ယခုတစ်ပတ်တွင်
ခွင်ပြုချက်တောင်းခံခြင်း၊ တစ်ခုခုကို လုပ်ဆောင်ရန် ခွင့်ပြုခြင်း စသည့် အခြေခံစကားပြော
ပုံစံများကို ရေးသား လိုက်ပါသည်။
“Asking
for and giving permission: ခွင့်ပြုချက်တောင်းခံခြင်း နှင့် ခွင့်ပြုခြင်း”
          တစ်စုံတစ်ယောက် ပိုင်ဆိုင်သော ပစ္စည်းများကို
အသုံးပြုရန်ဖြစ်စေ၊ တစ်ခုခု ပြုလုပ်လို၍ ဖြစ်စေ ခွင်ပြုချက်တောင်းခံသည့် အခါ ယဉ်ကျေးသိမ်မွေ့စွာ
ပြောဆိုသုံးနှုန်းရပါမည်။ မပါမဖြစ် ပြောရသော စကားမှာ အားလုံး သိကြသည့်အတိုင်း  “Please” ဖြစ်ပါသည်။ အောက်ပါ စကားပြောပုံစံများကို
ခွင့်ပြုချက်တောင်းခံရာတွင် အသုံးပြုနိုင်ပါသည်။
•     
Can
I go out, please?`
ကျေးဇူးပြုပြီး
ကျွန်တော် အပြင်ထွက်လို့ ရမလား ခင်ဗျာ
•     
May
I open the window, please?
ကျေးဇူးပြုပြီး
ပြတင်းပေါက် ဖွင့်ပါရစေ
•     
Please,
can I have a look at your photo album?
ကျေးဇူးပြုပြီး
ခင်ဗျားရဲ့ ဓါတ်ပုံ အလ်ဘမ် ကြည့်လို့ရမလား
•     
Please,
may I taste that dish?
ကျေးဇူးပြုပြီး
ဒီဟင်းကို မြည်းကြည့်ပါရစေ
•     
Do
you mind if I smoke? 
ကျွန်တော်
ဆေးလိပ်သောက်ရင် ခင်ဗျား အဆင်ပြေပါ့မလား
•     
Would
you mind if I asked you something?
စိတ်မရှိဘူးဆိုရင်
ခင်ဗျားကို တစ်ခုခုလောက် မေးလို့ အဆင်ပြေမလား
•     
Is
it okay if I sit here? 
ကျွန်တော်
ဒီမှာ ထိုင်ရင် ခင်ဗျား အဆင်ပြေပါ့မလား
•     
Would
it be all right if I borrowed your mobile Phone?
ခင်ဗျား
လက်ကိုင်ဖုံးကို ခဏလောက် ငှားလို့ အဆင်ပြေမလား
တစ်စုံတစ်ယောက်ကို
တစ်ခုခု လုပ်ရန်အတွက် ခွင့်ပြုကြောင်း ပြောလိုလျှင် အောက်ပါ စကားပြော ပုံစံများကို
အသုံးပြုနိုင်ပါသည်။
·        
Yes,
please do.
ဟုတ်ကဲ့၊ လုပ်ပါ။
·        
Sure,
go ahead.
ရပါတယ်၊ လုပ်ပါ။
·        
Sure.
ရပါတယ်
·        
No
problem.
ကိစ္စမရှိပါဘူး
·        
Please
feel free. 
အဆင်ပြေသလို လုပ်ပါ။
·        
Of
course
ရပါတယ်။
·        
Certainly
ရပါတယ်။
တစ်စုံတစ်ယောက်ကို
တစ်ခုခု လုပ်ရန်အတွက် ခွင့်မပြုလိုသောအခါ အောက်ပါ စကားပြော ပုံစံများကို အသုံးပြုနိုင်ပါသည်။
·        
No,
please don’t.
ဟင့်အင်း၊ ကျေးဇူးပြုပြီး မရလို့ပါဗျာ
·        
I’m
sorry, but that’s not possible.
စိတ်တော့မကောင်းပါဘူး ၊ ဒါပေမယ့် လုပ်လို့
အဆင်ပြေမှာ မဟုတ်ဘူး
·        
I'm
afraid, but you can't. 
အားတော့နာတယ်၊ ဒါပေမယ့် ခင်ဗျားလုပ်ဖို့
အဆင်မပြေဘူးဗျာ …
          ခွင့်ပြုချက်တောင်းခံခြင်း၊ ခွင့်ပြုခြင်း၊
ငြင်းဆန်ခြင်း ပုံစံ (၃) မျိုးလုံး ပါဝင်သည့် စကားပြော ပုံစံတစ်ခုကို နမူနာ ဖော်ပြလိုက်ပါသည်။
Merry            : Please mum, can I use the
computer? 
                     မေမေ၊ ကျေးဇူးပြုပြီး သမီး ကွန်ပျူတာ သုံးလို့ ရမလား
Her mother    : No, dear you can't. It's time to go to
bed.
                     မရတော့ဘူးနော် သမီး၊ အိပ်ချိန်ရောက်နေပြီ ။
Merry            : May I read a story before I sleep?
                     မအိမ်ခင် ဇာတ်လမ်းလေး ဖတ်ပါရစေနော်
Her mother    : Sure! But try to sleep early.
                     ရပါတယ်၊ ဖတ်ပါ၊ ဒါပေမယ့် စောစော အိပ်ပျော်အောင်
အိပ်နော် …
Merry            : Thanks a lot mummy.
                     ကျေးဇူးပဲ မေမေ
“အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း အင်္ဂလိပ်စာအရည်အသွေး တိုးတက်ပါစေ …………………”
အောင်ကိုဦး(UMK)
Be the Best !

0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....