လုပ်ငန်းခွင်သုံး အင်္ဂလိပ်စကားလုံးများအနေနဲ့ ဒီတစ်ပတ်မှာလည်း အသုံးများတဲ့ စကားလုံး အသုံးအနှုန်းအချို့ ကို ရေးသားလိုက်ပါတယ်။

·         competition (v) - ယှဉ်ပြိုင်ခြင်း
-       We face tough competition, but our product has some important advantages.
ကျွန်တော်တို့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုနဲ့ ရင်ဆိုင်တွေ့ရပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ရဲက ကုန်ပစ္စည်းဟာ အရေးကြီးတဲ့ အကျိုးအမြတ်တွေ ရရှိပါတယ်။
-       There's a lot of competition  between  computer companies.
ကွန်ပျူတာကုမ္ပဏီတွေကြားမှာ ပြိုင်ဆိုင်မှုက အရမ်းကို များပါတယ်။

·         consumption (n) – သုံးစွဲမှု
-       Although prices have fallen, overall consumption is higher, so we can still make money.
ဈေးနှုန်းတွေ ကျဆင်းခဲ့ပေမယ့် အားလုံး သုံးစွဲမှုပဏက မြင့်မားနေတဲ့အတွက် ကျွန်တော်တို့ ပိုက်ဆံ ရှာနိုင်ပါသေးတယ်။
-       We need to cut down on our fuel consumption by having fewer cars on the road.
လမ်းပေါ်မှာ ကားတွေ လျှော့ချခြင်းဖြင့် ကျွန်တော်တို့ရဲ့ လောင်စာသုံးစွဲမှု ကို လျှော့ချဖို့လိုအပ်တယ်။

·         credit (n) - အကြွေးအငမ်းခွင့်ပြုသည့် ကာလ
-       You can buy this product on credit. The payment will be due in 90 days.
ဒီကုန်ပစ္စည်းကို ခင်ဗျား အကြွေးဝယ်နိုင်ပါတယ်၊ ပိုက်ဆံကတော့ ရက် ၉၀ အတွင်း ပေးချေ ရပါလိမ့်မယ်။
-       We dont give credit at this shop
ဤဆိုင်တွင် အကြွေးမရောင်းပါ။

·         currency (n) - ငွေကြေး
-       If you exchange currency in the airport, you'll pay a large commission. Go to a bank instead.
ခင်ဗျား လေဆိပ်မှာ ငွေလဲမယ်ဆိုရင်တော့ကော်မရှင်အများကြီးပေးရလိမ့်မယ်။ ဘဏ်ကို သွားလိုက်ပါ။

·        deadline (n ) - လုပ်ငန်းတစ်ခု ပြီးစီးရန် သတ်မှတ်ထားသော အချိန်၊ နေ့ရက်
-       We have to finish this by Friday. That's the final deadline.
ကျွန်တော်တို့ ဒီသောကြာနေ့ အပြီးလုပ်ရမယ်၊ ဒါ နောက်ဆုံးသတ်မှတ်ထားတဲ့ နေ့ပဲ။
-       Monday is the deadline for handing in this report.
ဒီ အစီရင်ခံစာကို တနင်္လာနေ့မှာ အပြီးအပြတ် ရေးတင်ရမယ်။

·         demand (n) – ဝယ်လိုအား
-       Until demand increases, we won't sell many of our most expensive products.
ဝယ်လိုအားက မြင့်တက်နေသည့်တိုင်အောင် ကျွန်တော်တို့ ဈေးကြီးတဲ့ ထုတ်ကုန်ပစ္စည်းတွေကို အများကြီး ရောင်းနိုင်လိမ့်မယ် မဟုတ်ပါ။
-       There is no demand for books of this kind.
ဒီလို စာအုပ်မျိုးတွေက အဝယ်မလိုက်ဘူး။

·         discount (n) - လျှော့ငွေ
-       If you buy more than 100 of these, we will give you a 10% discount.
ခင်ဗျား ဒါတွေကို ၁၀၀ ထက်ပိုဝယ်ရင် ကျွန်တော်တို့က ၁၀ % လျှော့ပေးပါမယ်။
-       He gave me a discount of 20%.
သူက ကျွန်တော့်ကို ၂၀ % လျှော့ပေးပါတယ်။

·         distribution (n) - ဖြန့်ချီရေး၊ ဖြန့်ချီမှု
-       Our distribution system needs to be improved if we are to meet increased demand.
ဝယ်လိုအား မြင့်တက်လာဖို့အတွက် ကျွန်တော်တို့ရဲ့ ဖြန့်ချီရေး စနစ်ကို တိုးမြှင့်ဖို့ လိုအပ်ပါတယ်။
-       Our company practices the door to door distribution system.
ကျွန်တော်တို့ ကုမ္ပဏီက အိမ်တိုင်ရာရောက် ဖြန့်ချီရေး စနစ်ကို ကျင့်သုံးပါတယ်။

·         diversify (v) - အမျိုးမျိုး အဖုံဖုံ တိုးချဲ့လုပ်ကိုင်သည်။
-       If we diversify, we can make more money.
ကျွန်တော်တို့ အမျိုးမျိုး အဖုံဖုံ တို့ချဲ့လုပ်ကိုင်နိုင်ရင် ကျွန်တော်တို့ ပိုက်ဆံကို ပိုပြီး ရှာနိုင်မယ်။
 “ လုပ်ငန်းခွင်မှာ လိုအပ်သလို အသုံးပြုနိုင်ကြပါစေ …… ”

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top