သင်တန်းသူ တစ်ယောက်က မေးလာပါတယ်၊ “stay နဲ့ live ဘာကွာပါသလဲ” ဆိုတဲ့ မေးခွန်းနဲ့ အစချီပြီး “ခုသူတို့က အဆောင်မှာ နေတာပါ၊ အဲဒါကို We live in a hostel. လို့သုံးရမလား We stay in a hostel. လို့သုံးရမလား သူငယ်ချင်းတွေကြားထဲမှာ အငြင်းပွားနေလိုပါ” လို့ facebook message က မေးလာပါတယ်။ ဒါကြောင့်မို့ ပိုပြီး ပြည့်ပြည့်စုံစုံ ဖြစ်သွားအောင် stay နဲ့ live က နေသည် လို့ မြန်မာလို အဓိပ္ပာယ်ဆင်တူပေမဲ့ မတူညီတဲ့ အသုံးအနှုန်းပုံစံတွေကို ရေးသားလိုက်ပါတယ်။

Stay (v) - နေသည်
- Stay until the rain has stopped.
မိုးတိတ်တဲ့ အထိ နေပါလား။
- Can you stay after work to play tennis?
မင်း အလုပ်ပြီးရင် တင်းနစ် ကစားဖို့ နေလို့ ရမလား။
- Stay here until I come back.
ငါ ပြန်လာတဲ့အထိ ဒီမှာပဲ နေပါလား။
- I can only stay a few minutes.
ငါ ခဏလေးလောက်ပဲ နေနိုင်မယ်။

Stay (v) - နေသည်၊ ထားသည်၊ ရှိသည်၊ (ဆက်ဖြစ်သည့်၊ ဆက်လုပ်သည့် အဓိပ္ပာယ် ဆောင်ပါသည်။)
- The shops stay open until 9 o’ clock.
ဆိုင်တွေက ၉-နာရီအထိ ဖွင့်နေသေးတယ်။
- They stay friends after their divorce.
သူတို့ ကွားရှင်းပြတ်စဲ ပြီးတော့ သူငယ်ချင်း တွေ ဖြစ်နေသေးတယ်။
- Everything has stayed the same.
အရာအားလုံးဟာ အရင်တိုင်းပါပဲ။

Stay (v) - ခတ္တနေသည်၊ တည်းခိုသည်။
- We stay in a hotel.
ကျွန်တော်တို့ ဟော်တယ်မှာ တည်းတယ်။
- It’s late – why don’t stay in my house?
နောက်ကျနေပြီ၊ အိမ်မှာပဲ အိပ်လိုက်ပါလား။
- I stayed in Mandalay for two weeks then I flew home.
- ကျွန်တော် မန္တလေးမှာ ၂-ပတ်လောက် ခဏနေပြီး အိမ်ပြန်လာခဲ့တယ်။ (I fly home သည် လေယာဉ် နဲ့ ပြန်လာသည်ကို ဆိုလိုပါတယ်။)

Stay (n) - အလည်အပတ် နေခြင်း၊ ညအိပ်ခြင်း
- A two weeks stay with my uncle
- A short/ long stay in a hotel

**************************************************************

Live (v) - ရှင်သည်၊ အသက်ရှိသည်။
- He only lived a few days after the accident.
မတော်တဆ ဖြစ်ပြီးတော့ တစ်ရက်/ နှစ်ရက်လောက်ပဲ သူ အသက်ရှင်ခဲ့တယ်။
- How long do elephants live?
ဆင်တွေက သက်တမ်း ဘယ်လောက်ရှည်လဲ

Live (v) - နေထိုင်သည်။
- I live in Yangon.
ကျွန်တော် ရန်ကုန်မှာ နေပါတယ်။
- Some students live on the University campus.
တစ်ချို့ကျောင်းသား/သူတွေက တက္ကသိုလ် ပရဝဏ် မှာပဲ နေကြတယ်။ (ကျောင်းထဲမှာပဲ နေကြတယ်)

Live (v) - နေသည်။
- He lived and died a bachelor.
သူက လူပျိုကြီးဘဝနဲ့ အရိုးထုတ်သွားခဲ့တယ်။
- As he saved the money systematically when he was young, he can live a peaceful life now.
သူငယ်ငယ်တုန်းက ပိုက်ဆံကို စနစ်တကျ စုဆောင်းခဲ့လို့ ခုအချိန်မှာ အေးအေး ချမ်းချမ်း နေနိုင်တယ်။
- John and Mary got married and lived happily ever after.
ဂျွန် နဲ့ မေရီ တို့ လက်ထပ်ပြီးတော့ ပျော်ပျော်ရွှင်ရွှင် ထာဝရ နေထိုင်သွားကြတယ်။

Live (v) - ရှင်သန်နေသည်။
- The memorable days will live in my heart forever.
ကျွန်တော့် နှလုံးသားထဲမှာ အမှတ်တရနေ့ရက်တွေဟာ အမြဲတမ်း ရှင်သန် နေမှာပါ။ (ဘယ်တော့မှ မမေ့နိုင်သည်ကို ဆိုလိုပါတယ်။)

ကျေးဇူးတင်ပါတယ်

ကျွန်တော် အောင်ကိုဦး ပါ

+++++++++++++++++++++


*** AELC Facebook Page ကို Like လုပ်ထားပြီး အင်္ဂလိပ်ဘာသာစကား တိုးတက်ရေး လမ်းညွှန်စာစုများ၊ သင်ခန်းစာများကို နေ့စဉ် လေ့လာနိုင်ပါတယ် ***
--------------------------------------------------
🏡 AELC (လှိုင်)
အမှတ်-၁၀၂(မြေညီထပ်)၊ အောင်မေတ္တာ ၁-လမ်း၊ (၁) ရပ်ကွက်၊ လှိုင်။
( ဆင်ရေတွင်း KBZ ဘဏ် ရှေ့ ရွာမကျောင်းလမ်း မှ ဝင်လို့ရပါတယ်)
၀၉ ၄၂၁ ၇၅ ၂၅ ၆၈ ၊ ၀၉ ၂၅ ၂၅ ၈၅ ၀၈၅

🏡 AELC (စမ်းချောင်း)
အမှတ်-၁၂၇ (ပထမထပ်)၊ ဗားဂရာလမ်း၊ စမ်းချောင်း။
( ရှမ်းလမ်းမှတ်တိုင် KBZ ဘဏ် အနီး)
၀၉ ၄၅၀ ၂၀ ၈၁ ၈၈ ၊ ၀၉ ၄၅၀ ၂၀ ၈၂ ၈၈

🏡 AELC (တာမွေ)
အမှတ်-၄/၈ (မြေညီထပ်)၊ မလွှကုန်းလမ်း၊ အ.မ.က (၇) တာမွေ ရှေ့
( ကျောက်မြောင်းဈေးမှတ်တိုင်၊ KBZ ဘဏ် ကျောက်မြောင်းအနီး)
၀၉ ၄၅၀ ၂၀ ၈၃ ၈၈ ၊ ၀၉ ၄၅၀ ၂၀ ၈၄ ၈၈

🏡 AELC (မန္တလေး)
အမှတ်-၃၄/ဃ၊ ၃၁ လမ်း၊ ၇၆လမ်း နှင့် ၇၇လမ်း ကြား
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
၀၉ ၄၅၀ ၂၀ ၈၅ ၈၈၊ ၀၉ ၄၅၀ ၂၀ ၈၆ ၈၈

🏡 AELC (ဘိုကလေး)
အမှတ် ၁၁၂၁၊ ကြံတိုင်းအောင် ၄-လမ်း၊ (၈) ရပ်ကွက်၊
ဘိုကလေးမြို့။ (မိတ်သစ် လက်ဘက်ရည်ဆိုင် အနီး)
၀၉ ၄၅၀ ၂၀ ၈၇ ၈၈၊ ၀၉ ၄၅၀ ၂၀ ၈၉ ၈၈

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top