လုပ်ငန်းခွင်သုံး အင်္ဂလိပ်စကားလုံးများအနေနဲ့ ဒီတစ်ပတ်မှာတော့ ကုမ္ပဏီလုပ်ငန်းနဲ့ ပတ်သက်တဲ့ စကားလုံး အသုံးအနှုန်းများကို ဆက်လက်ရေးသားလိုက်ပါတယ်။

• rise (v) - မြင့်တက်သည်၊

raise သည် ကံမလို ကြိယာ (intransitive verb) ဖြစ်သလို Tense ပြောင်းတဲ့ အခါ irregular verb ဖြစ်ပါတယ် ။ rise, rose, risen ဒါ့အပြင် something rises; prices rise; inflation rises;
rise from $80 to $90 = rise by $10 စတဲ့ ပုံစံများနဲ့ အသုံးပြုနိုင်ပါတယ် … ။

- Inflation is rising at the moment.
ငွေကြေးဖောင်းပွမှုက အခုချိန်မှာ မြင့်တက်လာတယ်။

- Inflation rose by half a per cent last month.
ပြီးခဲ့တဲ့ လက ရာခိုင်နှုန်းတစ်ဝက်လောက် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခဲ့တယ်။

- Oil prices have risen again.
ဆီဈေးက ထပ်ပြီး တက်ပြန်ပြီ။

• raise (v) - မြှင့်သည်၊ တိုးမြှင့်သည်။

raise ကို တိုးတက်သည်၊ တိုးမြှင့်သည် ဟုလည်း သုံးနိုင်ပြီး raise something; raise prices; raise tax; raise standards စသည့် ပုံစံများဖြင့် တွဲသုံးနိုင်သည်။

- The company has raised employees’ salaries by 5%.
ကုမ္ပဏီက ဝန်ထမ်းများရဲ့ လစာကို ၅% တိုးမြှင့်ပေးခဲ့တယ်။

- The Government raised taxes last year.
ပြီးခဲ့တဲ့ နှစ်မှာ အစိုးရက အခွန်အခများကို တိုးမြှင့်ခဲ့တယ်။

rise နဲ့ raise အသုံးကို ဖော်ပြပါ ဝါကျ (၂) ကြောင်းတွင် ယှဉ်တွဲ ကြည့်နိုင်ပါတယ် … ။

The company is raising the price.
ကုမ္ပဏီက ဈေးနှုန်းကို တိုးမြှင့်နေတယ်။

The price is rising.
ဈေးနှုန်းက မြင့်တက်နေတယ်။

• lower (v) - လျော့ကျသည်။ လျှော့ချသည်
lower ကို adjective အနေနေဖြင့် သုံးသော်လည်း ယခု ကြိယာ (verb) အနေဖြင့် သုံးသော် ပုံစံကို ဖော်ပြလိုက်ပါတယ်။ decrease, reduce စသည့် ကြိယာများဖြင့် အသုံးပုံစံတူပြီး lower something; lower tax; lower interest rates ပုံစံများဖြင့် သုံးပါတယ်။

- The National Bank has lowered interest rates by 1%.
အမျိုးသားဘဏ်က အတိုးနှုန်း ကို ၁ % လျှော့ချခဲ့တယ်။

- They have lowered the rate of income tax for married couples.
အိမ်ထောင်ပြုပြီး အတွဲတွေ အတွက် ဝင်ငွေခွန်နှုန်းထား ကို သူတို့ လျှော့ချပေးခဲ့တယ်။

• fall (v) - ကျဆင်းသည်
fall သည် ကံမလို ကြိယာ (intransitive verb) ဖြစ်သလို Tense ပြောင်းတဲ့ အခါ irregular verb ဖြစ်ပါတယ် ။ fall, fell, fallen ဒါ့အပြင် something falls; inflation falls; sales fall; turnover falls; demand falls; fall from $90 to $80 = fall by $10 စတဲ့ ပုံစံများနဲ့ အသုံးပြုနိုင်ပါတယ် … ။

- Our annual turnover has fallen from $15m to $14m.
ကျွန်တော်တို့ရဲ့ နှစ်ပတ်လည် ရောက်ရငွေစုစုပေါင်းက ၁၅ မီလျံဒေါ်လာ ကနေ ၁၄ မီလျံဒေါ်လာကို ကျဆင်းသွားတယ်။

- Unfortunately, demand for our products fell last year.
ကံမကောင်းစွာနဲ့ ကျွန်တော်တို့ ကုန်ပစ္စည်းတွေရဲ့ ဝယ်လိုအားက ပြီးခဲ့တဲ့နှစ်မှာ ကျဆင်းခဲ့တယ်။

• grow (v) - တိုးတက်သည်
grow သည်လည်း ကံမလို ကြိယာ (intransitive verb) ဖြစ်ပြီး something grows; demand grows, interest in something grows; profits grow; grow by 20% စတဲ့ ပုံစံများ နဲ့ တွဲသုံးနိုင်ပါတယ်။

- Last year profits grew by 8%.
ပြီးခဲ့တဲ့နှစ်က အမြတ်က ၈% တိုးခဲ့တယ်။

- Interest in e-books has grown a lot in the last few years.
ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အီးဘွက်(ခ်)များကို စိတ်ဝင်စားမှု အင်မတန် မြင့်တက်လာခဲ့တယ်။

“ လုပ်ငန်းခွင်မှာ လိုအပ်သလို အသုံးပြုနိုင်ကြပါစေ …… ”

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top