လုပ်ငန်းခွင်သုံး အင်္ဂလိပ်စကားလုံးများအနေနဲ့ ဒီတစ်ပတ်မှာတော့ ငွေပေး/ ငွေယူ နဲ့ ပတ်သက်တဲ့ စကားလုံး အသုံးအနှုန်းများကို ဆက်လက်ရေးသားလိုက်ပါတယ်။

·         issue (v) - တရားဝင်ထုတ်ပြန်သည်
-       The embassy issued my visa yesterday.
သံရုံးက ကျွန်တော့်ရဲ့ ပြည်ဝင်ခွင့်ကို မနေ့က တရားဝင်ထုတ်ပေးလိုက်တယ်။
-       They issued me with a visa.
သူတို၌ ကျွန်တော့်ကို ပြည်ဝင်ခွင့်ထုတ်ပေးခဲ့တယ်။
-       The police have issued a statement about the robbery.
ရဲက ဓါးပြအကြောင်းကို ထုတ်ပြန်ကြေငြာခဲ့တယ်။
-       All employees on the building site are issued with safety helmets.
တည်ဆောက်ရေး လုပ်ငန်းခွင်က ဝန်ထမ်းများ အားလုံးကို လုံခြုံစိတ်ချရတဲ့ ခေါင်းဆောင်း တွေကို ထုတ်ပေးတယ်။
ယခု ပုံစံသည် issue ကို verb ပုံစံဖြင့် အသုံးပြုထားတာပါ၊ preposition – with နဲ့တွဲသုံးတာကို သတိထားရပါမယ်။ issue ကို noun အနေနဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။
be issued with something; issue someone with something

·         due (adj) - ပေးဆပ်ရန်ရှိသော
-       The invoice is due tomorrow.
ဒီကုန်ပို့လွှာကို မနက်ဖြန် ပေးရမယ်။
-       The second payment is now due.
ဒုတိယအကြိမ် ပေးချေခြင်းကို ခု ပေးရမယ်။
-       Payment of the invoice is three weeks overdue.
ကုန်ပို့လွှာအတွက် ငွေးပေးချေတာ  (၃)ပတ် ကျော်နေပြီ။
to be overdue by a number of days/weeks, etc. စတဲ့ ပုံစံနဲ့ လည်း အသုံးပြုနိုင်ပါတယ်။

·         reminder (n) - သတိပေးချက်
-       If our customers are late in paying, we send them a reminder.
ကျွန်တော်တို့ ဖောက်သည်တွေက ပိုက်ဆံသွင်းဖို့ နောက်ကျရင် ကျွန်တော်တို့က သူတို့ကို သတိပေးချက် ပေးပို့ပါတယ်။
-       I received a reminder saying my rent is a month overdue.
ကျွန်တော့်ရဲ့ ငှားရမ်းမှုက တစ်လကျော်နေကြောင်း သတိပေးချက်ကို ကျွန်တော် လက်ခံရရှိခဲ့တယ်။

·         mortgage (v) - အပေါင်စာချုပ်
-       My mortgage is with a small bank.
ကျွန်တော့် အပေါင်စာချုပ်က ဘဏ်လေး တစ်ခုနဲ့ ချုပ်ထားတာပါ။
-       We have a twenty-year mortgage. 
ကျွန်တော်တို့မှာ နှစ်(၂၀) စာ အပေါင်စာချုပ် ရှိတယ်။ 
a mortgage of $80,000, a fifteen-year mortgage; pay off a mortgage စသည့်ပုံစံများနဲ့ လည်း အသုံးပြုနိုင်ပါတယ်။

·         interest (v) - အတိုး
-       The bank offers 2% interest on all current accounts.
စာရင်းရှင်အပ်ငွေအတွက် ဘဏ်က အတိုးနှုန်း ၂ % ပေးတယ်။
-       We have a small mortgage, but the interest is very high.
ကျွန်တော်တို့မှာ အပေါင်ပစ္စည်း သေးသေးလေးရှိတယ်၊ ဒါပေမယ့် အတိုးနှုန်းကတော့ တော်တော် မြင့်တယ်။
ရေတွက်မရနာမ်(uncountable noun) များနဲ့ တွဲသုံးပါတယ်။ high interest, low interest, 4% interest, pay interest on a loan

·         loan (n) - ချေးငွေ
-       The company needs a $5m loan to build a new factory.
ကုမ္ပဏီက စက်ရုံအသစ် တည်ဆောက်ဖို့အတွက် ချေးငွေ ဒေါ်လာ ၅ မီလျံ လိုအပ်တယ်။
-       I took out a loan with 5% interest.
ကျွန်တော်က ၅ % အတိုးနဲ့ ချေးငွေယူခဲ့တယ်။
a $20,000 loan; take out a loan; pay off a loan စသည့်ပုံစံများဖြင့် လည်းသုံးနိုင်ပါတယ်။

“ လုပ်ငန်းခွင်မှာ လိုအပ်သလို အသုံးပြုနိုင်ကြပါစေ …… ”

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top