhD student in the department of linguistics and my research topic is a quantitative study of verb forms in academic writing.
As I need to use advanced statistical tools for processing the data, my supervisor, Dr John Pugh, suggested I contact you to ask for advice.
Would it be possible for me to come and see you to discuss what I need? I attach a copy of my draft research proposal to give you an idea of the scope of my study.
I would be very grateful indeed for your help.
Best wishes
David Samuels
            ရေးသားသော email၏ အကြောင်းအရာကို Subject တွင် ရှင်းရှင်းလင်းလင်း နားလည် လွယ်စေရန် ရေးသားပါ။ စတင် နှုတ်ဆက်သည့် အဖွင့်တွင် Dear + family name/ Mr, Mrs ပုံစံဖြင့် စတင်ပါ၊ သူစိမ်းထံသို့ ရေးသားပါက မိမိရေးသားသူကို မိမိအကြောင်း (မည်သည့်တက္ကသိုလ်တွင် မည်သည့် အထူးပြုဘာသာရပ်၊ မည်သည့်အတန်းတွင် တက်ရောက်နေသည်) စသည်ဖြင့် အနည်းငယ် ကို မိတ်ဆက်ပေးရန် လိုအပ်ပါသည်။ အကြောင်းအရာကို စတင်ရေးသားရာတွင် မည့်သည့် အတွက်ကြောင့် ရေးသားသည်ကို ခေါင်းစဉ်နှင့် ဆက်စပ်အောင် ဖော်ပြပါ၊ မိမိရေးသားသူကို မည်သည့်ကိစ္စ အား ဆောင်ရွက် ပေးစေလိုသည် တိတိကျကျ ပေါ်လွင်ပါစေ။ ရေးသားစဉ်တွင် Would it be possible … သို့မဟုတ် Could I possibly စသည့် ယဉ်ကျေးသော အသုံးအနှုန်းများကို သုံနှုန်းနိုင်ပြီး I kindly request … ကဲ့သို့သော အလွန် ရုံတွင်းဆန်သော အသုံးများကို သုံးရန်မလိုအပ်ပါ။ အဆုံးသတ်ရာတွင် I really appreciate your help စသည်ဖြင့် ယဉ်ကျေးသော အသုံးအနှုန်းများကို ရေးသားနိုင်ပြီး Thank you for your time ကဲ့သို့သော ရုံးတွင်းဆန်သော အသုံးများ၊ Thank you for your attention စသည့် စကားပြော ဆန်သော အသုံးအနှုန်းများကို ရှောင်ကြည် ရပါမည်။ နောက်ဆုံးတွင် Best regards, Regards စာသားများနှင့် မိမိ၏အမည် အပြည့်အစုံကို ဖော်ပြပေးရပါမည်၊ လိုအပ်ပါက မိမိအကြောင်းကို အနည်းငယ် အသေးစိတ် ဖော်ပြပေးရပါမည်။
          လိုအပ်သလို အသုံးပြုနိုင်ကြပါစေ …
အောင်ကိုဦး (UMK)
Be the Best !

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top