မနေ့က သင်တန်းသူ တစ်ယောက်က မေးလာပါတယ် join နောက်က ဘာလို့ to မလိုက်ရတာလဲတဲ့ … အဲဒါကြောင့် verb အကြောင်းကို နည်းနည်းလောက် ရေးချင်ပါတယ်။
Verb တွေကို အကြမ်းခွဲမယ်ဆိုရင် Transitive Verb နဲ့ Intransitive Verb ဆိုပြီး အဓိက အုပ်စု (၂) ခုတွေ့ ပါမယ်။ E to E dictionary မှာရှိရင် Head Word လို့ခေါ်တဲ့ ကိုယ့်ကြည့်တဲ့ စကားလုံး ပြီးရင် ကွင်းစ ကွင်းပိတ်ထဲမှာ (T) (I) စသည်ဖြင့် တွေ့ပါလိမ့်မယ်။ Transitive verb တွေနောက်က object တိုက်ရိုက် လိုက်ပါတယ်။ preposition မလိုပါဘူး။
ဥပမာ - eat ပဲ ဆိုပါတော့ … He eats an apple. (Transitive verb တွေနောက်က ဘာ preposition မှ မလိုဘဲobject တိုက်ရိုက် လိုက်ပါတယ်။)
Transitive verb နောက်က နေ Object တိုက်ရိုက်လိုက်တယ် ဆိုပေမယ့် phrase, pronoun တွေလည်း လိုက်လို့ရပါတယ်။
ဥပမာ -
I admire your courage.
(your courage ဆိုတဲ့ phrase လိုက်ထားတာပါ)
I couldn’t face him today.
(him ဆိုတဲ့ pronoun လိုက်ထားတာပါ)
We need to maintain product quality.
(ဒါက infinitive phrase လိုက်ထားတာပါ)
ဒီစာကြောင်းမှာ to ပါနေလို့ စောဒက တက်စရာ ရှိပါတယ် infinitive phrase ကြောင့်ပါ ။
တလက်စတည်း infinitive အကြောင်း ဆက်ပြောချင်ပါတယ်။
infinitive ဟာ ဝါကျ တွေမှာ noun, adjective, adverb ပုံစံ (၃) မျိုး နဲ့ တွေ့နိုင်ပါတယ်။
ဥပမာ -
To read is a good habit.
(To read ဟာ Subject နေရာမှာ နေတဲ့ noun ပုံစံပါ)
To maintain product quality is very important.
(ခုဏက အထက်မှာ သုံးထားတဲ့ infinitive phrase ကိုပဲ ဒီဝါကျမှာ Subj နေရာက သုံးထားတာပါ)
I like to read.
(to read ဟာ Object နေရာမှာ နေတဲ့ noun ပုံစံပါ)
He needs to take a rest.
(to read ဟာ Object နေရာမှာ နေတဲ့ noun ပုံစံပါ)
He is an important person to know
(to know က ဒီဝါကျမှာ adj ပါ person ကို အထူးပြုပါတယ်)
Grizzy bears are impressive animals to see in the wild. (ဒီဝါကျမှာလည်း infinitive က animal ကို အထူးပြုထားတဲ့ adj ပါ)
They come here to learn English.
(ဒီဝါကျမှာ to learn က purpose ကို ညွှန်းတဲ့ adv ပုံစံဖြစ်ပါတယ်)
Infinitive phrase ကို ပိုပြီးတော့ သေချာအောင် နောက်ထပ် ဥပမာ တစ်ကြောင်းလောက် ကြည့်ရအောင်ပါ။
He wants to take swimming lessons.
(to take swimming lessons တစ်ခုလုံးက Infinitive phrase ပါ)
Infinitive phrase က ထပ်ပြီးတော့ ရောလာစရာ ရှိတာတစ်ခုက prepositional phrase ပါ
I take my niece to the theater.
(ဒီဝါကျမှာ ပါတဲ့ to the theater က prepositional phrase ပါ)
Transitive verb ကို ထပ်ခွဲရင် Obj တစ်ခုပဲ လိုက်တာ နဲ့ Obj နှစ်ခု လိုက်တာ ဆိုပြီး (၂) မျိုး ကွဲပါသေးတယ်။
ပိုပြီး တိတိကျကျ ပြောရရင် Direct Obj နဲ့ Indirect Obj ဆိုပြီး Obj နှစ်ခုပါ။
ဥပမာ -
Give - Pat gave me a book for my birthday.
Buy - Can I buy you a drink?
Pass - Paul passed her a cup of coffee.
Make - Shall I make us some lunch?
Sell - Jenny was trying to sell me her car.
Take - We took Maria some flowers and wine.
Show - Show me your holiday photos.
Offer - The company has offered me a job.
Leave - Leave me a message and I’ll get back to you.
Wish - Everyone wished us all the best for the future.
Lend - Could you lend me £20?
Cost - Ben’s mistake cost him his job.
+++++++++++++++++++++++++++++++
မနေ့က သင်တန်းသူ မေးထားတဲ့ join ကို ပြန်ပြောချင်ပါတယ်။
join /dʒɔɪn/ verb CONNECT
[ T ] to connect or fasten things together
• A long suspension bridge joins the two islands.
• Join the two pieces together using strong glue.
• The island is joined to the mainland by a road bridge.
• (ဒီစာကြောင်းမှာ to the mainland က direction ဖြစ်ပြီးတော့ join ရဲ့ object က island ပါ)
• If you join the dots on the paper, you'll get a picture.
join /dʒɔɪn/ verb DO TOGETHER
[ I or T ] to get involved in an activity or journey with another person or group
• I don't have time for a drink now, but I'll join you later.
• Why don't you ask your sister if she would like to join us for supper?
• We took the ferry across the Channel and then joined (= got on) the Paris train at Calais.
• If you've come to buy tickets for tonight's performance, please join the UK queue / US line (= stand at the end of it) .
• I'm sure everyone will join me in wishing you a very happy retirement (= everyone else will do this too) .
• The police have joined with (= They have begun to work with) the drugs squad in trying to catch major drug traffickers.
• The design company is planning to join up with a shoe manufacturer and create a new range of footwear.
join /dʒɔɪn/ verb BECOME A MEMBER
[ I or T ] to become a member of an organization
• I felt so unfit after Christmas that I decided to join a gym.
• It's a great club. Why don't you join?
ဒီနေရာမှာ အင်္ဂလိပ်ဘာသာစကား လေ့လာသူတွေကို အကြံပေးချင်တာက E to E dictionary ကို ကြည့်ပေးပါ။ ခု ဖော်ပြထားသလိုပဲ အဓိပ္ပာယ်တင်သာမက ဥပမာ ဝါကျတွေနဲ့ ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။
စာလည်း နည်းနည်း ရှည်နေပြီ၊ ရေးလက်စနဲ့ နောက် သတိထားသင့်တဲ့ verb တစ်လုံးဖြစ်တဲ့ visit ကို လေ့လာကြည့်ရအောင်ပါ။
visit /ˈvɪz.ɪt/ verb
1. [ I or T ] to go to a place in order to look at it, or to a person in order to spend time with them
• We visited a few galleries while we were in Prague.
• Will you visit me when I'm in hospital?
• When did you last visit the dentist/doctor?
2. [ T ] to go to a website on the Internet
Visit ကို verb အဖြစ်သုံးတဲ့အခါ နောက်က to လုံးဝ မလိုက်တာကို သတိထားပါ။ to go to a place/ to go to a website လို့ ပြောထား တဲ့အတွက် to ထည့်စရာ မလိုတော့ပါ။ ယောင်ယောင်ပြီးတော့ visit to လို့ သုံးတတ်ပါတယ်။ ဒါဆိုရင် ၄ တန်းတုန်းက ပါတဲ့ A visit to the zoo ကရော ဘယ်လိုမျိုးလဲ … သူကကျတော့ noun ပုံစံပါ
visit /ˈvɪz.ɪt/ noun [ C ]
when you visit a place or person
• I think I'll pay a visit to the hairdresser's while I'm in town.
• We had a visit from the school inspector last week.
Visit ကို noun နဲ့ သုံးတဲ့အခါ သူရဲ့ တွဲလုံး verb က pay ပါ၊ ပထမ ဥပမာ ဝါကျမှာ သုံးထားပါတယ်။
လက်စနဲ့ နောက်ထပ် verb တစ်လုံး ဆက်ပြောချင်ပါတယ် .. ဖတ်ရတာ ရှည်လို့ ပျင်းနေပီလားဗျ (ကျွန်တော်လည်း စာက မရေးဖြစ်တာ ကြာပီ၊ ရေးလက်စ နဲ့ ခေါင်းထဲ ပေါ်လာတုန်း ရေးရတာ ဆက်ဖတ်ပါဦးဗျ)
ဒီ verb နဲ့ ဒီစာစုကို အဆုံးသတ်ပါမယ် .. အဲဒီ verb က Discuss ပါ … များသောအားဖြင့် discuss ကို သုံးတဲ့အခါ about ကို မှားပြီးတော့ ထည့်သုံးနေတတ်ပါတယ်။ တကယ်က discuss ကိုသုံးရင် about မလိုပါဘူး။ discuss ရဲ့ ဖွင့်ဆိုချက် ကို ကြည့်ပါ။
discuss /dɪˈskʌs/ verb [ T ]
1. to talk about a subject with someone and tell each other your ideas or opinions
• The police want to discuss these recent racist attacks with local people.
2. to talk or write about a subject in detail, especially considering different ideas and opinions related to it
• The later chapters discuss the effects on the environment.
to talk about a subject with someone / to talk or write about a subject လို့ ပြောထားတဲ့အတွက် discuss သုံးရင် about မလိုတော့တာပါ။ ပြီးတော့ ပထမ ပုံစံအတွက် with နဲ့ တွဲသုံးရမယ် ဆိုတာကိုလည်း တစ်ခါတည်း တွဲမှတ်ထားသင့်ပါတယ်။
ဟုတ်ကဲ့ နည်းနည်းလည်း ရှည်သွားပြီ ဖြစ်တဲ့အတွက် … verb အကြောင်း နည်းနည်းပြောတာ ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်။
ကျွန်တော် အောင်ကိုဦးပါ
*** AELC Facebook Page ကို Like လုပ်ထားပြီး အင်္ဂလိပ်ဘာသာစကား တိုးတက်ရေး လမ်းညွှန်စာစုများ၊ သင်ခန်းစာများကို နေ့စဉ် လေ့လာနိုင်ပါတယ် ***
--------------------------------------------------
🏡 AELC (လှိုင်)
အမှတ်-၁၀၂(မြေညီထပ်)၊ အောင်မေတ္တာ ၁-လမ်း၊ (၁) ရပ်ကွက်၊ လှိုင်။
( ဆင်ရေတွင်း KBZ ဘဏ် ရှေ့ ရွာမကျောင်းလမ်း မှ ဝင်လို့ရပါတယ်)
၀၉ ၄၂၁ ၇၅ ၂၅ ၆၈ ၊ ၀၉ ၂၅ ၂၅ ၈၅ ၀၈၅
🏡 AELC (စမ်းချောင်း)
အမှတ်-၁၂၇ (ပထမထပ်)၊ ဗားဂရာလမ်း၊ စမ်းချောင်း။
( ရှမ်းလမ်းမှတ်တိုင် KBZ ဘဏ် အနီး)
၀၉ ၄၅၀ ၂၀ ၈၁ ၈၈ ၊ ၀၉ ၄၅၀ ၂၀ ၈၂ ၈၈
🏡 AELC (တာမွေ)
အမှတ်-၄/၈ (မြေညီထပ်)၊ မလွှကုန်းလမ်း၊ အ.မ.က (၇) တာမွေ ရှေ့
( ကျောက်မြောင်းဈေးမှတ်တိုင်၊ KBZ ဘဏ် ကျောက်မြောင်းအနီး)
၀၉ ၄၅၀ ၂၀ ၈၃ ၈၈ ၊ ၀၉ ၄၅၀ ၂၀ ၈၄ ၈၈
🏡 AELC (မန္တလေး)
အမှတ်-၃၄/ဃ၊ ၃၁ လမ်း၊ ၇၆လမ်း နှင့် ၇၇လမ်း ကြား
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
၀၉ ၄၅၀ ၂၀ ၈၅ ၈၈၊ ၀၉ ၄၅၀ ၂၀ ၈၆ ၈၈
🏡 AELC (ဘိုကလေး)
အမှတ် ၁၁၂၁၊ ကြံတိုင်းအောင် ၄-လမ်း၊ (၈) ရပ်ကွက်၊
ဘိုကလေးမြို့။ (မိတ်သစ် လက်ဘက်ရည်ဆိုင် အနီး)
၀၉ ၄၅၀ ၂၀ ၈၇ ၈၈၊ ၀၉ ၄၅၀ ၂၀ ၈၉ ၈၈

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top