ယခုတစ်ပတ်တွင်
မိမိက လုပ်နိုင်သည်၊ မလုပ်နိုင်သည် အစရှိသည့် လုပ်နိုင်၊ တတ်နိုင်သော စွမ်းရည်များကို
ပြောရာတွင် အသုံးပြုသည့် အခြေခံစကားပြောပုံစံများကို ရေးသား လိုက်ပါသည်။
“Talking
about ability (မိမိ စွမ်းရည်အကြောင်းပြောခြင်း)”
·        
I
can't help you. I am busy.
ကျွန်တော် အလုပ်များနေလို့ မကူညီနိုင်ပါဘူးဗျာ။
·        
I'm
unable to help you. 
ကျွန်တော် ခင်ဗျားကို ကူညီဖို့ မတတ်နိုင်ဘူးဗျာ။
·        
When
I was young I was able to earn my living pretty well; I could work hard. Now I
can't. I'm too old.
ကျွန်တော် ငယ်ငယ်တုန်းကတော့ အလုပ်ကို
ကြိုးကြိုးစားစား ပြင်းပြင်းထန်ထန် လုပ်နိုင်တော့ ပိုက်ဆံ ကောင်းကောင်း ရှာနိုင်တယ်။
ခုအချိန်က အရမ်း အိုနေပြီဆိုတော့ မရှာနိုင်တော့ဘူး။
·        
I
can stand on my head for five minutes.
ကျွန်တော် ငါးမိနစ်လောက်တော့ ကင်းမြီးကောက်ထောင်ပြီး
နေနိုင်တယ်။
·        
Can
you speak English?
ခင်ဗျား အင်္ဂလိပ်လို ပြောနိုင်လား
…?
·        
Yes,
I can. 
ဟုတ်ကဲ့၊ ပြောနိုင်ပါတယ်။
        အဆိုပါ ပုံစံများကို Tense (ကာလ) အပေါ်တွင် မူတည်ကာ ဖော်ပြပါ
အတိုင်း ပြောင်းလဲကာ  အသုံးပြု နိုင်ပါသည်။
Present Tense (ပစ္စပ္ပုန် ကာလ)
·        
I can speak good English.
ကျွန်တော် အင်္ဂလိပ်လို ကောင်းကောင်း ပြောနိုင်တယ်။
·        
I can't stand on my head.
ကျွန်တော် ကင်းမြီးကောက်ထောင်
နေနိုင်တယ်။
Past Tense (အတိတ်
ကာလ)
·        
I was unable to visit him.
ကျွန်တော် သူ့ဆီကို သွားလည် နိုင်ခဲ့တယ်။
·        
I couldn't eat at all when I was
ill.
ကျွန်တော် နေမကောင်းဖြစ်တုန်းက ဘာမှကို မစားနိုင်ခဲ့ဘူး။
Future Tense (အနာဂတ် ကာလ)
·        
I will be able to buy a house when I
get a good job.
ကျွန်တော် အလုပ်ကောင်းကောင်း ရတဲ့အခါ အိမ်တစ်လုံးတော့
ဝယ်နိုင်လိမ့်မယ်။
          သတိထားရမည့် အချက်တစ်ချက်မှာ “Can” နောက်ကလိုက်သော
ကြိယာ (verb) သည် to မပါသော infinitive ပုံစံဖြစ်ပါသည်။ ဥပမာ -
·        
I
can ride my bike and I can drive a car, but I can't drive a lorry. 
ကျွန်တော်က စက်ဘီးလည်း စီးတတ်တယ်၊
ကားလည်းမောင်းတတ်တယ်၊ ဒါပေမယ့် လော်ရီကားကြီးတော့ မမောင်းတတ်ပါ။
v  “Can” ကို Past Tense (အတိတ် ကာလ)
ပုံစံဖြင့်သုံးသောအခါ “Could” သို့မဟုတ် “was able to” စသည်ဖြင့် သုံးနိုင်ပါသည်.
·        
When
I was young I was able to
earn my living pretty well; I could
work hard. Now I can't. I'm too old.
ကျွန်တော် ငယ်ငယ်တုန်းကတော့ အလုပ်ကို
ကြိုးကြိုးစားစား ပြင်းပြင်းထန်ထန် လုပ်နိုင်တော့ ပိုက်ဆံကို ကောင်းကောင်း ရှာနိုင်တယ်။
ခုတော့ အရမ်း အိုနေပြီဆိုတော့ မရှာနိုင်တော့ဘူး။
v  “Can” ကို Future Tense (အနာဂတ် ကာလ)
ပုံစံဖြင့်သုံးသောအခါ will  be able to ကို
သုံးနိုင် ပါသည်။
- When I finish my studies, I
     will be able to find a job.
ကျွန်တော် ကျောင်းပြီးရင်တော့ အလုပ်တစ်ခု လောက်တော့
ရှာနိုင်လိမ့်မယ်။
“အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း အင်္ဂလိပ်စာအရည်အသွေး တိုးတက်ပါစေ …………………”
အောင်ကိုဦး(UMK)
Be the Best !

0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....