ဒီတစ်ပတ်မှာလည်း အသုံးဝင်မယ့် လုပ်ငန်းခွင်သုံးအင်္ဂလိပ်စကားလုံးများ ကို ဆက်လက် ရေးသား လိုက်ပါတယ်။

• expansion (n) - ချဲ့ထွင်ခြင်း၊ ကျယ်ပြန့်ခြင်း၊ တိုးချဲ့ခြင်း
expension ကို ရေတွက်ရနာမ် (countable noun)၊ ရေတွက်မရနာမ် (uncountable noun) ပုံစံ (၂) မျိုးလုံးနဲ့ အသုံးပြုနိုင်ပြီး expansion of a company/factory; expansions plans, plans for expansion စသည့် ပုံစံများဖြင့် သုံးနိုင်ပါသည်။
- The company’s biggest expansion last year was in Russia.
မနှစ်က ကုမ္ပဏီရဲ့ အကြီးဆုံးသော တိုးချဲ့မှုက ရုရှား ဖြစ်ပါတယ်။
- The company has expanded by building a new factory in Poland.
ပိုလန်နိုင်ငံမှာ စက်ရုံအသစ် တည်ဆောက်ခြင်းဖြင့် ကုမ္ပဏီကို ချဲ့ထွင်ခဲ့ပါတယ်။

• break even (v) - အရင်းကျေသည်break even ကို အသုံးပြုတဲ့အခါ object လိုက်ရန်မလိုဘဲ ကံမလိုသော ကြိယာ (intransitive verb) အဖြစ် သုံးပြီး tense ပုံစံမှာ break, broke, broken ဖြစ်ပါတယ်။
- We should break even before the end of this year.
ဒီနှစ်မကုန်ခင် ကျွန်တော်တို့ အရင်းကျေသင့်တယ်။
- In the first year the company made a loss. In the second year they broke even. In the third year they made a profit.
ပထမနှစ်မှာ ကုမ္ပဏီက အရှုံးပေါ်ခဲ့တယ်၊ ဒုတိယ နှစ်မှာတော့ သူတို့ အရင်းကျေခဲ့တယ်၊ တတိယ နှစ်မှာတော့ သူတို့ အမြတ်ထွက်ခဲ့တယ်။

• target (n) - သတ်မှတ်ချက်၊ ရည်မှန်းချက်have a target; set a target; reach a target စသည့် ပုံစံများဖြင့် အသုံးပြုနိုင်ပါတယ်။
- The target of this advertising campaign is teenagers.
ကြော်ငြာလှုပ်ရှားမှု ရဲ့ ရည်မှန်းချက်က ဆယ်ကျော်သက်တွေ ဖြစ်ပါတယ်။
- We set a target of $2m for January.
ဇန်နဝါရီလအတွက် ကျွန်တော်တို့ ဒေါ်လာ ၂ မီလျံ သတ်မှတ်ပါတယ်။
- We didn’t reach our sales target last month.
ပြီးခဲ့တဲ့လက အရောင်းသတ်မှတ်ချက်ကို ကျွန်တော်တို့ မပြည့်မှီခဲ့ပါ။

• deal (n) - အရောင်းအဝယ် သဘောတူညီမှု- deal သည် ရေတွက်ရ နာမ် (countable noun) ဖြစ်ပြီး have a deal, sign a deal, do/make a deal (with someone) စတဲ့ ပုံစံများ နဲ့ သုံးနိုင်ပါတယ်။
- We signed a deal with a telecommunications company worth $5m.
ဒေါ်လာ ၅ မီလျံတန်ဖိုးရှိတဲ့ အရောင်းအဝယ်သဘောတူညီချက်ကို ဆက်သွယ်ရေးလုပ်ငန်း ကုမ္ပဏီနဲ့ ကျွန်တော်တို့ လက်မှတ်ရေးထိုးခဲ့ကြတယ်။
- We have a distribution deal with Sony starting next year.
နောက်နှစ်မှာ စတင်မယ့် ဖြန့်ချီရေးဆိုင်ရာ သဘောတူညီမှုကို ဆိုနီကုမ္ပဏီ နဲ့ ရရှိခဲ့ပါတယ်။
- They signed a three-year deal.
ကျွန်တော်တို့ သုံးနှစ်စာ အရောင်းအဝယ် သဘောတူညီမှု ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

• retailer (n) - လက်လီဖြန့်ချီသူretailer သည်လည်း ရေတွက်ရ နာမ် (countable noun) ဖြစ်ပြီး အများကိန်းအနေနဲ့ retailers လို့ သုံးနိုင်ပါတယ် ... ။ သူရဲ့ ဆန့်ကျင်ဖက် စကားလုံးကတော့ wholesaler ဖြစ်ပါတယ်။
- The biggest retailer in the world is Wal-Mart.
ကမ္ဘာပေါ်မှာ အကြီးဆုံးသော လက်လီဖြန့်ချီသူက ဝေါမတ်(ထ်) ဖြစ်ပါတယ်။
- I am an online mobile phone retailer.
ကျွန်တော်က အွန်လိုင်းမှာ မိုဘိုင်း(လ်)ဖုန်း လက်လီဖြန့်ချီသူ တစ်ယောက်ပါ။

“ လုပ်ငန်းခွင်မှာလိုအပ်သလိုအသုံးပြုနိုင်ကြပါစေ …… ”

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top